Wednesday, March 13, 2013

နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော်(ကြည်း၊ ရေ ၊ လေ) ဝန်ထမ်းများရဲ့ လစာနှင့် စရိတ်နေ့စားလုပ်ခများကို ခေတ်ကာလ အခြေအနေနဲ့ ဆီလျော်မှုရှိစေရန် ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် တွင် လျာထားကြောင်း သမ္မတကြီး ပြောကြား

Posted by drmyochit Wednesday, March 13, 2013, under | No comments



၁၂-၃-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော် အစိုးရ အဖွဲ့ အစည်း အဝေး ခန်းမ၌ ကျင်းပ သည့် ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၃) ကြိမ်မြောက် အစည်းအဝေးမှ ပြောကြားချက်

ယခု ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရသုံး ခန့်မှန်းခြေ ငွေစာရင်း (ပြည်ထောင်စုနှင့် တိုင်းဒေ သကြီး/ပြည်နယ်များ) အခြေအနေမှာ စုစုပေါင်း ရငွေ ကျပ် ၁၃၈၀၅.၃၈၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေ ကျပ် ၁၆၇၃၂.၂၈၅ ဘီလီယံ ဖြစ်သဖြင့် လိုငွေကျပ် ၂၉၂၆.၈၉၈ ဘီလီယံဖြစ်ပါတယ်။ ဂျီဒီပီ တန်ဖိုး မှာ ကျပ် ၅၉၂၄၈.၉၅၃ ဘီလီယံဖြစ်သဖြင့်
လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄.၉၄ % ဖြစ်ပါတယ်။ စုစုပေါင်းရငွေ၊ စုစုပေါင်း သုံးငွေနှင့် လိုငွေကိန်း ဂဏန်းများ သည်ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်အတည်ပြုထားသည့် ၂၀၁၃ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ကိုက်ညီအောင် ပြန်လည်ရေးဆွဲထားသည့် ကိန်းဂ ဏန်းများဖြစ်ကြပါတယ်။

 ပြည်ထောင်စုလွှတ်တော်က စီမံကိန်းဥပဒေကြမ်းကို ပြင်ဆင်ရာတွင် အချို့ စီမံကိန်းများကို ဆိုင်း ငံ့ခြင်း၊ လျှော့ချခြင်းများကို ပြုလုပ်ပြီး အချို့စီမံကိန်းလုပ်ငန်းများကို ထပ်တိုး ထည့် သွင်းစေခဲ့ သည့်အတွက် အသုံး စရိတ်လျှော့ချမှုနှင့် အသုံးစရိတ် တိုးမြှင့်မှုတို့ကို တတ်နိုင်သမျှ ဘက် ညီစေရန် ဆောင်ရွက်ခဲ့ သည့်အပြင် ရငွေလျာထားချက် အပိုင်းကိုပါ သက်ဆိုင်ရာ ဋ္ဌာနများနှင့် ညှိနှိုင်း ၍ပြန် လည် ရေးဆွဲ ထားကြောင်း တွေ့ရှိရပါတယ်။


ယခင်တင်ပြခဲ့သည့် စာရင်းနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း (ပြည်ထောင် စု+တိုင်းဒေ သကြီး/ပြည်နယ်) ၏ သာမန် အသုံးစရိတ်အပိုင်းတွင် ကျပ် ၃၄၃.၈၇၁ ဘီလီယံ တိုးမြင့် လာခြင်း၊ ငွေလုံး ငွေရင်း အသုံးစရိတ် အပိုင်းတွင် ကျပ် ၁၈၅.၇၅၃ ဘီလီယံ လျော့ ကျသွား ခြင်း၊ ကြွေးမြီအသုံးစရိတ် အပိုင်း တွင် ကျပ် ၁၀ ဘီလီယံ တိုးမြင့်လာခြင်း တို့ကို တွေ့ရှိရပြီး သာမန်ရငွေ အပိုင်း တွင် ၂၅၀ ဘီလီယံ တိုးမြင့် လာခြင်းနှင့် ကြွေးမြီရငွေ အပိုင်းတွင် ၉၂.၆၄၆ ဘီလီယံ လျော့ကျ သွားခြင်း ကို တွေ့ရှိ ရပါတယ်။ ပြည်ထောင်စု အဆင့်တွင်သာမက တိုင်းဒေ သကြီးနှင့် ပြည်နယ် အဆင့်များ တွင်လည်း သာမန်သုံးငွေတွင် အပြောင်းအလဲ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော်(ကြည်း၊ ရေ ၊ လေ) ဝန်ထမ်းများရဲ့ လစာနှင့် စရိတ်နေ့စားလုပ်ခများကို ခေတ်ကာလ အခြေအနေနဲ့ ဆီလျော်မှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံ စားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီ ဒေသရှိ ဝန်ထမ်းများ အတွက် ဒေသ စရိတ် တို့ကိုလည်း ဆက်လက်ခံစားခွင့် ပြုနိုင်ရေးအတွက် ထည့်သွင်း လျာထားပါတယ်။ ယင်းသို့ လစာနှုန်း ထားနှင့် ပင်စင်လစာနှုန်းထား တိုးမြှင့်ရန် လျာထားမှုများအတွက် နိုင်ငံတော်မှ ယခင်နှစ်က ထက် ကျပ် ၃၈၅ ဘီလီယံ ခန့်ကို ပိုမိုသုံးစွဲရမှာ ဖြစ်ပါတယ်။

၁-၁-၂၀၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ် စား လှယ်များ ထံသို့ နိုင်ငံတော်သမ္မတက ပေးပို့ခဲ့သော နှစ်သစ်ကူး သဝဏ်လွှာတွင်လည်း ပြည်ေ ထာင် စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက် တစ်နှစ် ပိုမို စနစ်ကျစွာ ပြဋ္ဌာန်းနိုင် မည်ဖြစ် ပြီး နိုင်ငံ့ဝန် ထမ်းများ၏ ထောက်ပံ့ကြေး များကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မှာ ဖြစ်ေ ကြာင်း ပြောကြားထားပြီးလည်းဖြစ်ပါတယ်။

ယခု ပြင်ဆင်ရေးဆွဲတင်ပြလာသော ရသုံးခန့်မှန်းခြေငွေစာရင်းများသည် ပြည်ထောင်စု လွှတ်တော်က ပြင် ဆင် အတည်ပြု ခဲ့သည့် ၂၀၁၃ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒကြမ်းနှင့် ကိုက်ညီစေရန် ပြန် လည် ရေး ဆွဲ ထားခြင်းဖြစ်သည့်အတွက် ဘဏ္ဍာရေး ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေး အတည် ပြုပေးကြ ရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

http://m.president-office.gov.mm/zg/briefing-room/news/2013/03/12/id-2853

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်