Saturday, October 27, 2012

သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်း သတင်းထောက်များရဲ့ ပထမဆုံး တွေ့ဆုံခြင်း (၂)

Posted by drmyochit Saturday, October 27, 2012, under | No comments


From : မေသင်္ကြန် ဟိန်(မြစ်မခ)

ဆက်ပြီး မေးမြန်း ခွင့်ရရှိတဲ့ သတင်း ဂျာနယ် ကတော့ ပြည်မြန်မာ ဖြစ်ပါတယ်။ ကျမ နေရာက နောက်ဘက် နားကျတဲ့ အတွက် မေးမြန်းသူ တွေရဲ့ အသံ တွေကို မကြား ရပါဘူး။ မိုက်နဲ့ ပြောတဲ့ သမ္မတ ကြီးရဲ့ အသံ ကိုတော့ ကြားရ ပေမဲ့ အခန်းရဲ့ အနေ အထားကြောင့်  အသံ လုံးထွေး နေတာ မျိုးလည်း ရှိပါတယ်။ အသံဖမ်း စက်နဲ့ အသံ ဖမ်းယူ ထားပေမဲ့ အဆင် မပြေ လှပါဘူး။

ပြည်မြန်မာ ဂျာနယ်က ၀န်ထမ်း တွေရဲ့ လာဘ်ပေး လာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းကြောင်း သိရ ပါတယ်။

`အခြေ အနေ မှန်ကို ကျွန်တော်တို့ သိပါ သလား ဆိုတော့။ သိသင့် သိထိုက်တဲ့ ဟာတွေလည်း ကျွန်တော်တို့ သိပါတယ်။  မသိတာ တွေလည်း ကျွန်တော်တို့ ရှိမှာပါ။ ဒါကို အမှန် အတိုင်း ကျွန်တော်တို့ ပြောတာ ဖြစ်ပါတယ်။ စောစောက ခုနကလို ခြစား မှုတွေ၊ လာဘ်ပေး လာဘ်ယူ မှုတွေ။ ဒါတွေက အစိုးရ အဖွဲ့ထဲ တင်ရှိတာ မဟုတ် ပါဘူး။ ကျန်တဲ့ အလွှာ တွေမှာလည်း  ရှိနေတာ ဖြစ်ပါတယ်။ ဒါတွေက ချက်ချင်း လက်ငင်း။ ဟုတ်လား ကျွန်တော်တို့။  ဥုံဖွ  ပြီးစေ ဆိုပြီး လုပ်လို့ မရပါဘူး။ မန်းမှုတ် ပြီးတော့  လုပ်လို့ မရပါဘူး။ အချိန် ယူပြီးတော့ ဒါ ကျွန်တော်တို့ ပြင်ရ မှာဖြစ် ပါတယ်။ အချိန်ယူ ပြင်ရမယ့် အပိုင်းမှာ  ပထမ ပိုင်းက ခုန ကလို အသိ ပညာပိုင်းနဲ့ ကျွန်တော်တို့ ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ကလည်း  စားဝတ် နေရေး အပိုင်းတွေ အဆင် ပြေအောင် ကျွန်တော်တို့ ဒါလုပ်ပေး ရမှာ ဖြစ်ပါတယ်`


