Wednesday, March 13, 2013

နယူးယော့ခ်မှ ဆရာ၊ အပေါ်ပိုင်းဗလာပုံကြောင့် ကျောင်းထုတ်ခံရ

Posted by drmyochit Wednesday, March 13, 2013, under | No comments



နယူးယော့ခ်မှ ကျောင်းဆရာတစ်ဦးသည် ကျောင်းမှ အီးမေးလ်ကို အသုံးပြုပြီး၊ သူ မော်ဒယ် ဘဝက ပုံများ ကို အခြား သူများထံ ပေးပို့ ခဲ့မှုဖြင့် ကျောင်းထုတ် ခံရကြောင်း သိရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ မက်သရူး မာလင်းစကီး ဆိုသူသည် မော်ဒယ် ဘဝတွင် အရိုက်ခံ ထားသည့် အပေါ် ဗလာကျင်း ပုံများကို  အခြား ဆရာ ၁၈၃ ဦးထံ ပေးပို့ခဲ့မှုဖြင့် ထိုသို့ အရေးယူခဲ့ရခြင်းဖြစ်သည်။ 


မာလင်းစကီး၏ ထိုပုံများ ပေးပို့ မှုအား ပညာရေး အထူး အဖွဲ့က စစ်ဆေးလျက်ရှိသည်။ ဆရာများသည် ထိုပုံများကို မိဘများထံ ထပ်မံပြီး ရှယ်ယာ မလုပ်ရန် ကိုပါ တားမြစ် ထားသည်။ ကျောင်းအုပ် ကြီးထံမှ သတိပေး ချက်များကို ရရှိပြီးနောက် ဆရာများ ကလည်း မိမိတို့ အီးမေးလ် password များကိုလည်း ပြောင်းလဲ ထားပြီး ဖြစ်ကြောင်း ဆရာမ တစ်ဦးက ဆိုသည်။ 

မာလင်းစကီး သည် ကျောင်းဆရာ မလုပ်မီက မိန်းမလျာ အဖွဲ့ အစည်း ကွန်ရက် များနှင့် ချိတ်ဆက်မှု ရှိခဲ့ကြောင်း၊ ကျောင်းဆရာ လုပ်သည့် အခါ တွင်လည်း သူ့ထံတွင် ဆရာ ဆရာမ များ၏ အီးမေးလ် account ပေါင်းစုံကို ရအောင်ယူ ထားပြီး ယခုလို ပုံများ ကိုဖြန့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထိုပုံများ သည် မိဘ များထံ ထပ် ဆင့်ရောက် သွားခြင်း မရှိ ဟုလည်း သိရသည်။

မောက္ခသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်