Saturday, October 27, 2012

မီဒီယာသမားများသို့  မေတ္တာရပ်ခံခြင်း( သွေးချောင်းစီးစေမည့် အရေးအသားမျိုးကို ရေးသား ထုတ်လွှင့်ခြင်းရပ် တန့်ပါ)

Posted by drmyochit Saturday, October 27, 2012, under | No comments



၁- ယခုအ ချိန်တွင် ရခိုင်ပြည် ဖြစ်စဉ် နှင့်ပတ် သက်၍ ကျွန်တော်က ပြည်ထောင်စု မြန်မာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား တရား ဥပဒေ စိုးမိုးရေး ကိုရှေး ရှူပြီး ဥပဒေ နှင့်အညီ တိကျစွာ အမြန် ဆုံးဆောင် ရွက်ပေးပါရန် သမ္မတ ဦးသိန်း စိန်ထံသို့ အိတ်ဖွင့် ပေးစာ တစောင် ကို ပေးပို့ခဲ့ပါသည် ။ သို့အတူ ရခိုင် အမျိုး သမီး အစည်း အရုံး မှလည်း ငြိမ်ဝပ် ပိပြား စေရေး ကိုဦး တည်ပြီး ငြိမ်းချမ်းစေ ရေးအ တွက် မေတ္တာ ရပ်ခံစာ တစောင် ထုတ် ပြန်ခဲ့ ပါသည်။


၂ -  ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတရုံးမှလည်း ကြေညာချက်ထုတ်ပြန်ပြီးနောက်ကွယ်က ကြိုးကိုင် သူ များနှင့် လှုံ့ ဆော်ဖန်တီးသူ လူများ -အဖွဲအစည်းများကို ဥပဒေအရထိရောက်စွာ အရေးယူ မည်ဖြစ် ကြောင်း အသိပေး ကြေညာချက် ထုတ်ပြန် ထားပါပြီ ။

၃- သို့ဖြစ်ပါ၍ ရခိုင် ပြည်နယ် ဖြစ်စဉ် များနှင့် ပါတ်သက်ပြီး ပဋိ ပက္ခများကို ဆက်လက် ဖြစ်ပွါး စေအောင် အသံများဖြင့် လွှင့်ထုတ် နေသော မြန်မာပိုင်း အသံလွှင့် ဋ္ဌာနများ ၊ ဂျာနယ်- စာစောင်- ၀ပ်ဆိုက်များမှ ရေးသား နေကြသော ဗုဒ္ဒဘာသာ တိုင်းရင်းသား လူမျိုးများအား လူမျိုး နှစ်မျိုး အကြား ပို၍သွေးချောင်းစီး ပြသနာများအောင် တို့ မီးရို့မီး မပြု လုပ်ကြ ပါရန် အထူး မေတ္တာ ရပ်ခံ အပ်ပါသည် ။

အဘယ့်ကြောင့် ဆိုသော်-RFA- မှ စက်လှေနှင့် ထွက်ပြေးသူ ကျောက်ဖြူမှ မွတ်ဆလင် လူမျိုးက သူကိုယ်တိုင် မွတ်ဆလင်လူမျိုး အနှေင့် အကြိမ်ကြိမ် ပြောနေ သည်ကို သတင်းထောက်မှ အင်တာဗျူး နေသည့်တိုင် လူမျိုးရေး ပဋိပက္ခကို ဆက်လက် ဖြစ်ပွါးစေအောင် သွေးချောင်း စီးစေမည့် အရေး အသား မျိုးကို ရေးသား ထုတ်လွှင့် နေသည်ကို တွေ့ မြင် နေရပါသည် ။

၎- ယခုအချိန်မှာ ပြဿာနာများကို ဆက်လက် မဖြစ်ပွါးအောင် ထိမ်းသိမ်းပြီး သွေးချောင်း စီးခြင်း၊ နေအိမ် များမီးရှို့ခြင်းကို မပြုလုပ်ကြ ပါရန် မေတ္တာ ရပ်ခံ နေကြရာ ယခုလို အရေး အသားများ၊ အသံလွှင့် နေခြင်း များအား နောင်ကို မပြု လုပ်ကြပါရန် အထူး မေတ္တာရပ်ခံ သတိပေး လိုက်ပါသည်။

 
ခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်