Saturday, October 27, 2012

"ရခိုင်ပြည်သူများ၏လှေ ပစ်ခံနှစ်မြှုတ်ခံရ"

Posted by drmyochit Saturday, October 27, 2012, under | No comments


(လေးဦးသေ၊ ရှစ်ဦးဒဏ်ရာရ၊ အချို့ ပျောက်ဆုံးနေ)
ကျောက်တော်၊ ရခိုင်ပြည်နယ်
--------------------------------

ကျောက်တော်မြို့နယ် ရတနာပုံအနီး ကျောက်တော် သကြားစက်အလွန် ပလက်ဝသို့သွားသည့်ရေလမ်းတွင် စ.က.ခ (၉)မှ G1 ဒုတိယ ဗိုလ်မှူးကြီး စိုးဝင်းအောင်၏ အမိန့်ပေး စေခိုင်းချက်ကြောင့် ရခိုင်ပြည်သူများ၏ စက်လှေတစ်စီးအား ပစ်ခတ်နှစ်မြှပ်ပစ်ခဲ့သည်။ လိုက်ပါလာသူများအားလုံး နစ်မြုပ်သွားစဉ် ကမ်းသို့ ရေကူး၍ တက်ကြရာ ကမ်းနဖူးပေါ်မှနေ၍ စစ်တပ်မှ ရေကူးခတ်နေကြရသော ရခိုင်ပြည်သူများအား စိမ်ပြေနပြေ ပစ်ခတ် သတ်ဖြတ်ခဲ့သော အမှုတစ်ခု ဖြစ်ပွါးခဲ့သည်။ ဤအ ကြောင်း အရာကို စစ်တွေဆေးရုံ သို့ဒဏ်ရာပြင်း ထန်သော ကြောင့်လာ ရောက်ကု သမှု ခံယူနေရသူ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ (၉)တန်းကျောင်းသားလေး မောင်ထွန်း ထွန်းမှ ပြောပြ ခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးသူများမှာ

 ...........

ရေထဲတွင်ပျောက်ဆုံးကျန်ခဲ့သူများမပါဝင်သေးပါ-

၁။ ဦးထွီးလှစိန်၊ အသက်(၄၁)နှစ်၊ တင်းမရွာ၊
၂။ ဦးကျော်လှ၊ အသက်(၂၃)နှစ်၊  ဒက်ဖြူရွာတို့ကျောက်တော်ဆေးရုံ၊
၃။ အခြားရခိုင်(၄)ဦး၏အလောင်းမှာ  သက်ဆိုင်ရာရွာများမှ သယ်ယူသွား
၎။ စစ်တပ်မှ ပစ်ခတ်စဉ် လယ်ပြင်ထဲတွင်  လဲကျသေဆုံးကျန်ခဲ့သူ (၈)ဦး၊ သူတို့၏အလောင်းများကို ပြည်သူများမှ (၁၄၄)အမိန့်ကြောင့် ယနေ့ (၂၇)ရက်နေ့မှ သွားရောက်သယ်ယူမည်ဟုကျောက်တော်မြို့ခံ တာဝန်ရှိသူတစ်ဦးမှ ပြောဆို ပါသည်။ ထို့ပြင် ရောင်စဉ်ဖြူ၊ ရောင်စုံ၊ အုတ်ကြွပ်  စသည့် ဒေသများမှ ကျောက်တော်မြို့သို့ ပုံမှန်လာနေကျ ကုန်ပစ္စည်းရောင်းဝယ်သူကုန်သည်များ၊ပစ္စည်းများကိုလည်း အင်ဘာရီ နှင့်ဒုက္ကန်ချောင်း ကြားတွင် စစ်တပ်မှ ဘုတ်နှင့်စက်လှေများအား ဖြတ်သန်း ခွင့်မပြုပဲ ရပ်တန့်ထားသည်မှာ နှစ်ရက် ရှိပြီဖြစ်ကြောင်း ပြောဆိုပါသည်။


စစ်တွေဆေးရုံကြီးတွင် ဒဏ်ရာပြင်းထန်သောကြောင့်  တက်ရောက်ကုသနေရသူများမှာ -

၁။ မောင်ထွန်းထွန်း၊ အသက်(၁၇)နှစ်၊ (၉ - တန်းကျောင်းသားလေး)၊ သာစည်ကျေးရွာ
၂။ ဦးထွန်းရင်၊ အသက်(၃၁)နှစ်၊ ရွှေပြည်ကျေးရွာ
၃။ ဦးသန်းရွှေမောင်၊ အသက်(၂၅)နှစ်၊ရွှေပြည်ကျေးရွာ
၎။ ဦးစံရှားအောင်၊ အသက်(၄၅)နှစ်၊ သာစည်ကျေးရွာ တို့ဖြစ်ကြပြီး 


ကျောက်တော်ဆေးရုံတွင်
 -
၁။ ဦးထွန်းဝေ၊ အသက်(၂၄)နှစ်၊ မျောက်တောင်ရွာ
၂။ ဦးထွန်းအေးကျော်၊ အသက်(၂၆)နှစ်၊ သာစည်
၃။ မောင်သာအေး၊ အသက်(၂၅)နှစ်၊ တောင်ဗွေ
၎။ ဦးညိုမောင်၊ အသက်(၂၈)နှစ်၊ မျောက်တောင်
၅။ ဦးအောင်ကျော်မင်း၊ အသက်(၂၈)နှစ်၊ တောင်ဗွေ
၆။ ဦးမောင်သိန်းဇော်၊ အသက်(၂၈)နှစ်၊ လောင်းရှည်

၇။ မောင်သိန်းထွန်း၊ အသက်(၂၅)နှစ်၊ ရွှေပြည်သစ်
၈။ ဦးကျော်ညွန့်၊ အသက်(၂၆)နှစ်၊ တင်းမကြီးတို့ဖြစ်ကြသည်။


(၂၆-၁၀-၂၀၁၂)ရက်နေ့ ညနေ(၆း၄၅)မိနစ် ကတည်းက ဒီစာရင်းကိုရရှိထားပြီးဖြစ်သော်လည်း Internet Line လုံးဝ မရရှိသောကြောင့် ယခုမှ တင်ပေးနိုင်ခဲ့ခြင်းအပေါ် သည်းခံပေးကြပါရန်။

သတင်းကိုလ္ခံရရှိတဲ့အတိုင်း တင်ပေးလိုက်ခြင်း ဖြစ်ပါသည်၊ သေဆုံးသူဦးရေမှာ ယ္ခုထက်များစွာ ပိုနိုင်စရာ အကြောင်းရှိပါသည်။
သူတို ချက်ချင်း ကာဖြူးကောက်ထုတ်ထားတာကို ပင်လယ်ထဲမှာသွားနေတဲ့သူတွေက ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ ရခိုင်အစစ်တွေက ကိုယ့်ရေတပ်ကို ကိုယ်ယုံမှာပေါ့ - ဘင်္ဂလီလှေဆိုရင်တော့ ရေတပ်/ စစ်တပ်ရဲ့ မမြင်ကွယ်ရာ ကနေ သွားမှာပေါ့၊ စိတ်ထိခိုက် ရပြန်ပါတယ်ဗျာ။

သတင်း - အမှန်တရားလိုလားသူ(Facebook ) ဖော်ပြချက်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်