Thursday, January 03, 2013

ကေအိုင်အေဌာနချုပ် လိုင်ဇာကို တိုက်ခိုက် သိမ်းပိုက် မည်မ ဟုတ်ဟု သမ္မတ ကိုယ် တိုင်ပြော ထားပြီးဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင် မင်းက ပြော

Posted by drmyochit Thursday, January 03, 2013, under | No comments



”လိုင်ဇာကို သိမ်းဖို့ မရှိပါဘူး။ သမ္မတကြီးက ကတိပေးပြီးသားပဲ။ သမ္မတ ကြီးပေးတဲ့ ကတိက လူကြီးပေး တဲ့ က တိပဲ” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ လက် ရှိ တွင် လိုင်ဇာနှင့် အနီး တစ်ဝိုက် ၌ ဒီဇင်ဘာ ၂၈ ရက်မှ စ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိခိုက်မှု လည်းပို များကြောင်း၊ အနီးကပ် တိုက်ပွဲ ဖြစ်သောကြောင့် ပခုံး ထမ်းလောင်ချာ များ အသုံးပြုကာ တိုက်နေကြကြောင်း ကေအိုင်အေ မှပြောရေး ဆိုခွင့် ရှိသူ ဦးလနန်က ပြောသည်။

 ”အဓိက ကတော့ လဂျားယန်နား တစ်ဝိုက်ကိုပေါ့။ အဓိက ပစ်မှတ်ထားပြီး ပစ်တဲ့ ပုံစံမျိုးပါ။ ဗုံးကြဲ လာတာ မျိုးလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။ ”စစ် အရှိန်မြှင့်ပြီး လိုင်ဇာကို တိုက် တာဖြစ်လာ တယ်ဆိုရင် ကချင် လူထု ကြားမှာ လူမျိုးရေး မုန်းတီး မှုတွေ ပိုဖြစ်လာနိုင်တယ်။ လိုင်ဇာရဲ့ အနေအထား ကိုကြည့်တော့ အပြင်စည်း ပတ်ပတ် လည်မှာ ဒုက္ခသည်စခန်းတွေ၊ ဒီဒုက္ခ သည်စခန်းတွေ ခံနေတဲ့ အပေါ်မှာ စစ်ဆင်ရေး လုပ်ရင် ဒီလူတွေ အများကြီး သွား ထိခိုက်နိုင်တယ်” ဟု ၄င်းက ပြော သည်။

ဒီဇင်ဘာ ၂၃ ရက်မှစ၍ ကွတ်ခိုင်မြို့ပေါ်သို့ ဂါလွိန်၊ နားချမ် စသည်တို့မှ ဒုက္ခသည် ၂၉ဝ ကျော်ရောက် ရှိလာပြီး ကွတ်ခိုင် ဃ့ကမခ့ တွင် ခိုလှုံနေကြကြောင်း၊ နောက်ထပ် လည်း စစ်ပြေးဒုက္ခသည် များ ထပ်ရောက် လာရန် ရှိေ ကြာင်း ကချင်ဒေသခံတစ်ဦးက ပြော သည်။”မနေ့က (ဒီဇင်ဘာ ၃ဝ) မှာ လေးကြိမ် ပစ်တယ်။ အခုလည်း ပစ် နေတာပဲ” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိတွင် ဒုက္ခသည် စခန်း အနီးကို လက်နက်ကြီးများနှင့် ပစ် ခတ်မှု မရှိသေးသော်လည်း ဒုက္ခ သည် စခန်းပေါ်မှ ပျံသန်းကာ ပစ်မှတ်ကိုရှာခြင်းမျိုး ဖြစ်၍ ဒေသခံ များ အထိ တ်တလန့် ဖြစ်နေကြသည် ဟု ဦးလနန်က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကချင်ဒေသခံတစ်ဦးက ”ထိုးစစ် မဆင်ဘူးလို့ ပြောထား တယ်ဗျာ၊ ဒါပေမဲ့ လေ ယာဉ်ပျံတွေ သုံးထား တယ်၊ ဖားကန့်ဘက်မှာလည်း ဖြစ်နေတယ်။ နိုင်ငံရေး ဘက်မှာ လုပ်နေကြတဲ့သူတွေ အာရုံစိုက် သင့်ပြီ။

