Saturday, October 27, 2012

စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသည် ဒဏ်ရာရ လူနာများစာရင်း

Posted by drmyochit Saturday, October 27, 2012, under | No comments



ဘင်္ဂလီ- မြန်မာ အရေး အခင်းတွင် ဒဏ်ရာ အပြင်း အထန် ရရှိပြီး စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသည် ဒဏ်ရာရ လူနာများ။ Eleven Media Group ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ထုတ်ပြန်ချက်
-----------------------------------------------------
ရခိုင် ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွား လာသော ပဋိပက္ခ များကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသော စာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာ ရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင် မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီး ခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရအဖွဲ့ သတင်း ထုတ်ပြန် ရေးနှင့် မှတ်တမ်း ပြုစုရေး ဆပ်ကော် မတီ အတွင်း ရေးမှူး ဦးဝင်းမြိုင်က Eleven Media Group သို့ အောက်တို ဘာလ ၂၆ ရက်နေ့ ပြောကြား ခဲ့သည်။



တူမီး သေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီ တို့ထံ မှလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ ဖြစ်စဉ် တစ်လျှောက် လုံးတွင် ဓား၊ လှံ၊ လက် နက် များလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ အခု လက်ရှိ ဖြစ်ပေါ် နိုင်ခြေ ရှိသည်ဟု ယူဆ ရသည့် ကျေးလက် ဒေသများ တွင်လည်း လုံခြုံရေး အပြည့်အ၀ ပေးထား ကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွား စေရေး အတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ ၀င်များနှင့် ညိနှိုင်း ဆောင်ရွက် နေကြောင်း၊ ပေါက်တော မြို့နယ်နှင့် ကျောက်ဖြူ မြို့နယ် များတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကြောင့် ထွက်ပြေး လာခဲ့သည့် ဘင်္ဂါ လီများကို မောင် တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံ အဖွဲ့ အစည်း များနှင့် အစိုးရ အဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆွေးနွေး
လျက်ရှိ ကြောင်း၊ အဆိုပါ ဘင်္ဂါလီ အရေ အတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က ဆက်လက် ပြောကြား ခဲ့သည်။

Ref: EMG



စံရှား ၊ (ဘ) ဦးကျော် လှဦး ၊ အသက် - ၄၅ နှစ်၊ သာစည် ကျေးရွာ၊ ကျောက်တော် မြို့နယ်။


ထွန်းထွန်း၊ (ဘ) ဦးစိန်လှထွန်း၊ အသက် -၁၆ နှစ်၊ သာစည်ကျေးရွာ၊ ကျောက်တော်မြို့နယ်


သန်းရွှေမောင်၊ (ဘ) ဦးအောင်စိန်ထွန်း၊  ပိုက်သည်ရပ်ကွက်၊ ကျောက်တော်မြို့။

 

ကိုထွန်းယိုင်၊ (ဘ) ဦးမောင်သာ၊ အသက် - ၃၁ နှစ်၊ရွှေပြည်သာရပ်ကွက်၊ ကျောက်တော်မြို့နယ်


 လုံးချေ၊ (ဘ) ဦးမဲလူ၊ အသက်- ၁၉နှစ် ၊ ဆားပြင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်