Wednesday, March 13, 2013

သမိုင်းကပြောလာတယ်။ ရိုဟင်ဂျာမရှိဘူး

Posted by drmyochit Wednesday, March 13, 2013, under | No comments

၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တို ဘာလတွေ မှာ မြန်မာနိုင် ငံ ရခိုင်ပြည် နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူ မျိုးတွေ နဲ့ ဘင်္ဂါလီတွေကြား မှာ ပဋိပက္ခ ဖြစ်ပွား မှုတွေ ရှိခဲ့ပါ တယ်။ အဲဒီလို ပဋိပက္ခဖြစ် မှုတွေနဲ့ အတူ နိုင်ငံ တကာက လည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမို အာရုံ စိုက်လာ မှုတွေ ရှိခဲ့ ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့ စကား လုံးမှာလည်း ရခိုင်နှင့် သမိုင်း ပညာရှင်တွေကြား ထဲမှာ မေးခွန်း ထုတ်စရာ မလိုဘဲ ကျယ်လောင် လာတဲ့ စကားလုံး တစ်ခု ဖြစ်လာ ခဲ့ပါတယ်။ အဲဒီ အချိန် မှာပဲ ထိုင်းနိုင်ငံရောက် ရခိုင် လူမျိုးတွေ က ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ပြုလုပ်မယ့် ရခိုင် သမိုင်း ဆိုင်ရာ နိုင်ငံ
တကာပညာ ရှင်များ ရှင်းလင်း ပွဲသို့ တက်ရောက်လေ့ လာခွင့် ရခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင် ဂျာဟု ဆိုသူတွေဟာ ဘင်္ဂါလီတွေ သာဖြစ်ကြောင်း ရှင်းလင်း ပွဲက အဖြေထုတ် သွားခဲ့ပါတယ်။

ရည်ရွယ်ချက် သုံးရပ်နဲ့ ကျင်းပတဲ့ ရှင်း လင်းပွဲ   

ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက ''ရှင်းလင်း ပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်း ပတာပါ။ (၁) ကျွန်တော်တို့ ရခိုင် သမိုင်းကို နိုင်ငံတကာသတင်း မီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပ အခြေစိုက် နိုင်ငံ တကာ သတင်း မီဒီ ယာတွေနဲ့ ပြည်ပ အခြေ စိုက် မြန်မာ သတင်း မီဒီယာတွေ ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို တွင်တွင်ကြီးသုံးနေကြတာ တွေ့ရှိရတယ်။ အမှားကြာလျင် အမှန်ဖြစ် တတ်သွား ပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေ သီများ အတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေ ခဲ့ဖို့ ဖြစ်ပါတယ်'' လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မငြိမ်သက်မှုများရဲ့ နိဒါန်းအစ

ဆွေးနွေး ပွဲမှာ ရခိုင်ပြည်နယ်တွင်း မငြိမ်သက်ရခြင်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို လှစ်ဟပြ သခဲ့ရာ မှာ ရခိုင်သမိုင်းရှင်းလင်းပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ရခိုင်တွေဟာ မွတ်စလင်တွေနဲ့ ဆယ်စုနှစ် တော်တော် များများ ထိ ပြဿနာတွေ မဖြစ်ဘဲ ငြိမ်းချမ်း စွာနဲ့ အတူ ယှဉ်တွဲ နေထိုင်ခဲ့ ကြပါ တယ်။ ဒီနေ့ အသစ်ရောက် ရှိလာတဲ့ ရိုဟင် ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီ မွတ်စလင် တချို့ရဲ့ သွေးထိုး လှုံ့ဆော် မှုတွေကြောင့်သာ ရခိုင်ပြည်တွင်း နေထိုင်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့ ရခိုင်တွေကြား တင်းမာခဲ့ ရတယ်လို့ ဆိုခဲ့တယ်။ မွတ်စလင်တွေဟာ ရိုဟင်ဂျာ ဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီတွေရဲ့ စကားကို အများစု နားယောင်ပြီး ဒေသခံတွေ ကို ပြဿနာ ရှာခဲ့ရာက စတင်ခဲ့ တယ် လို့လည်း ပြောခဲ့ပါတယ်။ ဒီပြဿ နာဟာ သမိုင်းနဲ့ ဆက်စပ်နေတဲ့ အတွက်ကြောင့် သမိုင်း ရှုထောင့်မှ ရှင်းရ လိမ့်မယ် လို့ ထင်မြင်မိ တာကြောင့် ဒီနေ့ ရခိုင်သမိုင်းဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်လို့ ၎င်းက ထောက်ပြထားခဲ့ပါတယ်။

