ယနေ့ ၃-၁-၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် KIA တပ်ဖွဲ့အချင်းချင်း လုပ်ကြံ ပစ်ခတ် မှုကြောင့် KIA စစ်ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး လိုင်ဇာဆေးရုံတွင် ဆေးကု သမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဂမ်ရှောင်သည် လိုင်ဇာပတ်ဝန်းကျင်တွင် ခရီးသွားနေစဉ် KIA တပ်ဖွဲ့ဝင်အချို့မှ ပစ်ခတ်ခဲ့သဖြင့် ခြေထောက်နှင့် ပေါင်တို့တွင် ဒဏ်ရာရရှိသွားပြီး လိုင်ဇာဆေးရုံ သီးသန့် ခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းနှင့်အတူ ပါသွားသော ၎င်း၏ လုံခြုံရေး အရာရှိ ဗိုလ်မှူးအဆင့် ရှိသူတစ်ဦးနှင့် သက်တော်စောင့်(၇)ဦး လည်း လုပ်ကြံမှုတွင် သေဆုံးခဲ့ကြောင်း သိရှိရ သည်။
ဗိုလ်ချုပ် ဂမ်ရှောင် အနေဖြင့် KIA တပ်ဖွဲ့များအား အုပ်ချုပ်ရာတွင် ငယ်သားများအပေါ် ရက်စက်ပြင်း ထန် စွာ ကိုင်တွယ် အုပ်ချုပ်ခြင်း၊ KIA အဖွဲ့အတွင်းရှိ အခြားတိုင်းရင်းသားများအပေါ် အဆင့်အတန်း ခွဲခြား ၍ ဆက်ဆံခြင်း၊ ကချင် ဒေသအတွင်းရှိ ဗမာလူမျိုးများနှင့် ရှမ်းလူမျိုးများအပေါ် ရက်ရက်စက်စက် ပြုမှု ဆက် ဆံနေသောကြောင့် ၎င်းအပေါ် KIA အဖွဲ့အတွင်းရှိ ဂျိမ်းဖောနွယ်ဝင်မဟုတ်သော အခြား လူမျိုးများ ၏ မကျေနပ်မှုများ များပြား လျက်ရှိကြောင်း သိရှိရသည်။
KIA အဖွဲ့အတွင်း ဂမ်ရှောင်သည် သဘောထားတင်းမာသူ၊ လူမျိုးစွဲ ၀ါဒစွဲကြီးမားသူဖြစ်ပြီး ၎င်းတပ်ရင်းမှူး ဘ၀ တွင် မူးယစ်ဆေးဝါးကို အကြောင်းပြု၍ ဗမာလူမျိုးနှင့် ရှမ်းလူမျိုး(၁၀၀)ကျော်ခန့်ကို ရက်စက်စွာ သတ်ဖြတ် ခဲ့သူလည်း ဖြစ်သည်။ KIO အဖွဲ့အတွင်း ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအ၀င် ကချင်ခေါင်းဆောင် အများစုက အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးလိုသော်လည်း စစ်ဦးစီးချုပ် ဂမ်ရှောင်၏ သဘောထား တင်း မာမှု ကြောင့် ယခုအချိန်ထိ ငြိမ်းချမ်းရေးသဘောတူသည့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ေ ကြာင်း သိရှိရသည်။ (ကချင်နေ့စဉ် သတင်း)
Time in Rangoon

0 comments:
Post a Comment