 `အူမ မတောင့် ဘဲနဲ့ သီလ မစောင့်နိုင် ဘူးဆိုတာ ရှိပါတယ်။ အဲ့ဒီတော့ စားဝတ် နေရေးတွေ အဆင် ပြေအောင် ကျွန်တော်တို့  လုပ်ပေး ရမယ်။ တစ်ခါ စားဝတ် နေရေး တွေအဆင် ပြေအောင် လုပ်ပေးဖို့ အတွက်  တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဒါတွေ ကျွန်တော်တို့ လုပ်ရပါမယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာတာ နဲ့အမျှ လူတွေက ခုနကလို စားနိုင်တယ်။ နေနိုင်တယ်။ ၀တ်နိုင်တယ်။ ဘယ်သူ့ ဆီကမှ လက်ဖြန့် ပြီးတော့ တောင်းနေစရာ မလိုဘူး ဆိုရင် စောစောက ဒါတွေ ဟာလည်း တဖြည်း ဖြည်းနဲ့ လျော့နည်း သွားမှာ ဖြစ်ပါတယ်။ ချက်ချင်းတော့ ပပျောက်အောင် လုပ်ဖို့က ကျွန်တော် တင်မဟုတ် ပါဘူး။  လုပ်နိုင်တဲ့ လူဆို ရင်လည်း ခုနကလို လာပြီးတော့ လုပ်စေချင် ပါတယ်။ မရနိုင် သေးပါဘူး။ ဒါပကတိ အမှန် တရား ပဲဖြစ် ပါတယ်။  နောက်တစ်ခုက မြေယာတွေ သိမ်းတယ်၊ ပြုတယ်၊ ဘာညာ ဒီကိစ္စ ကတော့ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့  အစိုးရ လက်ထက်မှာ မြေတစ်ကွက်မှ ကျွန်တော်တို့ သိမ်းတာ မရှိပါဘူး။ ဒါအရင် တုန်းက ပြဿနာပါ။ အဲဒီတော့ ဒီပြဿနာတွေ ဖြေရှင်းဖို့ အတွက် ကလည်း ကျွန်တော်တို့မှာ မခတ်ပါဘူး။ ဥပဒေ ကျွန်တော်တို့ ရှိပါတယ်။ ခုနကလို ဥပဒေ ရှိပါတယ်။ အဲဒီတော့ သိမ်းတဲ့ သူရယ်၊ အသိမ်းခံ ရတဲ့သူရယ်၊ ဥပဒေရယ်၊ တရားရုံးရယ်။ အဲဒီတော့ ဒီလေးယောက် ဖြေရှင်း လိုက်လို့ ရှိရင် အဲဒီပြ ဿနာက ပြေလည် သွားမှာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဂျာနယ်က ဆက်ပြီး မေးမြန်းခွင့် ရခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။
`အမေရိကန်ခရီးစဉ်က  ရရှိတဲ့  အကျိုးရလဒ်အနေနဲ့  ဘာတွေရခဲ့သလဲဆိုရင် တစ်အချက်  ကျွန်တော် တို့နိုင်ငံရဲ့  ပြုပြင် ပြောင်းလဲတဲ့ လုပ်ငန်း တွေကို ကမ္ဘာကို အသိပေး နိုင်တဲ့ အကျိုးရလဒ် ရပါတယ်။ တစ်ကမ္ဘာ လုံးကလည်း ၀ိုင်းပြီးတော့  အသိ အမှတ်ပြုတဲ့ အနေအထား ရရှိခဲ့ ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပို့ကုန်တွေ အပေါ်မှာ  အမေရိကန် နိုင်ငံက  ကင်းလွတ် ခွင့်ပေး တော့မယ်၊ ပို့ကုန် တွေကို လက်ခံတော့ မယ်ဆိုတဲ့ စီးပွားရေး အမြတ် အစွန်း တစ်ခုလည်း ရခဲ့ပါတယ်။ နောက် တစ်ခုက အမေရိကန်ရောက် မြန်မာ တိုင်းသား တွေနဲ့ ရင်းရင်း နှီးနှီး တွေ့ဆုံ ခွင့်ရပြီး သူတို့လည်း အင်မတန် ၀မ်းသာ အားရ ဖြစ်ပြီးတော့ ကိုယ့်နိုင်ငံ အပေါ်မှာ တတ်နိုင် သမျှ အကူ အညီတွေ စွမ်းအား ရှိသလောက် ပေးချင်ပါ ဆိုတဲ့ ကတိ က၀တ်တွေ ရခဲ့ပါတယ်။ နောင်တစ်ခါ စီးပွားရေး အခွင့် အလမ်း တွေကို ရှင်းပြ နိုင်တဲ့ အတွက်ကြောင့်  စီးပွားရေး အဖွဲ့ အစည်း တွေက မြန်မာ နိုင်ငံမှာ မကြာခင်မှာ  ရင်းနှီး မြှုပ်နှံ ကြလိမ့် မယ်လို့  မျှော်လင့် ပါတယ်`

