Thursday, January 03, 2013

ကချင်စစ်ပွဲ ပြီးတော့မည်၊ ဂမ်ရှောင် လိုင်ဇာ ဆေးရုံ ရောက်ပြီ

Posted by drmyochit Thursday, January 03, 2013, under | No comments

ယနေ့ နံနက် ၁၀း၃၀ ခန့်တွင် သဘောထား တင်းမာသည့် ကေအိုင်အို ဒုဥက္ကဌ၊ ကေအိုင်အေ ဦးစီးချုပ် ဂမ်ရှောင် သည် လိုင်ဇာ အတွင်းသို့ ရောက်ရှိစဉ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး လိုင်ဇာ ဆေးရုံသို့ ကေအိုင်ေ အ ဗိုလ်မှူး တစ်ဦးနှင့်အတူ ရောက်ရှိလာပြီး ကုသမှုခံယူနေရကြောင်း သိရှိရသည်။

ဂမ်ရှောင်အနီးတွင် အမြဲတွေ့နေရသည့် ကိုယ်ရံတော် တပ်ဖွဲ့ဝင် ၇ ဦးလည်း ဂမ်ရှောင်အား စွန့်ခွာသွား သည် ဟု သတင်း ရင်းမြစ်က ပြောခဲ့သည်။ အသေးစိတ် သိပါက ဆက်လက်ဖော်ပြပါမည်။ 
=================================================
ဂမ်ရှောင်အကြောင်းအား ဖတ်လိုလျှင် ဆက်ဖတ်ပါ။ KIA/KIO အတွင်း ဂမ်ရှောင် သည် သဘော ထားတင်း မာသူဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များက မူးယစ် ဆေးဝါး နှိမ်နင်းမှု အကြောင်းပြကာ ဆဘော့ တွင် လူ ၁၀၀၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်တစ်ဥိးသာဖြစ်ပါသည်။

ငြိမ်းချမ်းရေး ရယူပါက၄င်းလုပ်ရပ်များအတွက် တာဝန်ယူရမည်ဖြစ်သဖြင့် သီးခြား လွတ်လပ်သော ကချင် (၀မ်ပေါင် )နိုင်ငံတော် ထူထောင်ရေး ကိုသာ လက်ကိုင် ထားပြီး၊ ဆီးရီးယား သမတ'' အာဆတ်''ကဲ့သို့ အသက်သာ အသေခံမည် ငြိမ်းချမ်းရေး မယူလိုသူဖြစ်သည်။ လက်နက်ကိုင်ပြီး KIO/KIAတွင် အကြောက် တရားဖြင့် သြဇာ လွှမ်းမိုးထား သူဖြစ်ပြီး မထင်ရင် မထင်သလို ရက်စက်ပြတတ် သူဖြစ်သည်။ 

၂၀၁၃ ခုနှစ်တွင် ၀မ်ပေါင်နိုင်ငံအဖြစ် လွတ်လပ်ရေးေ ကြညာရန်ကြိုးစားနေသော်လည်း အများစုက သဘော မ တူမှုကြောင့် ဗဟိုဌာနချုပ် အတွင်း အကြိမ်ကြိမ်ဆွေးနွေးနေကြရသည်။
သဘောထား ကွဲလွဲမှုကြောင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှုတ်ထွက်ခွင့် တင်သလို KIO ဗဟိုတွင် လည်း အပြောင်း အလဲ များကိုမျှော်လင့်နေကြသည်။ အများ စုကတော့ ဂမ်ရှောင်ရှိနေသမျှ ငြိမ်းချမ်းရေး မရနိုင်မှန်း သိလာကြပြီဖြစ်သည်။

ဂမ်ရှောင်သည် ကချင် လူထုကောင်းစားရေး အကြောင်းပြနေသော်လည်း ထု၏ အခက်အခဲများကို တင်ပြတိုင်း ''တော်လှန်ရေး ကာလမှာ ဒီလောက်တော့ ပေးဆပ်ရ မှာပေါ့" ဟူသော စကားကို လက်ကိုင် ထားသူဖြစ်သည်။

ထိခိုက်ကျဆုံး မှုများပြားလာမှုကြောင် KIA တပ်ဖွဲ့ အင်အားဖြည့် တင်းနိုင်ရန် ကချင်ပြည်နယ် အတွင်း နေထိုင်သူ မှန်သမျှ ကချင်နိုင်ငံ တော်သစ်ပေါ် ထွန်းရေးတွင် တာဝန်ရှိသည် ဟု ဆိုကာ ရှမ်း၊ ဗမာ၊ ရခိုင်များ သာမက ခုအခါမွတ်ဆလင်(ကုလား)များကိုပါ ဖမ်းဆီးလက်နက်တပ်ဆင်ပြီး ကုလားတပ်ရင်းများ ကိုဖွဲ စည်း လျက်ရှိသော်လည်း တရုတ်သွေး ပါသူဖြစ်သဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ အတွင်းရှိ ၄င်း၏ ယ်ကျိုးစီးပွားများကို ထိုခိုက်မည်စိုးသဖြင့် လည်းကောင်း တရုတ်များ ကိုမူ စုဆောင်းမှု မရှိသည် ကိုတွေ့နေ ရပေသည်။ KIA အတွင်း အကြပ် အတည်းဖြစ်လာတိုင်း မဟာဗျူဟာ အရဟုဆိုကာ လမ်းများ တံတားများ ကို ဖျက်ဆီးခိုင်းလေ့ ရှိသူလည်းဖြစ်သည်။

