Thursday, January 03, 2013

အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး

Posted by drmyochit Thursday, January 03, 2013, under | No comments

From : မောက

အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့် သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ တစ်ဖနီ ဟာ့တ်ဖို့ဒ် တို့သည် တစ်အိမ်တည်း အတူနေကြပြီး ကလေးတစ်ယောက် ရရှိ လာသဖြင့် ပတ်ဝန်း ကျင်မှ သင်္ကာမ ကင်း ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြား ခဲ့ကြသည်။

တာဝန်ရှိ သူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသော အခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ ရသည်။

ဘီသဲလ် ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ ဟာ့တ်ဖို့ဒ်၏ ယခင် သူငယ်ချင်းဖြစ် သူက သတင်းပေး သဖြင့် သူတို့နှစ်ဦး ကိုခေါ်ကာ DNA စစ်ဆေးခဲ့ ရခြင်းဖြစ်ကြောင်း၊ ဟာ့တ် ဖို့ဒ်သည် သူတို့ကို အပြာ စာအုပ်နှင့် ဓာတ်ပုံများ၊ ဗီဒီယိုကားများ လာရောင်းလေ့ ရှိကြောင်း၊ ထိုအ လုပ်ကို သူမသည် အသက် ၁၆ နှစ်အရွယ် ကတည်းက လုပ်ကိုင် ခဲ့ကြောင်း သိရသည်။

ရဲများက သူတို့ အိမ်သို့ ၀င်ရောက်စစ်ဆေး ရာတွင် ဂျော့ ဆေယာ၏ ကွန်ပျူတာ အတွင်းမှ သမီးဖြစ်သူ ကိုယ်တိုင် ၀တ်လစ် စလစ်ဖြင့် ပုံစံအမျိုးမျိုးပေးပြီး ရိုက်ကူးထားသည့်ပုံများကို တွေ့ခဲ့ရသည်။ သမီးဖြစ်သူက သူမ သည် ကိုယ်တိုင် ဖခင်ဖြစ်သူနှင့် ကိုယ်ဝန်မရမီက အပြာဇာတ်လမ်းများတွင် သရုပ်ဆောင်ခဲ့ရကြောင်း ၀န်ခံ ထွက်ဆို ခဲ့သည်။

ဟာ့တ်ဖို့ဒ်၏ သူငယ်ချင်းဖြစ်သူက သူမသည် ထိုအခွေများကို တစ်ခွေလျှင် ဒေါ်လာ ၄၀ ဖြင့် လိုက် လံရောင်းနေ ကြောင်း၊ ဓာတ်ပုံများကိုလည်း တစ်ပုံလျှင် ၅ ဒေါ်လာဖြင့်ရောင်းကြောင်း၊ သူတို့ သားအဖ အတူနေ သည်ကို သူမ ကိုယ် တိုင်တွေ့မြင် ခဲ့ရကြောင်း ၀န်ခံပြောဆိုခဲ့သည်။

ရဲများက စစ်ဆေးစဉ် ပထမ၌ သူတို့နှစ်ဦးစလုံး ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးမှု ရလဒ် ထွက် လာမှ သူမ၏ မိခင်ဖြစ် သူကလည်း အစ်ကိုဖြစ် သူနှင့် အတူအိပ်ပြီး၊ သူမကိုယ်တိုင် ဖခင်နှင့်အတူ အိပ်ခဲ့ ရကြောင်း ၀န်ခံ သွားသည်ဟု သိရသည်။

သား အဖနှစ်ဦး စလုံးကို လက်ရှိ စစ်ဆေးရန် ဖမ်းထားပြီး မဖွယ် မရာပြု လုပ်မှု၊ ပူးပေါင်းကြံ စည်မှု၊ တရား မ၀င် ဓာတ်ပုံနှင့် ဗီဒီယိုခွေ များရောင်း ချမှုတို့ဖြင့် ဖမ်းဆီး အရေးယူ သွားမည် ဟု သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်