ဆက်လက်ပြီး သမ္မတကြီးက  မိမိတို့ တိုင်းပြည် စီးပွားရေးနှင့် ပတ်သက်၍ ပြည်ပ နိုင်ငံ အဖွဲ့ အစည်း များမှ တားဆီး ပိတ်ဆို့ မှုများ စီးပွားရေး အရ ပိတ်ဆို့ မှုများ ငွေကြေးနှင့် ပတ်သက်ပြီး အခက် အခဲဖြစ်အောင် ဆောင်ရွက် ချက်များ လျော့နည်း သွားသည နှင့်အမျှ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ အလျင် အမြန် ၀င်ရောက် လာမည် ဖြစ်ကြောင်း  ထိုသို့ ၀င်ရောက် လာပါက အလုပ် အကိုင် အခွင့် အလမ်း များများ ရနိုင်သည့်  စက်ရုံ အလုပ်ရုံများ အရင်ဆုံး ရင်းနှီး လာကြဖို့ ကြိုးစား လုပ်ဆောင် နေပါကြောင်း ထိုသို့ အလုပ်ရုံ၊ စက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံ လာသည် နှင့်အမျှ နိုင်ငံတော်၏ ထွက်ကုန် သယံ ဇာတ များကို ကုန်ကြမ်း အတိုင်း ရောင်းချ နေရခြင်း မဟုတ်တော့ဘဲ တန်းဖိုးမြင့် ထုန်ကုန် များဖြစ်အောင် ထုတ်လုပ် ရောင်းချ သွားနိုင် မည်ဖြစ် ကြောင်း ဒါကြောင့် သဘာဝ ထုတ်ကုန် တွေကို တန်းဖိုး မြှင့်တဲ့ ထုတ်ကုန် တွေဖြစ် အောင်လုပ်ရန် စက်ရုံ၊ အလုပ်ရုံတွေ Value Added ဖြစ်အောင် တည်ဆောက်ရန် လိုအပ်ကြောင်း ဥပမာ အနေဖြင့် ရော်ဘာကို ကုန်ကြမ်း raw အတိုင်း ရောင်းချ ရသည့် အတွက် ဈေးကောင်း မရကြောင်း ရော်ဘာ များကို Down Stream အနေဖြင့် တာယာ စက်ရုံ ကဲ့သို့ တည်ဆောက်ပြီး ကုန်ချော ထုတ်လုပ် မည်ဆိုလျှင် ထုတ်ကုန် တွေဟာလဲ တန်ဖိုးမြှင့် တက်သွားမှာ ဖြစ်သည့် အပြင် အလုပ် အကိုင် တွေအဖြစ် တိုးပွား ရရှိလာ နိုင်သည်။ ရော်ဘာ စိုက်ခင်း တွေလဲ တိုးတက် ပေါ်ထွန်း လာမည် ဖြစ်ကြောင်း ပြောဆို ပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံ သားများ အနေနဲ့ အခြား တိုင်းပြည် တွေမှာ သွားရောက်ပြီး ရော်ဘာ စိုက်နေ မည့်အစား ကိုယ့် တိုင်းပြည် မှာပဲ ပြန်ပြီး အိုးမခွာ အိမ်မခွာ အလုပ်လုပ်မှာ ဖြစ်ကြောင်း ကိုယ့်တိုင်းပြည်က ရော်ဘာ စက်ရုံ၊ တာယာ စက်ရုံတွေ တည်နိုင်ပြီး ဆိုလို့ ရှိရင် ပြည်ပမှ တင်သွင်း ရတာထက် စာရင် အများကြီး သက်သာမှာ ဖြစ်ကြောင်း ထိုပြင် ပြည်တွင်း မှာသုံးလို့ ပိုတယ် ဆိုရင် ပြည်ပ သို့ပင် ထုတ်ရောင်း လို့ရနိုင် မည်ဖြစ်ကြောင်း မိမိထုတ် ကုန်ပစ္စည်း အပေါ် Value Added လုပ်နိုင်မယ့် အသေးစား စက်ရုံတွေ အများကြီး လိုအပ်ကြောင်း သစ်ဆို လို့ရှိ ရင်လည်း  ရော်ဘာ ကဲသို့ပင် ဖြစ်ကြောင်း ကျွန်း သစ်ဟာ ကမ္ဘာမှာ တန်ဖိုး အရှိဆုံး သစ်ဖြစ်ကြောင်း ကျွန်းသစ်လောက် မကောင်းသည့် ထင်းရှုးသား လို့သစ်မျိုး တောင်မှ  Value Added လုပ်လိုက်လျှင် တန်ဖိုးမြှင့် လာကြောင်း နောက်တစ်ခုကမ အကြီးစား စက်မှု စက်ရုံတွေ Heavy Industry ထူထောင်ဖို့ IT နှင့် Telecommunictation ပညာရပ်တွေ အသုံးချ နိုင်မှုဟာ ကျေးလက်တွေ အဆင့်ထိ ပျံ့နှံ့လွှမ်းခြုံ သွားနိုင်အောင် လုပ်ဆောင် သွားဖို့ လိုအပ်ကြောင်း ပညာရေး သည် အဆိုပါ လုပ်ငန်း များကို ဦးတည်ပြီး သင်ကြား ပေးသည့် ပညာရေး ဖြစ်ရန် လိုကြောင်း ဘွဲ့ရပြီး သည့်နှင့် အလုပ်ရုံ စက်ရုံ ထဲကို တန်ပြီး ၀င်သွားပြီး  လုပ်ငန်းတွေ လုပ်ကိုင် နိုင်တဲ့ ပညာရေးမျိုး ဖြစ်ရန် လိုကြောင်း လက်တွေ့ ကျသည့် ပညာရေးမျိုး ဖြစ်အောင် မိမိတို့ စီမံကိန်းများ ချမှတ်ပြီး လုပ်ဆောင် နေကြောင်း ပြောဆိုပါတယ်။
သမ္မတကြီးက မေးခွန်းတိုင်းကို အဖြေ စကား အရှည်ကြီး ရှုင်းပြ ပြောဆို တတ်တဲ့ အတွက် ကျမတို့လို နောက်ဆုံးမှ မေးမြန်း ခွင့်ရမဲ့ အွန်လိုင်း မီဒီယာတွေ အနေနဲ့ အချိန်မှ ရပါ့မလား၊ ကျမတို့ အလှည့် မရောက်ခင် ၄ နာရီ ထိုးသွား မလား ဆိုပြီးတော့လည်း အချိန်ကို ချိန်ဆ မိပါတယ်။

ဆက်လျက်ပြီးတော့ အေအဖက်ပီ သတင်းဋ္ဌာနက ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

