Saturday, October 27, 2012

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စ

Posted by drmyochit Saturday, October 27, 2012, under | No comments


 From :Hmuu Zaw

၁။ နိုင်ငံတော် သမ္မတ ကြီးသည် နိုင်ငံတော် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင် ခဲ့စဉ်က နာဂစ် မုန်တိုင်း ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို အနီးကပ် ကြီးကြပ် တာဝန်ယူ ဆောင်ရွက် ခဲ့သူ ဖြစ်ပါသည်။ 

၂။ ပဋိပက္ခနှင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူ များ၏ ဝိုင်းဝန်း ကူညီ ထောက်ပံ့ မှုများ အဓိက ကျသလို နိုင်ငံ တကာမှ လူသားချင်း စာနာ ထောက်ထားမှု ထောက်ပံ့ ကူညီမှု များသည်လည်း တစ်တပ် တစ်အား ဖြစ်ကြောင်း သိရှိ ထားပါသည်။ ဆိုလို သည်မှာ ပြည့်အင် အားသည် ပြည်တွင်း မှာသာ ရှိသည် ဟု ခံယူ ထားသလို ပြည်ပမှ အပြု သဘော ထောက်ပံ့မှု သည်လည်း အကျိုး ရှိသည် ဟူသော သဘော ဖြစ်ပါသည်။ 
၃။ရခိုင် အရေး ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံ တကာ အသိုင်း အဝိုင်း အားလည်း လူသားချင်း စာနာ ထောက်ထား မှုဖြင့် ပေးအပ်သော ထောက်ပံ့ ကူညီမှု များကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော် လည်း လူမျိုး ဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ် စေလိုကြောင်း အတိ အလင်း ထုတ်ဖော် ပြောကြား ထားပါ သည်။
 ၄။ နိုင်ငံတကာ တွင်လည်း ထိုကဲ့ သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ် လာခဲ့ပါက ဝိုင်းဝန်း ကူညီ ကြသည့် သဘော သဘာဝ ရှိသလို မြန်မာ နိုင်ငံ သည်လည်း ကမ္ဘာ့ မိသားစု ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ လိုက်လျော ညီထွေ ဆောင်ရွက် ရပါသည်။ အထူး သဖြင့် ယခုကဲ့သို့ နိုင်ငံတကာ ဆက်သွယ် ဆက်ဆံ မှုများ ပိုမို ကျယ်ပြန့် လာနေသည့် အချိန် အခါ မျိုးတွင် ပိုမို၍ အလေး ထားရန် လိုအပ် ပါသည်။ 

၅။ သို့ပါ၍ လက်ရှိ အခြေ အနေတွင် နိုင်ငံတော် အစိုးရ၏ အမျိုးသား ရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု (၂)ခု စလုံးကို ချိန်ဆ ဆောင်ရွက် နေရသည့် အခြေ အနေ များကို သိမြင် နားလည် ကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။ 




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်