အဲဒီရှင်းလင်းပွဲမှာ ရခိုင် သမိုင်း ဆိုင်ရာ နိုင်ငံ တကာ ပညာ ရှင်တွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံ အာရှလေ့ လာရေးဌာ နမှ ဒေါက်တာ ဂျက်ပ လိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ ဘာသာစကား အသိ အမှတ်ပြု အသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင် ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါ တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်း တို့က ရခိုင် သမိုင်းနဲ့ စပ်လျဉ်းပြီးတော့ အခုလိုရှင်းလင်းခဲ့တယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စ လင်အုပ် စု မြောက် ဦးမှာ ရှိနေ ပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ် မှတ်ကြ ပါဘူး' ဆိုတာ ကတော့ ကျွန်တော်တို့ နားထောင် ခဲ့ရတဲ့ သမိုင်း ထဲက အထင် အရှားပြသ ခဲ့တဲ့ ပြယုဂ် တစ်ခုပါ  .   .   .

နိုင်ငံရေး၊ စီးပွားရေး စေ့ဆော်ချက်များနဲ့ ရခိုင်သမိုင်း

ပြင်သစ်နိုင်ငံရဲ့ အာရှလေ့ လာရေး ဌာနမှ ဒေါက်တာ ဂျက်ပ လိုင်ဒါ က ရခိုင်ဘုရင်နိုင်ငံ မြန်မာ ဘုရင်နိုင်ငံ ရဲ့ နယ်ပယ်ဖြစ် လာတဲ့ အခါ ဖြစ်ပျက် ခဲ့တဲ့ အကြောင်း အရာတွေ ကို ရှင်းလင်း တဲ့အခါ ရခိုင်ကို ဘိုးတော် ဘုရား သိမ်းပိုက် အနိုင် ယူ ခဲ့စ ဉ်က စေ့ဆော်ချက်တွေ ထဲမှာ နိုင်ငံရေးနဲ့ သဘော တရားရေး၊  ဘာသာရေး၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့တယ် လို့ ဆိုပါတယ်။

နိုင်ငံရေး သမိုင်းများကြားက ရခိုင်-မြန်မာဆက်ဆံရေး

ရခိုင်ကို မြန်မာတွေ (၁၇၈၅-၁၈၂၅) ခုနှစ် အတွင်း အုပ်ချုပ်ခဲ့ စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေတွေ ပြောင်းလဲလာ ပုံတွေ ကို ၎င်းက ဆက်လက် ရှင်းလင်း ခဲ့ပါတယ်။  (၁၇၈၅-၁၇၉၅) ခုနှစ် အတွင်းမှာ ရခိုင် အထက်တန်း လွှာတွေကို နယ်နှင်ဒဏ်ပေး ခဲ့တာတွေ၊ မြန်မာ-ရခိုင် ပူးတွဲ အုပ်ချုပ်ရေး ဆိုင်ရာ ကဏ္ဍတွေ၊ (၁၇၉၅ -၁၈၁၀) ခုနှစ် အတွင်းမှာ အခွန်အခ တိုးမြှင့်ကောက် ခံတာတွေ၊ အဓမ္မစေခိုင်း မှုများ ပြုလုပ်ခဲ့ တာတွေ၊ မြန်မာ ဘုရင်ရဲ့ စစ်ပွဲများ အတွက် စားနပ် ရိက္ခာများ ထောက်ပံ့ ခဲ့ရခြင်းတွေ၊ ရခိုင်ကို မြန် မာတွေ ၀င်ရောက် အခြေချ နေထိုင် ခဲ့ကြ တာတွေဟာ အိပ်မက် တစ်ခုလို သမိုင်း တစ်ခုမှာ ရှိနေခဲ့ကြ ပါတယ်။