``ကျွန်တော်တို့ အစိုးရ တက်လာပြီး တဲ့နောက် ပိုင်းတွင် အောင်မြင်မှု တွေလည်း ရှိပါတယ်။ နောက်တစ်ခါ အခက် အခဲတွေ စိန်ခေါ်မှု တွေ ဒါတွေလည်း ရှိပါတယ်။ အခက် အခဲတွေ စိန်ခေါ်မှု တွေထဲ ကမှ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခက် အခဲ စိန်ခေါ်မှု ကတော့ ဒီရ ခိုင်ပြည်နယ် အရေး ကိစ္စပဲ ဖြစ်ပါတယ်။ ကမ္ဘာက တချို့လည်း  ကျွန်တော်တို့ အပေါ်မှာ  နားလည် မှုတွေ၊ စာနာမှု တွေရှိ ပါတယ်။ တချို့လည်း ဖြစ်ရပ် မှန်တွေကို  အမှား ဖြစ်အောင် လုပ်ကြံ ဖန်တီး ပြီးတော့ စွပ်စွဲ တာတွေ၊ ကမ္ဘာ့ အလယ်မှာ မျက်နှာ ပျက်အောင် လုပ်တာတွေ ဒါမျိုး တွေလည်း ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့ နေရ ပါတယ်။ အဲဒီတော့ လူ့အဖွဲ့ အစည်း နှစ်ခုပေါ့။ လူ့အဖွဲ့ အစည်း နှစ်ခုဟာ တစ်နေရာ တည်းမှာ နေနေ ရတာ ဖြစ်တဲ့ အတွက် ကြောင့် ခုနကလို ဘယ်လို နည်းမျိုး တွေနဲ့ အတူ ယှဉ်တွဲပြီးတော့ နေနိုင်မလဲ ဆိုတာကို ဒီအချက်က ကျွန်တော်တို့ အတွက် အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။


အဲ့ဒီတော့ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့အတွက် လုပ်ရမယ့် လုပ်ငန်း တွေကတော့ အများကြီး ရှိပါတယ်။ အခြေခံ ကျတဲ့ လုပ်ငန်း တွေက ခုနကလို ပညာ ရေးပါပဲ။ အဲ့ဒီ ဒေသမှာ ရှိတဲ့ လူတွေက အသိ ပညာတွေ ကြွယ်ဝဖို့ လိုပါတယ်။ နောက်တစ်ခါ အမြင်တွေ ကျယ်ဖို့ လိုပါတယ်။ ကိုယ့် လူမျိုးကို ကိုယ် ချစ်ပါတယ်။ ကိုယ့် လူမျိုး ကြီးပဲ ကိုယ့်ချစ် လို့မရပါဘူး။ ကမ္ဘာ့မှာ ဒီကနေ့ Human Right ဆိုတဲ့ လူ့အခွင့် အရေး ကိုလည်း အလေးထား ပြီးတော့ လုပ်ရ ပြုရတာ ဖြစ်ပါတယ်။ တစ် အချက် ကတော့ စိတ်ထားတွေ ပြောင်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။ လက်ခံ နိုင်တဲ့ စိတ်ထားတွေ ဒီလိုဖြစ် လာအောင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ လက်ခံနိုင်တဲ့ စိတ်ထား တွေဆို တာလည်း ခုနက လိုပညာရေး ဒီအပေါ်မှာ အခြေခံ တာဖြစ်တဲ့ အတွက်ကြောင့် ပညာရေး ကနေစပြီးတော့ အခြေ ခံပြီးတော့ ဒီလိုတွေ ဒါလုပ်ပေး စရာတွေ ရှိပါတယ်။ တစ်ဖက်က ဘင်္ဂလီတွေ ဆိုလို့ရှိရင်လည်း သားသမီးတွေ မွေးဖွားတာက အင်မ တန်မှ များပါတယ်။  များတဲ့ အတွက် ကြောင့်လည်း ဒီက ခုနကလို ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။

အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး တော့လည်း ဥပဒေကတော့ ဘယ်လောက် မွေးရမယ် ဘယ်လောက် မမွေးရဘူး ဆိုတာတော့ မရှိဘူး။ ကျွန်တော်တို့ ဆီမှာလည်း မရှိပါဘူး။ သို့သော် လည်းပဲ ခုနကလို ဒီဒေသမှာ ရှိနေတဲ့ ဒေသခံ တွေရဲ့ ဓလေ့ထုံး တမ်းစဉ် လာအရ ကျွန်တော်တို့ ဘယ်လောက်ပဲ မွေးရ မယ်။ ဒါလေး တွေလည်း ညှိနှိုင်း ပြီးတော့မှ လူဦးရေ တိုးပွားနှုန်း တွေလည်း အဲဒီ ဘက်တွေမှ သိပ်ပြီး တော့ အလွန် အကျွံ မဖြစ်အောင် ကျွန်တော်တို့ လုပ်သွားဖို့လိုပါတယ်။ နောက် တစ်ခုက ပညာရေး အပြင် အလုပ် အကိုင် ရရှိရေး ဟာလည်း သူတို့ အတွက် အရေးကြီး ပါတယ်။ အလုပ် အကိုင် ရရှိရေး ဟာလည်း အရေးကြီး ပါတယ်။ နောက်တစ်ခါ သူရယ်၊ ငါရယ်၊ သူ့လူမျိုးရယ်၊ ငါ့လူမျိုးရယ်၊ လူအဖြူရယ်၊ အမည်းရယ် ဒါ…….ဒီလိုအစွဲ အလန်းတွေကို သိပ်ပြီးတော့ ဦးစားမပေးပဲနဲ့ ခုနကလို လူသားဆို့တဲ့ စိတ်ဓာတ်နဲ့ နောက်တစ်ခါ လူ့အခွင့် အရေးကို ဒီကနေ့ ခုနကလို ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့် အရေးကို ဦးစားပေး နေတယ်။ လူတွေလည်း ခုနကလို ကမ္ဘာကြီးနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် ဒီလိုတို့ နေတက် ထိုင်တက် ရမယ် ဆိုတဲ့ ဒီအတွေး အခေါ်တွေ အလေ့ အကျင့် တွေရအောင် ဒါတွေ ကျွန်တော်တို့ လုပ်ပေး သွားမှာပဲ ဒီလူ့ အဖွဲ့ အစည်း နှစ်ရပ်က ကျွန်တော်တို့ ဒါအတူ အကွနဲ့ နေထိုင် နိုင်ကြမှာ ဖြစ်ပါတယ်။ မနေ လိုလည်း မရပါဘူး။ အဲဒီတော့ နေနိုင်တဲ့ နည်းလမ်းတွေ တော့ ကျွန်တော်တို့ လည်း  ဒါ အများကြီး ရှာကြံ နေပါတယ်။ အခုဆို လိုရှိရင် ကြား အဖွဲ့ အစည်း တစ်ခု အနေနဲ့ အားလုံး ၂၇ ယောက်ပါတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ကျွန်တော်တို့ လွှတ်လိုက် ပြီးတော့ သွားပြီးတော့ စုံစမ်း စစ်ဆေး နေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက် နေပုံရပါတယ်။ ဒီကနေ့အထိ ကျွန်တော် တို့ကို သူတို့ဘာမှ အကြံပေး တာတွေ ဘာတွေတော့ သူတို့ ဘာမှ မလုပ်နိုင် သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့ အကြံ ပေးချက်တွေ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်း ဆုံးဖြစ်အောင် အကောင် အထည် ဖော်ပြီးတော့ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ရှိပါတယ်``

