Thursday, January 03, 2013

ကေအိုင်အေတပ်ဖွဲဝင်များ အစိုးရတပ်နဲ့ ပြည်သူ့စစ်များထံသို့ အလင်းဝင်ရောက်

Posted by drmyochit Thursday, January 03, 2013, under | No comments

ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ်သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့ ပါသည်။ အလင်ဝင်လာသူ ၂ဦးက မြင်ခြံ တောင်သာဘက်ကလို့ သိရပါသည်။

ဒီဇင်ဘာလ ၃၁ရက် နေ့လည် ၁၁နာရီလောက်မှာ ရှမ်းဟွေ့တံတားနားမှာလုံခြုံရေး ယူနေတဲ့ အစိုးရတပ်ကို ကေအိုင်အေက တပ်သား ၄ဦး အလင်းဝင်ရောက်ခဲ့ပါသည်။ သူတို့သေနတ်တွေ မယူလာကြဘဲ ရောက်ပြီးမှာ သူတို့ သေနတ်ထားခဲ့နေရာတွေကို အစိုးရတပ်တွေကို သွားရောက်ပြသခဲ့ကြသည်။ ၄င်းတို့ ၄ဦး မှာ မလိခမြစ်ကြောင်းမှာ ရွှေမှော်လုပ်ကိုင်ရင်းနဲ့ ကေအိုင်အေတပ်သားသစ်စုတာကို ခံရသူများဖြစ်ပြီး ရန်ကုန်၊ တိုက်ကြီးမှ ကချင်ကိုလာပြီး အလုပ်လာ လုပ်သူများဖြစ်ကာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြားရှိသူများဖြစ်သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ပြောကြား ခဲ့သည်။

From: http://www.myanmarexpress.net/2013/01/blog-post_8503.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်