Wednesday, March 13, 2013

လက်ပံတောင်းအရေး ဦးပိုင် ဘာပြောလဲ

Posted by drmyochit Wednesday, March 13, 2013, under | No comments



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင် ခံစာနဲ့ အညီ လုပ် ငန်း ဖော်ဆောင်ရေး ကော်မတီရဲ့ ညွှန်ကြား မှုတွေကို ဦးပိုင်က လိုက်နာမှာ ဖြစ်တဲ့ အကြောင်း မတ်လ ၁၂ ရက်နေ့စွဲနဲ့  ကြေညာချက် ထုတ်ပြန်မှုကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်း စာတွေမှာ ဖော်ပြ ပါရှိ ပါတယ်။ 

 မီးကျည်ဗုံး ထိမှန်ပြီး ဘယ်ဘက် မျက်လုံး ကွယ် သွားသော သံဃာ တစ်ပါး..


 အပြည့် အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က် ဆိုက် မှာဖော်ပြထား တဲ့အ တိုင်း ပြန် လည်ဖော်ပြ လိုက် ပါ တယ်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိ တက်၏ သဘောထား ထုတ်ပြန်ချက်

၁။ စစ်ကိုင်း တိုင်းဒေ သကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နှင့် စပ်လျဉ်း ၍ စုံစမ်း စစ်ဆေးရေးကော် မရှင်၏ အစီရင် ခံစာအား ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ရက် စွဲဖြင့် ထုတ်ပြန် ကြေညာပြီးဖြစ် ပါသည်။

၂။ ထို့အပြင် တင်ပြပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင် ရွက် နိုင်ရန် အတွက် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင် ခံစာ အပေါ် အကောင် အထည်ဖော်ဆောင် ရွက်မည့် ကော်မတီ တစ်ရပ် ဖွဲ့စည်း တာဝန်ပေး အပ်ခြင်း အား ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးမှ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာ ထုတ်ပြန် ခဲ့ပါသည်။

၃။ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် အနေဖြင့် စုံစမ်း စစ်ဆေးရေးကော် မရှင်၏ အစီရင် ခံစာတွင် ဖော်ပြ အကြုံပြု ထားသော မြေယာလျော်ကြေး ကိစ္စများ၊ စိုက်ပျိုးမြေပြန် လည်ဖော် ထုတ်ရေး ကိစ္စများ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိ တက်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရေး ကိစ္စများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု/ ထုတ်လုပ်မှု/ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေး အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံ ခန့်ခွဲမှု အပြည်ပြည် ဆိုင်ရာ လက်မှတ်များရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထု အတွက် အကျိုးကျေး ဇူးရ ရှိစေရေး၊ အလုပ် အကိုင် အခွင့် အလမ်း များ ဖော်ဆောင်ပေးရေး နှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ဆာလဖျူရစ်အက်စစ်စက်ရုံဆိုင်ရာကိစ္စရပ်များ စသည့် အကြံပြု ချက် များကို ဝန်ကြီး ဌာန များ၏ လုပ်ထုံး လုပ်နည်း များနှင့် အညီဆောင်ရွက် သွားမည့် အပြင် နိုင်ငံ တကာ အဆင့်မီ ပြည်ပ ကျွမ်းကျင် သူ ကုမ္ပဏီ များအား ငှားရမ်း၍ စနစ် တကျဆောင် ရွက်သွား ပါမည်။

၎။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ လမ်းညွှန် ချက်များ နှင့် အညီ ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း ဖော်ပြ အပ်ပါ သည်။                     

မြန်မာ့စီးပွားရေးဦး
ပိုင်လီမိတက်
၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၂ ရက်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်