ပြည်သူ့ခေတ်နှင့် မြန်မာတိုင်းမ်တို့ရဲ့  ရခိုင်ပြည်နယ်အရေးကိစ္စမေးမြန်းချက်များလည်း ဖြေဆိုခဲ့ပါတယ်။ 
ရခိုင် အရေး ကိစ္စဟာ  တိုင်းပြည်ရဲ့ အရေး ကြီးတဲ့ရ အရေး ကိစ္စဖြစ် ပါကြောင်း ရခိုင် ပြည်နယ် အရေး ကိစ္စသည် မမျှော်လင့်ပဲ ကဖြစ် လာသည့် အခက် အခဲ စိန်ခေါ်မှု တစ်ရပ်ဖြစ် ကြောင်းပြော ဆိုပါတယ်။

`အခုဆိုရင် ကြားအ ဖွဲ့အစည်း အနေဖြင့် အင်အား ၂၇ ယောက်ပါသည့် စုံစမ်း စစ်ဆေး ရေး အဖွဲ့ကို စေလွှတ်ပြီး  စုံစမ်း စစ်ဆေး မှုများ ဆောင်ရွက် နေပါတယ် ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက် ခြောက်နေပုံရ ပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ဆီကို အကြံပေးတာတွေ ဘာမှမလုပ်နိုင်သေးပါဘူး။ သူတို့ရဲ့ အကြံပေးချက်အပေါ်မှုတည်ပြီး အကောင်းဆုံးဖြစ်အောင် အကောင် အထည် ဖော်ဆောင်ရွက် သွားဖို့ရှိ ပါတယ်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကပြော ပါသည်။  ရခိုင် အရေး ကိစ္စသည် အစိုးရ အဖွဲ့ အသစ်ကို တာဝန်ယူ ပြီးနောက် မမျှော်လင့်ပဲ ကြံတွေ့ ရသည့် အခက် အခဲ တစ်ခု ဖြစ်ကြောင်း နိုင်ငံ သမ္မတက ပြောပါသည်။ ရခိုင်အရေးကိစ္စက တော့တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရတက်လာပြီးတဲ့နောက်ပိုင်းတွင် အောင်မြင်မှုတွေလည်းရှိပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှု တွေလည်း ရှိပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ မမျှော်လင့်ဘဲဖြစ်လာတဲ့ ရခိုင်အရေး ကိစ္စပဲဖြစ်ပါတယ်။ ကမ္ဘာက တချို့လည်း  ကျွန်တော်တို့အပေါ်မှာ  နားလည်မှုတွေ၊ စာနာမှုတွေရှိပါတယ်။ တချို့ လည်း ဖြစ်ရပ်မှန်တွေကို  အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ၊ ကမ္ဘာ့အလယ်မှာ မျက်နှာ ပျက်အောင်လုပ်တာတွေ ဒါမျိုးတွေလည်း ကျွန်တော်တို့ကြုံတွေ့နေရပါတယ်။ လူ့အဖွဲ့ အစည်း နှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ် တွဲပြီးတော့ နေနိုင်မလဲဆိုတာတဲ့ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့ လုပ်ရ မယ့် လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အခြေခံကျတာကတော့ လုပ်ငန်းတွေက ပညာရေးပါပဲ။ အဲ့ဒီ ဒေသမှာ ရှိတဲ့ လူတွေက အသိပညာတွေ ကြွယ်ဝဖို့လိုပါတယ်။ အမြင်တွေကျယ်ဖို့လိုပါတယ်ဟု နိုင်ငံတော် သမ္မတကပြောပါတယ်`