နေထိုင်မှု ပုံစံပြောင်း လဲလာခဲ့ တဲ့ ရခိုင် လူမျိုးတွေ

(၁၇၈၇-၁၈၁၅) ခုနှစ် အတွင်းမှာ တစ်ချိန် တည်း မှာပဲ မြန်မာ ဘုရင်ရဲ့ အုပ်စိုး မှုကို ပုန်ကန်တဲ့ အရှိန် အဟုန်တွေ ဟာလည်း တရိပ်ရိပ် မြင့် လာ ခဲ့ကြတယ်။ နောက်ပြီး ရခိုင်လူမျိုး အလုံး အရင်းဟာ ဘင်္ဂလားတောင် ပိုင်းသို့ ရွှေ့ပြောင်းအခြေချသွားခဲ့ကြတယ်။ (၁၈၁၅-၁၈၂၅) ခုနှစ်အတွင်းမှာ စီးပွားရေး ပုံစံ ကူးပြောင်းလာခဲ့ပေမယ့်  မြန်မာဘုရင်အုပ်ချုပ်မှုကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုပုံစံမျိုးတွေတော့ မရှိခဲ့ဘူး လို့ ဒေါက်တာ ဂျက်ပလိုင်ဒါက  ဆိုပါတယ်။

တစ်ချိန်က ရခိုင်နဲ့ ဘင်္ဂါလီ ဆက်ဆံရေး

ရှင်းလင်းပွဲမှာ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင် ရွက်ရေးမှူး ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်(လိုက်ဒင်းတက္ကသိုလ်) က ၁၅ ရာစုမှ ၁၈ ရာစု အတွင်းက ရခိုင်ဒေသမှာရှိခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလားအကြား ဆက်ဆံရေးအခြေအနေတွေကို ရှင်းလင်း ခဲ့တဲ့ အခါမှာ ကျွန်တော်တို့အတွက် အားတက်သရော နားထောင်စရာ ဖြစ်လာခဲ့တယ်။

သမိုင်းထဲက ရခိုင်စီးပွားရေး

၁၆၃၅ ခုနှစ်မှာ ရခိုင်ဘုရင် သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်ဘုရင်တွေ သြဇာ အာဏာ ကြီးထွားလာမှုရဲ့ အဓိကအချက်ကတော့ ကုန်သွယ်ရေးက ရရှိတဲ့ အခွန် ဘဏ္ဍာတွေကြောင့် ပဲ ဖြစ် ပါတယ်။ ဒါကလည်း ရခိုင်နဲ့ ဘင်္ဂလားဒေသတွေမှာ ရှိခဲ့ကြတဲ့ ဒတ်ခ်ျလူမျိုးတွေရဲ့ ကုန် သွယ်ရေး ဖြစ် စဉ်တွေကြောင့် လို့ အထောက်အထားတွေအရ သိခဲ့ရတယ်။ ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင် ဘက်ပိုင်းမှာ ရခိုင်တွေရဲ့ ထိန်းချုပ်မှု စတင်အားလျော့လာခဲ့ရတယ်။ အဲဒီလိုအားလျော့လာ ခဲ့ရတဲ့ အကြောင်းရင်းကတော့ အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့်ပဲ ဖြစ်ခဲ့တယ်။ ၁၆၆၆ ခုနှစ် နောက်ပိုင်းမှာတော့ စစ်တကောင်းကို လက်လွှတ်ခဲ့ရတဲ့အတွက် ရခိုင်ဒေသ အားနည်း လာခဲ့ ရတော့ တယ်။ ဒါ့အပြင် ရခိုင်ဒေသကနေ ဒတ်ခ်ျ ကုန်သည်တွေ ထွက်ခွာသွားခြင်းဟာလည်း ရခိုင်စီးပွားရေး အပေါ် သက်ရောက် မှု ရှိစေခဲ့တယ်လို့ သိခဲ့ရတယ်။ ဒီလို ဘင်္ဂလားကနေပြီးတော့ အခွန်ဘဏ္ဍာမရရှိမှု၊ ဒတ်ခ်ျ ကုန်သည်တွေ ထွက်ခွာသွားမှုတွေဟာ ရခိုင်စီးပွားရေး ဈေးကွက်ကို အေးစက်စေ ခဲ့ပါတယ်။ ဘင်္ဂလားကို ထိန်း ချုပ်ပြီး ရရှိလာတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ကုန်သွယ်မှုမှ ရရှိတဲ့ အခွန်အခတွေကို မှီခိုနေရတဲ့ ရခိုင်ဘု ရင်ရဲ့ သြဇာအာဏာဟာလည်း ခြိမ်းခြောက်ခံနေခဲ့ရပါတယ်။ ထို့အတူ ၁၇ ရာစုနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လည်း ရခိုင်ဘုရင့်တိုင်းပြည်ဟာ မြန်မာဘုရင်လက်အောက်မှာ ကျဆုံးခဲ့ရပါတယ်။ သမိုင်း က ပြောလာ တယ်။ ရိုဟင်ဂျာ မရှိဘူး။ ''ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစုလောက် မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ် ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး''ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင် အရှားပြ သခဲ့တဲ့ ပြယုဂ်တစ်ခုပါ။

