Thursday, January 03, 2013

လျှပ်စစ်တာဝါတိုင်အား ကေအိုင်အေမှမိုင်းခွဲ

Posted by drmyochit Thursday, January 03, 2013, under | No comments

ဝိုင်းမော် ဇန်န၀ါရီလ ၃ရက်
ချီဖွေရေအားလျှပ်စစ်စက်ရုံမှ ၀ိုင်းမော်မြို့နယ် မိုင်းနားရွာအနီးရှိ ဓာတ်အားပေးစက်ရုံသို့ သွယ်တန်း ထားသည့် ပင်မလျှပ်စစ်တာဝါတိုင် အား ကေအိုင်အေမှ ဒီဇင်ဘာ ၃၀ ရက်ည ၁၀ခွဲလောက်မှ ကချင်ပြည် နယ် အတွက် နှစ်သစ်လက်ဆောင်အဖြစ် မိုင်းဖောက်ခွဲခဲ့ပါသည်။ ၀ိုင်းမော်မြို့ မန်ဝိန်းကြီးရွာ နားမှ လျှပ်စစ် တာဝါတိုင်းအား ကေအိုင်အေမှ မိုင်း ၃လုံးဖြင့် ဖောက်ခွဲခဲ့တာကြောင့် တာဝါတိုင်မှာ ပျက်စီး သွားခဲ့ပြီး လျှပ်စစ် ဖြန့်ဝေမှု ရပ်တန့်ထားခဲ့ရပါသည်။

၎င်းတာဝါတိုင်ပျက်စီးခဲ့တာကြောင့် လျှပ်စစ်ဖြန့်ဝေမှုရပ်ဆိုင်း ထားရ ပြီး၊ တာဝါတိုင်များအား လျှပ်စစ်ဌာန မှတာ ၀န်ရှိသူများက ပြင်ဆင်ဆောင် ရွက်နေသည်ဟုသိရှိရပါသည်။ အစိုးရတပ်တွေက လိုင်ဇာ ဌာနချုပ် အနီးကို တိုက်ခိုက်နေတာကြောင့် ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အရပ်ဘက် ပစ် မှတ်များကို ပစ်မှတ် ထား တိုက်ခိုက် တာ ဖြစ်နိုင်တယ်လို့ ၀ိုင်းမော်ဒေသ ခံတွေက ပြောဆိုနေကြပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်