ဒီကိစ္စနှင့် ပတ်သက်ပြီး  နားလည်းစာနာမှုများရှိသလို ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံ ဖန်တီး ပြီးတော့ စွပ်စွဲ တာတွေ၊ ကမ္ဘာ့ အလယ်မှာ မျက်နှာ ပျက်အောင် လုပ်တာ တွေကို ကြုံတွေ့ နေရပါကြောင်း လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့ အတွက်ကြောင့်  ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာက အရေးကြီးဆုံးအချက်ဖြစ်ကြောင်း အတူယှဉ်တွဲနေထိုင်ဖို့ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအများကြီးရှိကြောင်း အခြေခံပာညာရေးလုပ်ဆောင်ပေးဖို့နှင့် ဒေသခံတွေ အသိပညာတွေ ကြွယ်ဝပြီး အမြင်တွေလည်း ကျယ်ဖို့လိုကြောင်း ကိုယ့်လူမျိုးကိုချစ်တယ်ဆိုသော်လည်း ကမ္ဘာ့မှာ ဒီကနေ့ Human Right ကိုအလေးထားပြီးပြုလုပ်ရမှာဖြစ်ကြောင်း စိတ်ထားတွေပြောင်းအောင် ပြုလုပ်ရမှာဖြစ်ကြောင်း၊ လက်ခံနိုင်တဲ့စိတ်ထားများ ဖြစ်လာအောင်ပြုလုပ်ရမှာဖြစ်ကြောင်း  လက်ခံနိုင်တဲ့ စိတ်ထား တွေဆိုတာလည်း ပညာရေးအပေါ်မှာ အခြေခံတာဖြစ်သည့်အတွက် ပညာရေးကနေစပြီး လုပ်ဆောင် ပေးစရာတွေရှိသေးကြောင်း၊ ပညာရေးအပြင် အလုပ်အကိုင်ရရှိရေးဟာလည်း ဒေသခံများ အတွက်အရေးကြီးပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရန်လိုကြောင်း၊ အားလုံးဟာ လူသား ဆိုသည့် စိတ်ဓာတ်ကိုအခြေခံပြီး ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင် တက်ရမည် ဆိုသည့် အတွေး အခေါ် အလေ့ အကျင့်တွေ ရရှိအောင် လုပ်ပေးသွားမှာဖြစ်ကြောင်း၊ ဒီဒေသ၏ လူ့အဖွဲ့ အစည်း နှစ်ရပ်အတူတကွ နေထိုင်နိုင်သည့်နည်းလမ်းများကို့ ကြိုးစားရှာကြံနေကြောင်း နည်းလမ်းတွေ အကြံ ပေးနိုင်ဖို့ ကြားအဖွဲ့အစည်းအနေဖြင့် အင်အား ၂၇ ယောက်ပါသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ပြီး  စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း ထိုအဖွဲ့၏ အကြံပေးချက်အပေါ်မှုတည်ပြီး မိမိတို့ အကောင်း ဆုံးဖြစ်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတက ဖြေဆို ပါတယ်။

ဆက်လျက်ပြီး  အင်ဒီပန့်ဒန်ဂျာနယ်ရဲ့ရ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီးမေးမြန်းတာကိုလည်း ဖြေကြားခဲ့ပါတယ်။

ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင် ဒီကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ခုနကလို စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့ အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို လှည့်ပြီးတော့ မကြည့်တဲ့အချိန် ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို အကူအညီမပေးတဲ့အချိန်မှာ  ကျွန်တော်တို့ကို  စာနာပြီးတော့ ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ချေးငွေတွေ ကျွန်တော်တို့ပေးတာတွေ၊ ဂရန့်တွေ ကျွန်တော်တို့ ထုတ်ပေးတာတွေ၊ ဒါတွေ တရုတ် နိုင်ငံပဲ ဆောင်ရွက်ပေးနေတာဆိုတာ အားလုံးဒါသိရှိပြီး ဖြစ်ပါတယ်။ နိုင်ငံတကာနယ်ပယ်မှာ တရုတ် နိုင်ငံဟာ  မြန်မာနိုင်ငံဘက်ကနေ အမြဲတမ်းရပ်တည်ပြီး ထောက်ခံပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သိပ်ပြီးတော့ အခက်အခဲ အကျပ်အတည်းကြုံတွေ့လာတဲ့ အခါမှာ သူ့ရဲ့ဗီတိုအာဏာကိုပါ သုံးပြီးတော့မှ မြန်မာ နိုင်ငံ ဘက်ကနေ ထောက်ခံပေးနေ တာပါ။ အဲဒီတော့  ကျွန်တော်တို့မြန်မာလူမျိုးဆိုတာ ကျေးဇူး တရား သိတတ်တဲ့ လူမျိုးဖြစ်ပါတယ်။  ကိုယ့်နိုင်ငံကို ဘယ်သူမှဆေးဖော်ကြောဖော်မလုပ်တဲ့ အချိန်မှာ ဘယ်နိုင်ငံမှ  အကူအညီမပေးတဲ့အချိန်၊ ဘယ်နိုင်ငံမှ လှည့်မကြည်တဲ့အချိန် ကိုယ့်ကို ကူညီစောင့် ရှောက်တာဟာ  တရုတ်မှတင်မဟုတ်ပါဘူး။  ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးတရားတွေကို ကျွန်တော် တို့မမေ့ ကောင်းပါဘူး။ နောက်တစ်ခုကလည်း  ခုနကလို ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီး တော့  ရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ဥပဒေတွေရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ကျွန်တော် တို့ခုနကလို မူဝါဒအနေနဲ့ ချမှတ်ထားတာကတော့  ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် တစ်အ ချက်က တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။ နောက်တစ်ခုက ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိ က္ခာကို  ကျွန်တော်တို့ မထိခိုက်စေရပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ ခုနကလို တရုတ်ချည်း ပဲလွှမ်းမိုး သွားတယ်၊ အမေရိကန်ချည်းပဲ လာပြီးလွှမ်းမိုးသွားတယ်။ ကျန်တဲ့ နိုင်ငံတွေချည်းပဲလာပြီး လွှမ်းမိုးသွား တယ်ဆိုတာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ကိစ္စပါ။ ဒါမျိုး ကျွန်တော်တို့အဖြစ်မခံပါဘူး။ မူဝါဒမှာ လည်း  ဒီအတိုင်း ကျွန်တော်တို့ ချမှတ်ထားပါတယ်။ နောက်အချက်ကတော့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ အထိပါးမခံပါဘူး။  အချုပ်အခြာအာဏာနဲ့ ဘာဆိုင်သလဲ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုတာ။  ဆိုင်ပါ တယ်။  အဲဒီတော့ ဒီပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးသမားဟာ စီးပွားရေးသမားနဲ့ ပေါင်းထားရပါတယ်။ ဘာကြောင့် လဲဆိုသူမဲဆွယ်တဲ့အခါမှာ ငွေလိုမယ်။ ငွေလိုတဲ့အခါမှာ စီးပွားရေးသမားဆီကနေ အကူအညီ တွေရမယ်။ အလှူငွေတွေရမယ်။ စသည်ဖြင့် ဒါတွေသူ ရယူရပါတယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ဘူး။ အမေရိကန်လည်း ဒီအတိုင်းပါပဲ။  ကျန်တဲ့နိုင်ငံတွေလည်း  ဒီအတိုင်းပါပဲ။ ကျန်တဲ့နိုင်ငံတွေလည်း ဒီအတိုင်းပါပဲ။ ဒီလိုရယူပြီးတော့  မဲဆွယ်တယ်။ ရွေးကောက်ပွဲဝင်တယ်။ ၀င်တဲ့အခါမှာ ဒီပါတီ အနိုင်ရတယ်။ ဒီပါတီအနိုင်ရတဲ့ အတွက်ကြောင့်  ခုနကလို အစိုးရဖွဲ့တယ်။ အစိုးရဖွဲ့တဲ့အခါမှာ ပြန်ပြီးတော့ ခုနကလိုစောစောက သူရယူထားတဲ့ စီးပွားရေးသမားကို သူက အခွင့်အလမ်းတွေပေးရပါတယ်။ အဲ့ဒီတော့ ဒီလိုအခင့်အလမ်း ပေးရင်းပေးရင်းနဲ့  ဒီစီးပွားရေးသမားဟာ  နိုင်ငံရေးသမားရဲ့  အပေါ်မှာ လွှမ်းမိုးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလာပြီးတော့  ထိပါးနိုင်တာ မျိုးတွေ။ ဒါမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုနကလိုလာရောက်ပြီး တော့ ထိပါးနိုင် တာမျိုး ဒါတွေမဖြစ်စေရဘူး။ နောက်တစ်ခုကတော့ကျွန်တော်တို့ ဒီသဘာဝအရင်းအမြစ်တွေနဲ့ သဘာဝ သယံ ဇာတ တွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ဒါတွေဟာ သားစဉ်မြေးဆက်ပါထုတ်ယူသုံးစွဲဖို့အတွက် စဉ်းစား ပြီးတော့  ကျွန်တော်တို့လုပ်သွားရမယ့်ဟာတွေဖြစ်ပါတယ်။ ရတိုင်းထုတ်ပြီးတော့  သုံးဖို့ကတော့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ခုနကလို လာရောက်ပြီးတော့  ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူရင်းနှီး မြှုပ်နှံချင် တိုင်းရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ပါးစပ်နဲ့ ပြောပြီးတော့ ငါတို့ဒီအလုပ်လာလုပ်မယ်ဆိုလို့ မရပါဘူး။

သေချာလေး ခုကလို သူပ ရိုဇယ် တင်ရတယ်။ ကောင်း၏ မကောင်၏ သူ့ဘက်ကိုယ့်ဘက် အကျိုးရှိမရှိ၊ နစ်နာဆုံးရှုံးမှုတွေ ဘာတွေပါလဲမပါသလဲ။ ဒါတွေ ကျွန်တော်တို့ကြည့်ပါတယ်။  ဥပဒေ ရှုထောင့် ကနေပြီးတော့  ကြည့်ရပါတယ်။  ဥပဒေအကြံပေးတွေနဲ့ ကြည့်ရပါတယ်။ ပြီးတော့မှ နှစ်ဦးနှစ်ဖက် အကျိုးရှိ တယ်ဆိုတဲ့ ကိစ္စမျိုးကျမှပဲ ကျွန်တော်တို့ လုပ်တာဖြစ်ပါတယ်။

