Wednesday, March 13, 2013

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည်

Posted by drmyochit Wednesday, March 13, 2013, under | No comments

 မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ် သက်ပြီး သမ္မတ ရဲ့ ပြောရေးဆိုခွင့် ရှိ သူ၊ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲ ထွဋ်က သူ့ ရဲ့ ဖေ့စ် ဘုတ်စာ မျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ် သက်ပြီး အများပြည် သူများ သို့လော သို့လော ဖြစ်နေပါတယ်။ သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုး သိမ်းက ဆင်းကဒ် များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေး မယ်လို့ ပြောကြောင်း ကိုးကားရေး သားနေတာ ကို တွေ့ရ ပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြား ခဲ့ခြင်း ဖြစ် ကြောင်း အသိပေး အပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။
 
 မြန်မာနိုင်ငံအနေနဲ့ ဖုန်းဈေး ကို ဘယ်အတိုင်းတာနဲ့ ရောင်းချသည် ဖြစ်စေအုံးတော့ အိမ်နီး ချင်းနိုင် ငံဖြစ်တဲ့ တရုတ် ရွှေလီနဲ့ ကြယ်ဂေါင် မှာတော့ ဖုန်းဈေးနှုန်းတွေကတော့ တရုတ်ဟန်းဆက် တစ်လုံးဝယ် တယ်ဆို တာ နဲ့ ပြည်တွင်း သာမက နိုင်ငံခြားပါခေါ်ဆိုရသော ဆင်းကဒ်တစ်ကဒ်၊ နောက်ထပ် 4G (SD) ဟန်းဆက် တစ်လုံး၊ ဖုန်းစတေ ကာ တစ်လုံး အပိုလက်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ တရုတ်ဟန်းဆက်တစ်လုံးလျှင် ယွမ်(၉၀) မြန်မာငွေကျပ် တစ်သောင်းကျော်ရှိသည်။ 
 
ဟန်း ဆက်တန်ဖိုး (၃၆၉)ယွမ် ငွေ၂သောင်းကျပ် တန်ဖိုး ရှိ သည့် ဟန်းဆက် ၀ယ်ယူသူတိုင်းကို ဆင်းကဒ်များ အပြင် ခေါ်ဆိုခ ယွမ်၅၀ ဖိုး အခမဲ့ လက်ဆောင်ပေး ပါသေး တယ်။ တခြားသော နိုင်ငံများတွင်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နီးစပ်လျှက်ရှိသော ကြယ်ဂေါင် ရွှေလီများတွင်ပါ ဆက်သွယ်ရေး လုပ်ငန်း များကို ပြည်သူများ အဆင်ပြေနှင့် တန်ဖိုးနည်း အသုံး ချနိုင်ဖို့ ဆောင်ရွက် လျှက်ရှိနေသော်လည်း မြန်မာပြည်အနေဖြင့် ဆက်သွယ်ရေးပိုင်းတွင် အငြင်းပွား ဖွယ်ရာများ ရှိနေသေးတယ်လို့ သိရ ပါတယ်။ 
 
ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်