'ရခိုင်-နယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့ နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှုဆီသို့ '


ဆက် လက်ပြီးတော့ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနက သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက 'ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစုအကြမ်း ဖက်မှု (၁၈၂၆-၁၉၇၅) 'ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ၁၈၇၉ ခုနှစ်ကနေ စတင်ပြီးတော့ စစ်တကောင်း သားတွေရဲ့ ပြောင်းရွှေ့နေထိုင်မှုတွေက ပိုပြီးများလာခဲ့ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့ နယ်တွေ မှာ စစ်တကောင်းဒေသခံတွေ အများဆုံးဖြစ်လာခဲ့တယ်လို့ သိခဲ့ရတယ်။

ကိုလိုနီခေတ်မှတ်တမ်းကပြောတဲ့ အထောက်အထားတွေ

''ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေ ပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာမရှိ ပါဘူး''ဆိုတဲ့ အချက်ကိုတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက အထောက် အထားများ နဲ့ ပြောကြားသွား ခဲ့တာပါ။ ဒါနဲ့ဆက်စပ်ပြီး ဘင်္ဂါလီတွေဟာ နှစ်ပေါင်း ၄၀ အတွင်း (၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်)မှာ လူဦးရေတိုး ပွားမှု အမြင့်ဆုံးနှုန်း ရှိခဲ့တာကိုလည်း အထောက်အထားတွေနဲ့ တင်ပြခဲ့တာ တွေ့ခဲ့ ရပါတယ်။ နှစ်ပေါင်း ၄၀ အတွင်းမှာ  ဘင်္ဂါလီ အစ္စလာမ် ဘာသာဝင်ဦးရေ ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွား လာပုံ၊ ရခိုင်ရွာတွေကို မူဂျာဟစ် သူပုန်တွေက ဖျက်ဆီးပုံနဲ့ မူဂျာဟစ် ပါတီရဲ့ တောင်းဆို ချက်တွေ အရ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂါလီတွေက ၉၄ ရာ ခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့နဲ့ လူအ များစု ဖြစ်နေခဲ့ကြောင်း ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တယ်။ မစ္စတာကာဇိုင်းက မြန်မာတွေ အနေ နဲ့ မောင်းထုတ် ပိုင်ခွင့်ရှိတဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီကျူးကျော်သူ ငါးသိန်းကျော်ရှိတယ်ဆိုတာကို ၀န်ခံခဲ့ ပါတယ်။ နောက်ပြီး သူက  ဘင်္ဂလားနိုင်ငံရဲ့ လက်ရှိပြဿနာတွေ အတောအတွင်းမှာ  ဒီပြဿနာကို အင်တိုက် အားတိုက် မလုပ်ဖို့ မြန်မာအစိုးရကို တောင်းပန်ခဲ့ပါတယ်။ နောက်ပြီးသူက မြန်မာနိုင်ငံကို လူတွေအစု လိုက် အပြုံလိုက် ၀င်ရောက်သွားခြင်း မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ The National Archives , London:FCO 15/2041 C 384097 ကို ကိုးကားပြီး ဒေါက်တာအေးချမ်းက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ စကားလုံးရဲ့အစ

