Thursday, January 03, 2013

မုဒိမ်းသမားများကို ဆေးထိုးပြီး သင်းကွပ်ရန်အဆိုတင်

Posted by drmyochit Thursday, January 03, 2013, under | No comments

From : မောက္ခ

အိန္ဒိ ယနိုင်ငံ ကွန်ဂရက် ပါတီက မုဒိမ်း သမား များကို ဓာတုဆေး ထိုးကာ သင်းကွပ်ရန် အတွက် အဆို တင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ လက်ရှိ ပြဋ္ဌာန်းထားသော မုဒိမ်းမှုဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွား ဖွယ်ရာ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်နေသဖြင့် ဆေးထိုးပြီး သင်းကွပ်ခြင်းဖြင့် အပြစ်ပေးနိုင်ရေး ကို စဉ်းစား နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း အသက် ၂၃ နှစ် အရွယ် ဆေးကျောင်း သူလေးကို ဘတ်စ် ကားပေါ်တွင် ရိုက်နှက် မုဒိမ်းကျင့်ကာ ကားပေါ်မှ ပစ်ချထား ခဲ့မှုနှင့် ပတ်သက်ပြီး အိန္ဒိ ယနိုင်ငံတွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ် ပွားနေ သေးကြောင်း သိရသည်။ အမျိုး သမီးတို့ ဘ၀ လုံခြုံ စိတ်ချ ရမှု မရှိခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယ အစိုးရ အနေဖြင့် ခေါင်းခဲစရာ ပြဿနာ တစ်ခု အဖြစ် ရင်ဆိုင်နေ ခဲ့ရသည်။

ကွန်ဂရက် ပါတီ ခေါင်းဆောင်တစ်ဦးမှ မုဒိမ်းသမားများကို ဆေးထိုးသင်းကွပ်ရန် ဥပဒေမူကြမ်းအား လွှတ်တော် သို့တင်သွင်းနိုင်ရန်ပြင်ဆင်နေကြောင်း၊ ထောင်ဒဏ်အနေဖြင့်လည်း အနည်းဆုံး နှစ် ၃၀ ခန့်ချ မှတ်ရန် အရေး ဆိုသွားမည်ဖြစ်ကြောင်း၊ လာမည့် အထူးကော်မတီအဖွဲ့ဆွေးနွေးရာတွင် တင်သွင်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှုကို ၁၄ နှစ်ခန့်သာ ပြစ်ဒဏ်ပေးပြီး၊ ရက်မစေ့မီ လွှတ်ပေးလေ့ ရှိကြောင်း၊ ထို့ကြောင့် ထိုအမှု အတွက် ထောင်ဒဏ်ကို နှစ် ၃၀ အထိ ပြင်ဆင် သတ်မှတ်ရန် အဆိုတင် သွင်းသွား မည်ဟု ပါတီခေါင်း ဆောင်မှ ပြောကြားခဲ့သည်။ သူက ဓာတုဆေးထိုးပြီး သင်းကွပ် ပစ်သည့် နည်းသာလျှင် အကောင်း ဆုံးဖြစ်မည် ယူဆသဖြင့် ထိုအ ဆိုကို အလေးပေး တင်သွင်း သွားမည် ဟုဆိုသည်။

အမေရိ ကန်ပြည်ထောင်စု ကာလီဖိုးနီးယား၊ ဖလော်ရီဒါနှင့် လူဝီစီယား နားပြည်နယ် များတွင် ကလေး သူငယ် များကို မုဒိမ်းကျင့် သူများအား ထိုသို့ဆေး ထိုးသင်း ကွပ်သည့် အလေ့ အထ ရှိကြောင်း၊ ၂၀၀၉ ခုနှစ် တွင် ပိုလန် နိုင်ငံ၌လည်း ထိုသို့ ကလေးများကို မုဒိမ်း ကျင့်သူ များကို ဆေးထိုး သင်းကွပ်ရန် ဥပဒေပြဋ္ဌာန်း ခဲ့ကြောင်း သိရ သည်။

ဆန္ဒပြ သူများ ကမူ မုဒိမ်း သမား ၆ ဦးကို သေဒဏ် အပြစ်ပေးရန် အတွက် သာတောင်း ဆိုနေ ခဲ့ကြသည်။ အိန္ဒိ ယနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ် ကတည်း ကသေဒဏ် ချမှတ်သည့် ပြစ်မှုများ မရှိတော့ဘဲ ၁၉၄၇ ခုနှစ်မှ ယနေ့ အထိ သေဒဏ် အပြစ်ပေး ခံရသူ များမှာ လူ ၅၀ သာရှိ ခဲ့သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်