၈၈ မျိုးဆက်တို့ လွှတ် တော်တို့က တာဝန်ရှိသူတွေ ကွင်း ဆင်းလေ့လာသင့်တယ်” ဟု ¤င်း ၏ အမြင်ကို ပြောသည်။ Peace Center မှ ပဋိပက္ခ ဖြေရှင်းရေးပညာရှင် ဒေါက်တာ မင်းဇော်ဦးက တိုက်ပွဲ များ ပြင်းထန် လာပါက အနည်းနှင့်အများ ပြည် သူကို ထိခိုက်နိုင်သည့်အတွက် ပြည်သူများကို အကာအ ကွယ်ပေး နိုင်ရေး နှစ်ဖက်စလုံးက ဆောင် ရွက်ရန် လိုကြောင်း ပြောသည်။

တိုက်ပွဲများ ပြင်းထန်လာပါက ငြိမ်းချမ်းရေး သဘာဝများ လျော့ ကျသွားသည့် သဘောရှိကြောင်း၊ မည်သည့် ဘက်က မှားသည် မှန် သည်ကို အဖြေ ထုတ်နေမည့် အစား တိုက်ပွဲများ ပြင်းထန်လာ သည့် အကြောင်း ရင်းကို သိရန် လို အပ်ကြောင်း၎င်းကပြောသည်။”တိုက်ပွဲချက်ချင်း ရပ်ဆိုင်းဖို့ ဆိုရင် ဒီလို အချိန်မှာ ကေအိုင်အို ဘက်က တပ်မှူးတွေနဲ့ တပ်မတော် ဘက်က တပ်မှူးတွေ စားပွဲဝိုင်းပေါ် တက် မြေပုံ ချပြီး ဆွေးနွေးမှပဲ ရတော့မယ်” ဟု ၄င်းကပြော သည်။

လိုင်ဇာကို တိုက်သည့်အခြေ အနေ ဖြစ်လာပါက အစိုးရမှ တွေ့ဆုံဖြေရှင်းသည့် ပုံသဏ္ဌာန် မကျင့်သုံးဘဲ စစ်ရေးအရ ဖြေရှင်း သည့်ပုံသဏ္ဌာန်ကျင့်သုံးသည့် ပုံရိပ်မျိုးဖြစ် လာနိုင်ကြောင်း ၄င်းက ပြောသည်။လိုင်ဇာနှင့် ၁ဝ မိုင်ဝန်းကျင် တွင် ဒီဇင်ဘာ ၂၈ ရက်မှစ၍ တိုက်ပွဲ များ ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၃ဝ ရက်တိုက် ပွဲတွင် ကေအိုင်အေ ဘက်မှ ၄ ဦးကျပြီး ထိခိုက်ဒဏ်ရာ ရသူ ၅ ဦးခန့် ရှိကြောင်း၊ လက် နက်ကြီး (၈၄-မမ) ထိမှန်သူ ၃ဝ ဦးခန့်ရှိကြောင်းဦးလနန်က ပြော သည်။

”စစ်တပ်ဘက်မှာလည်း ထိ ခိုက်မှုတော့ များမယ်ထင်တယ်။ ဦးရေတော့ တိတိကျကျ ပြောလို့ မရနိုင်ဘူး။ မနေ့ကဆို ကိုက် ၅ဝ အကွာမှာ ပစ်ကြတာ ဆိုတော့ သူတို့ဘက်ကလည်း ထိခိုက်မှာ တော့ အမှန်ပဲ” ဟု ၄င်းက ပြောသည်။သမ္မတရုံး ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက ၂ဝ၁၃ ခုနှစ် အတွင်းUNFC အပါအဝင် ကေအိုင်အိုနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းေ ရးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဟု ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။

Myanmar Express မှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်