ရိုဟင်ဂျာ စကားလုံးကို မည်သည့် အချိန်တွင် မည်သူက စတင် သုံးစွဲ ခဲ့ကြောင်း ကိုတော့ သမိုင်း ပါမောက္ခ ဒေါက် တာအေးချမ်းက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်တွင်  ဘူးသီးတောင်မှ Mr. Abdul Gaffa က တီထွင် ခဲ့ကြောင်း၊ စင်စစ်တွင် ၎င်းမှာ ရိုဟင်ဂျာ ဆိုသောစကားလုံးကို Roshang or Rohan က ယူတာဖြစ်ကြောင်းနှင့် Roshang or Rohan စကားရပ်မှာ ဘင်္ဂါလီ စကားရပ်ဖြစ်ပြီး ရခိုင် လူမျိုးကိုသာ ခေါ်တွင်သည့် စကား ရပ်ဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။ ဘင်္ဂါလီ အရေး ဆောင်ရွက်ရေး သားနေသူ ဦးဌေးလွင်ဦးက Francis Buchanan ရေးသားခဲ့တဲ့ စာတမ်းမှာ ရခိုင်ပြည်မှာ ကာလကြာ ရှည် နေထိုင်ခဲ့ကြတဲ့ မိုဟာမေဒင်များဟာ သူတို့ကိုယ်သူတို့ rooinga လို့ ခေါ်ဆိုကြောင်း၊ အဆိုပါစာတမ်းမှာ ဗြိတိ သျှတွေ ရခိုင်ကို မရောက်ခင် ၁၈၀၁ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ကြောင်း၊ တစ်ကယ်လို့ ရိုဟင် ဂျာတွေသာ အဲဒီမှာ မရှိဘူးဆိုရင် ဘာကြောင့် ယခုလို အသုံးအနှုန်းမျိုးကို ထည့်သွင်းရေး သားခဲ့ရ တာလည်း ဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ  ဒေါက်တာအေးချမ်းက ဒါဟာ ရိုဟင်ဂျာတွေကို ဆိုလိုတာ မဟုတ်ကြောင်း၊ စာတမ်းရှင်က Rohhawn, Roan လို့လည်း သုံးနှုန်းခဲ့ကြောင်း၊ ထိုအချိန်က ဘင်္ဂါ လီတွေဟာ ရခိုင်တွေကို Rohhawn, Roan လို့လည်း ခေါ်ဆိုခဲ့ကြောင်း၊ ဒီ Rohhawn, Roan ဆိုတာ ဟာ နောက်မှ တရားမ၀င် ရွှေ့ပြောင်း ရောက်လာတဲ့ ဘင်္ဂါလီတွေကို ခေါ်ဆိုခြင်း မဟုတ်ကြောင်း၊ primary sources များကို ကိုးကားပြီး မေးမြန်းချက်ကို ချေပခဲ့ပါတယ်။နောက်ပြီး ဒေါက်တာအေးချမ်းက သူ့ကိုးကား ချက်တွေဟာ primary sources တွေဖြစ်ပြီး ဦးဌေးလွင်ဦး ပြောကြားခဲ့တာတွေက Secondary Sources ဖြစ်ပြီး Article သာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ အားထားယုံကြည်လို့ မဖြစ်နိုင် ဘူးလို့ ပြောကြား သွားခဲ့ ပါတယ်။


