Thursday, January 03, 2013

ရနောင်းမြို့အနှိပ်ခန်းတွင်ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးများအားဖမ်းမိ”

Posted by drmyochit Thursday, January 03, 2013, under | No comments

၂၀၁၂ ဒီဇင်ဘာ ၃၀ ထိုင်းမြန်မာ နယ်စပ် ရနောင် မြို့တွင်း ရှိသော ဘန်ချ ဖိုင်ခေါ် အနှိပ် ခန်း တစ်ခု တွင်ရောင်း စားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့အား ၂နိုင်ငံ လူကုန် ကူးမှု တိုက်ဖျက်ရေး အဖွဲ့များ ပူးပေါင်း ဆောင် ရွက်မှုဖြင့် ဖမ်းဆီး ကယ် တင်နိုင် ခဲ့ကြောင်း ခေါင်စွတ် သတင်း တွင်ရေး သားဖေါ်ပြ ထားသည်။

နေပြည်တော်မှတဆင့် ကော့သောင်းလူကုန်တား အဖွှဲ့က ထိုင်းနယ်ခြားစောင့်တပ်မြန်မာနိုင်ငံ အမှတ်(၂၅) ကို အကူညီတောင်း ခံခဲ့သဖြင့် တပ်ခွဲ ၂၅၂၁ က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရနောင်းမြို့ ဘာနွန်ရပ်ကွက် အမှတ်(၄) ဆိုင်အမှတ် ၁၄၅/၆၇-၆၈ ဖက်ကဆင်လမ်းတွင်ရှိသော ဘန်ချ ဖိုင်ခေါ် အနှိပ်ခန်း တစ်ခုကို ဝင်ရောက် ရှာဖွေရာတွင် ဆိုင်ရှင် ထိုင်းနိုင်ငံသား နိုင်စုမ်ဖုန်း (အသက်၅၃နှစ်) နှင့် ဇနီးဖြစ် သု မြန်မာနိုင်ငံသူ မတင်စိုး (အသက် ၄၀နှစ်)နှင့်မြန်မာအမျိုးသမီး ၆ ယောက် တို့ကို ဖမ်းဆီးခဲ့ သည်။

မတင်စိုးနေသော ၄ ထပ်မြောက် အခန်းထဲတွင် ထိုင်းလက်ဝှေ့ ကြည့်နေသော ဘုန်းကြီးမြန်မာ ဘုန်းတော် ကြီး နှစ်ပါးကို မသင်္ကာ၍ စစ်ဆေးမည်ဖြစ်သည်။ 

အမျိုးသမီး ၆ ယောက်ထဲတွင် အသက် ၁၈ နှစ်အောက် ၂ ယောက်ပါရှိသည်။ မိမိသဘောနှင့် လာရောက် အလုပ် လုပ်နေသူ ၃ဦးအား တရားမ၀င်အရေးယူမည်ဖြစ်သည်။

မတင်စိုး၏ ထွက်ဆိုချက်အရ မိန်းကလေးများ၏ မိဘများကို ကျပ်ငွေ ၃သိန်း နှင့် ဘတ်ငွေ ၂၃၀၀၀ ခရီးစား ရိတ် အပြီးစီး နှင့် ခေါ်ဆောင် လာခဲ့ကြောင်းထွက်ဆိုပါသည်။ 

မတင်စိုးကို လူကုန်ကူး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွား မည်ပာု khaosod news တွင် ရေးသားဖေါ်ပြ ထားသည်။

ရွှေလုပ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်