Thursday, January 03, 2013

လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

Posted by drmyochit Thursday, January 03, 2013, under | No comments

Thursday, January 03, 2013
ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေ ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊ ဂျက်တိုက်လေ ယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ် မတော် တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက် ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။

RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်