နောက်ဆုံးပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းမော်လူးဘူတာ အလွန် အမှတ် ၄၇၈တံတားဖျက်ဆီးမှုသည် ဗမာ နယ်မြေ အတွင်းဖြစ်သောကြောင့် မလုပ်ရန် အများစု ကကန့်ကွ က်ခဲ့သော်လည်း တပ်မ (၃၃) ကချင် ပြည် နယ် အတွင်း ၀င်ရောက်လာမှုကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ ယခုလို လုပ်မှသာ စစ်တပ်က အင် အား များကို လမ်းကြောင်းပေါ်တွင် ထိန်းချုပ် ထားနိုင်မည်ဖြစ်ကြောင်း ပြောဆိုကာ အမိန့်ပေးခဲ့သူဖြစ်သည်။ 

၎င်း၏ ကိုယ်ကျိုး အတွက်(လူ ၁၀၀၀သတ်ခဲ့သည့်ပြစ်ချက်အတွက် ပြစ်ဒါဏ် မခံယူလိုခြင်း) ကချင်ပြည် လွတ် လပ်ရေး ဟုကြွေးကြော်ကာ မြန်မာပြည်မှ ခွဲထွက်ရေးကို ဦးစားေ ပးလာပြီး ကချင်ပြည်နယ် အတွင်း ၄င်း တစ်ဦး တည်း ကျန်သည်အထိ တိုက်ပွဲဝင်မည့်သူ ဖြစ်သည်။

သတိရှိသော်လည်း ပညာအခြေခံ နည်းပါးပြီး မိုက်ရူးရဲဆန်သူဖြစ်သဖြင့် KIO/KIAအတွင်း ဂမ်ရှောင် နှင့် ထိပ် တိုက်ဖြစ်မှုကို ရှောင်လွှဲကြသည်။ ယင်းကိုပင်၎င်းကကျေနပ်နေပြီး မိမိကိုယ်ကို ကချင်သူ ရဲကောင်း တစ်ဦး၊ ထက်မြက်သော တပ်မှူးကြီးတစ်ဦး ဟု ဘ၀င်လေဟပ် နေသူဖြစ်သည်။ ပညာအခြေခံ နည်းပါး သူဖြစ်သည့် အလျောက် ၄င်း အပေါ် ရွံကြောက်ဖြစ်နေ သည်ကို သစ်စာ ခံနေသည် ဟု ထင်မြင်နေပြီး ၄င်းကဲ့ သို့ မိုက်ရူးရဲများ၊ ပညာမဲ့ အခွင့်အရေးသမားများကို မြှောက်စားထားသူဖြစ်သည်။ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပေါ် အမြဲ သံသယ ရှိသူဖြစ်ပြီး ဂွမ်မော်၏ အယူအဆ များကိုလည်း ပျော့ညံ့သည် ဟု ယူဆထားသူဖြစ်သည်။ 

ထိုသံ သ ယကြောင့်ပင် KIO/KIA ဗဟိုအတွင်း ဗိုလ်ချုပ် ဂွမ်မော် စင်ပေါ်ရောက် လာနိုင်သည့် နောက်ဆုံး ငြိမ်း ချမ်းရေးေ ဆွးနွေးပွဲပြုလုပ်မည့် ခရီးလမ်းတစ်ဝက် အရောက်တွင် ရှမ်းမြောက်ဒေသ စစ်ဆင် ရေးကို အကြောင်ြး ပကာ ဗိုလ်ချုပ် ဂွမ်မော်ငြိမ်းချမ်းေ ရးဆွေးနွေးပွဲ သို့ မတက်ရောက်နိုင်ရန် ၄င်း တစ်ဦး တည်း ဆုံးဖြတ် ပြီး အမိန့်ပေးခဲ့ သူဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် KIO အဖွဲ့အတွင်း မကျေလည်မှုများေ ပ်ါပေါက်ခဲ့ ရပြီးငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှုတ်ထွက်သည် အထိ လူသိရှင်ကြာြး ဖစ်ခဲံ့ရသော်လည်း ထုံး စံ အတိုင်း အားလုံးက လက်နက်ကိုင် တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဂမ်ရှောင်ကို အလျော့ပေးခဲ့ရပြန်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်