Wednesday, March 13, 2013

လက်ပံတောင်းတောင် စီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းသည် ယင်းဒေသ အကျိုးတစ်ခုတည်းအတွက် မဟုတ် ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော ကြား

Posted by drmyochit Wednesday, March 13, 2013, under | No comments

 လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင် ရွက်ခြင်း သည် ယင်းဒေသ အကျိုး တစ်ခု တည်း အ တွက် မဟုတ်ဘဲ နိုင်ငံ၏ အနာ ဂတ်ကို မျှော် ကိုး၍ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင် ဆန်း စုကြည်က မတ်လ ၁၂ ရက်က ပြည်ထောင် စု လွှတ်တော် အစည်း အဝေး ၌ မီဒီ ယာ များနှင့် တွေ့ ဆုံ စဉ် ပြောကြား သည်။

ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တပ်မတော်နှင့် ဆက်ဆံရေးကို အဓိက ထား လုပ်ဆောင် ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည် အနာဂတ်ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုင်းပြည် ၏ သိက္ခာ နိုင်ငံတိုးတက်မှုအတွက် အင်အားရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

“လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ၀င်ပြီးတော့ လုပ်တာဟာ ဒီဒေသလေးအတွက် မဟုတ်ဘူး။ တစ်နိုင်ငံ လုံးအတွက်၊ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး၊ ဒီနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုဖြစ် သင့် ဖြစ်ထိုက်တယ် ဆိုတာကို လေ့လာစုံစမ်းပြီးတော့ လုပ်သွားတာပဲ။ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တယ်။ ဒီရည်ရွယ် ချက်နဲ့ ပဲ ဆက်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် အများပြည်သူ ပြောဆိုနေသော မီးလောင် ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံး သာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့စမ်း သပ် စစ်ဆေးမှု များကို ကြည့်ရှုခဲ့ ရကြောင်း၊ သို့ရာတွင် မီးခိုး ဗုံးကို အသုံးပြုရာ ၌ သုံးပုံသုံး နည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ် ထားမှု မရှိဘဲ အသုံးပြုခဲ့ သည့်အတွက် မလိုလား အပ်သည့် ကိစ္စ များ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


အများပြည်သူ ပြောဆိုနေသော မီးလောင်ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့ စမ်းသပ် စစ်ဆေးမှုများကို ကြည့်ရှုခဲ့ရကြောင်း၊ သို့ရာတွင် မီးခိုးဗုံးကို အသုံးပြုရာ၌ သုံးပုံသုံးနည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ်ထားမှု မရှိဘဲ အသုံးပြုခဲ့သည့်အတွက် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း...

လက်ရှိတွင် လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်ဆန္ဒ ထုတ်ဖော်နေမှုများ အပေါ်တွင် လည်း “ဥပဒေစိုးမိုးရေး အမြင်နဲ့ အားလုံး လုပ်သွားရမှာပါ။ ကိုယ်ရဲ့ ကိုယ်လိုချင်တာမရလို့ အကြမ်းဖက်မယ် ဘာမယ်ဆို တာကတော့ မလုပ်သင့်တဲ့ ကိစ္စပဲ။ ဆန္ဒပြတာတော့ ဥပဒေဘောင်တွင်းက ဆန္ဒပြပိုင်ခွင့် ရှိတာပဲ။ အဲဒီတော့ ဥပဒေဘောင် အတွင်းက လုပ်ရမှာပဲ။ ကျွန်မတို့ ကော်မရှင်ကလည်း လုပ်သမျှ အားလုံး ကို ဥပဒေဘောင်တွင်းက လုပ်သွားတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးခဲ့ရာ၌ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာ ၀န်များ ကို ကျေ ပွန်စွာ ဆောင်ရွက်ခဲ့မှုနှင့် အားလုံးက ၀ိုင်းဝန်းကူညီခဲ့သည့် အတွက် မိမိ အနေဖြင့် ကျေ နပ်ကြောင်း၊ ယင်းကဲ့သို့ ကူညီခဲ့သည့်အတွက် သိသင့်သိထိုက်သော အချက်အလက်များကို အခက်အခဲ သိပ်မရှိ ဘဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော် မရှင် ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်တွင် ကော်မ ရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ကော်မရှင်အနေနှင့် စီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို မတ်လ ၁၁ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ် အချိန်က သမ္မတထံသို့ တင်သွင်းခဲ့သည်။
 
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်