မတ်ဆင်ဂျာ ဂျာနယ်ရဲ့ တန်ဖိုးနည်းဖုန်းကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းချက်ကိုလည်း ဖြေကြားပါတယ်။

ကျွန်တော့်တို့ရဲ့ ဆန္ဒပြောရမယ်ဆိုရင်တော့ တန်းဖိုးနည်းတင်မဟုတ်ဘူး။ အလကားကို ကျွန်တော့်တို့က ပေးချင်တယ်။ သုံးစေချင်ပါတယ်။ သို့သော်လည်း  ဒီအလကားပေးနိုင်တဲ့အဆင့်က ကျွန်တော်တို့က မရောက်သေးဘူး။ တစ်ဖြည်းဖြည်းတော့လည်း ခုနကလို သက်သာတဲ့နှုန်းထားတွေ ဖြစ်ကုန်မှာပါ။ ဖြစ်လာမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာတောင်မှ လယ်သမားတစ်ယောက်ဟာ ခါးမှ ဖုန်းချိတ်ပြီးတော့ ပြောနေနိုင်တဲ့အဆင့်မျိုးရောက်နေပါပြီ ကျွန်တော်တို့ရဲ့ တယ်လီဖုန်းသုံးစွဲမှုဟာ ကျွန်တော်ထင်တယ်။ ၇ ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်တို့ရှိတယ်။ တော်တော်လေးကို နည်းပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ဒါဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက်ကြောင့် ဒါလည်းကြိုးစားပြီးတော့ ကျွန်တော်တို့ မြှင့်တင်နေပါတယ်။ တယ်လီဖုန်းအိမ်တစ်လုံးကို ဆိုင်ကနေသွားဝယ် ကဒ်ကိုဝယ်ထည့်ပြီးတော့ ဒီအတိုင်းသုံးလိုမရပါဘူး။ Station တွေ Gateway တွေ ကျွန်တော်တို့ဆောက်ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့တယ်လီဖုန်းကို ကျယ်တွင်တာနဲ့အမျှ ခုနကလို ပိုပြီးတော့ လုပ်ရကိုင်ရတာတွေရှိပါတယ်။ ဒါတွေပြီး သွားလို့ရှိရင်တော့ နောက်ထပ် ထပ်ပြီးတော့ ဆောက်စရာမလိုတော့ဘူးဆိုလိုရှိရင်တော့ တယ်လီဖုန်းက ဘာဖြစ်ဖြစ် အလိုလိုသူကဈေးကျသွားမှာပါ။ အစိုးရအနေနဲ့ကတော့ တယ်လီဖုန်း များများပြောလေ ကျွန်တော်တို့က ကြိုက်လေပဲ တစ်လုံးတင်မကဘူး။ ခါးမှာ ခြောက်လုံး လောက်ချိတ်ပြီးတော့ နေ့တိုင်းတယ်လီဖုန်းကိုပဲ ပြောနေ ဘာလိုလဲဆိုတော့ ပြောသမျှ ပိုက်ဆံရနေတာကို အစိုးရ သဘောထားရ ဒီလိုရှိပါတယ်။ အဲဒီတော့ တဖြည်းဖြည်းနဲ့ သက်သာအောင် ကြိုစားပြီးတော့ ကျွန်တော်တို့လုပ်နေပါတယ်။

သတင်း မီဒီယာများတွေနဲ့  တွေ့ဆုံပွဲတွင်  မေးခွန်းတိုင်းကို သမ္မတက စိတ်ရှည်လက်ရှည်နဲ့ ခပ်ရိုးရိုးပဲ ဖြေပေးခဲ့ပါတယ်။ သမ္မတကြီးရဲ့ အဖြေနဲ့ မေးမြန်းချက်တွေက  ၂နာရီကျော်အောင် ကြာခဲ့ပြီး သတင်းဂျာနယ်နဲ့ နိုင်ငံခြားသတင်းဋ္ဌာန စုစုပေါင်း ၂၀ ကျော် မေးမြန်းခွင့်ရခဲ့ပါတယ်။

သတ်မှတ်ချိန် နေ့လည် ၂နာရီကနေ ၄ နာရီအထိ သတ်မှတ်ထားပေမဲ့ တကယ်တမ်းမှာတော့  ၄နာရီခွဲ ကျော်ခန့်ထိ ကြာမြင့်သွားခဲ့ပါတယ်။ ကျမ အပါအ၀င် မေးမြန်းခွင့်မရလိုက်တဲ့ မီဒီယာတွေလည်း ကျန်ပါသေးတယ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမ သိချင်တဲ့ မေးခွန်းအချို့က အခြားသတင်းဂျာနယ်တွေရဲ့ အဖြေတွေမှာ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။

နောက်ဆုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဋ္ဌေးကိုတော့ ကျမ မေးမြန်းခွင့်မရခဲ့တဲ့အတွက် ကျမဆီမှာ ရောက်ရှိနေသော  မေးခွန်းတွေကိုတော့ပို့ပေးခွင့်ပြုပါလို့ ထပ်မံ တောင်းဆိုလိုက်ပါသေးတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်