ရိုဟင်ဂျာ ပြဿနာ၏ အရင်းအမြစ်

ရှင်းလင်း ပွဲကို တက်ရောက် လာသူတစ်ဦးက ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခရင်းမြစ်ရဲ့ အဓိက အကြောင်း ရင်းကို မေးမြန်း တဲ့အခါ ဒေါက်တာအေးချမ်းကပဲ ''ဒါဟာ ဗြိတိသျှ ကိုလိုနီမူဝါဒတွေရဲ့ အကျိုး ဆက်တွေကြောင့် ဖြစ်ရတာပါ။ သူတို့ဟာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ ရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်ကိုင် ဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဗြိတိသျှအစိုးရအနေနဲ့ ဒီတာဝန်ကို ယူဖို့ တွန့်ဆုတ်နေ တယ်ဆိုတာ ရှင်းနေတာပါပဲ။ နောက်တစ်ချက်က ဘင်္ဂါလီတွေ ပြောတဲ့စကားဟာ စစ် တကောင်း ဘက် မှာ ပြောတဲ့လူမျိုးတွေရဲ့ ဘာသာစကား သုံးစွဲပုံခြင်း တူနေတဲ့ အချက် ပါပဲ'' လို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေရဲ့ မိခင်နိုင်ငံ အနေနဲ့ လည်း ဒီရွှေ့ပြောင်းလာမှုတွေအတွက် အပြစ်တင်သင့် တယ်လို့ လည်း ဒေါက်တာအေး ချမ်းက ဆိုပါ တယ်။  ''ကျွန်တော်တို့ဟာ အိမ်ရှင်ပါ။ သူတို့တွေက ဧည့်သည်ပါ။'' ဆိုပြီးတော့ အဆုံးသတ်ခဲ့ ပါတယ်။


ရိုဟင်ဂျာ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိရပြီ

''ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင် ဂျာ မြန်မာနိုင်ငံမှာ မရှိဘူး'' ဆိုတာကတော့ သမိုင်းပညာ ရှင် ဒေါက်တာအေးချမ်း က နိုင်ငံတ ကာနှင့် ပြည် တွင်းမှာ အာရုံစိုက်နေသည့် ရိုဟင်ဂျာ ဆိုသည့် အငြင်းပွားဖွယ်ရာ ပြဿနာများအား အဆုံး သတ်ပေး သွားခဲ့ခြင်း ဖြစ်ပါ တယ်။ ဒါ့အပြင် ရခိုင်တွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှု၊ ပဋိပက္ခများအား နိုင်ငံတွင် အုပ်ချုပ်နေသော အကြီးအကဲများက ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း၊ အမြန်ဆုံးငြိမ်း ချမ်းနိုင်စေရန် ဆန္ဒပြုကြောင်း၊  စီးပွားရေး၊ လူမှုရေး မငြိမ်မသက် ဖြစ်နေခြင်းများအား အမြန်ဆုံး အဆုံးသတ်စေ ရန် မျှော် လင့်ကြောင်း ကို ဆွေးနွေးပွဲ တက်ရောက်လာတဲ့  ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ ဗုဒ္ဓဘာသာ ပထမနှစ် တက်ရောက်နေသော အရှင်တေဇက မိန့်ကြားခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ တက္ကသိုလ်အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနဲ့ ဖိတ်ကြား ထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြတဲ့ ရခိုင်ရဟန်း သံဃာများနဲ့ ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံ မှ ရခိုင်နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်း ရင်းသား များ တိုးတက်ရေးပါတီတို့မှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နဲ့ တာဝန်ရှိ သူများလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက်မှ ကိုမြအေးကိုလည်း ဒီပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့ တယ်လို့လည်း သိရပါတယ်။ ဒါပေမယ်လို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ငါးနာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ ရခိုင်သမိုင်း ဆွေးနွေး ပွဲကနေ နှစ်ပေါင်းများစွာ သန္ဓေတည်နေ ခဲ့တဲ့ ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဆိုတဲ့ ပြဿနာတွေကို အထောက်အထားတွေ၊ ကိုးကားချက်တွေ အစုံအလ င်နဲ့ အဆုံး သတ်ပေးနိုင် ခဲ့ပါတယ်။ လက်တွေ့အနေအထားမှာတော့ မည်သို့မည်ပုံ အဖြေထုတ်လာနိုင်မည်ဆိုတဲ့ အချက် ကို ကျွန်တော် အပါအ၀င် ရခိုင်လူမျိုးတွေရဲ့ ရင်ထဲမှာ မေးခွန်း ထုတ်နေ မိပါတယ်။

 Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်