Wednesday, March 13, 2013

ကျောက်နီမော် ရေလုပ်သားများ ဘင်္ဂလီများရန် ကြောက်နေရ (ရုပ်/သံ)

Posted by drmyochit Wednesday, March 13, 2013, under | No comments


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော် ကျေးရွာတွင် ရေလုပ်သားများ ဘင်္ဂလီများ၏ အသက်အန္တရာယ်ပြု တိုက်ခိုက် မှုများ ရှိနေသဖြင့် ရေလုပ်ငန်းများ ထိခိုက်မှု ရှိနေကြောင်း သိရ သည်။ ကျောက်နီမော် ကမ်းခြေနှင့် ကျောက်ဖြူကမ်းခြေတို့တွင် ဘင်္ဂလီရွာများ နေထိုင်ကြပြီး အုပ်စုဖွဲ့ အနိုင်ကျင့်သတ်ဖြတ် လုယက်ကြ သဖြင့် ရခိုင်ငါးဖမ်းလှေများ ထိတ်လန့်နေကြရကြောင်း၊ ကျောက်နီမော် ကမ်းခြေရေပိုင်နက်ကို
လူအင် အားဖြင့် အပိုင်စီးထားခြင်းဖြစ်ကြောင်း၊ ရခိုင်ငါးဖမ်းလှေများမှာ ငါးဖမ်းထွက်လျှင် တစီး နှစ်စီး ခန့်သာ ထွက်နိုင်သဖြင့် အုပ်စုဖွဲ့ ငါးဖမ်းသော ဘင်္ဂလီလှေအုပ်စုကို ကြောက်လန့်နေရကြောင်း၊ အစိုးရ အနေဖြင့် ရခိုင်ရေ လုပ်သားများ လုံခြုံရေးအတွက် တာဝန်ယူပေးစေလိုကြောင်း ရခိုင်လူမျိုး ဒေသခံများမှ ၀ိုင်းဝန်းတောင်း ဆိုကြသည်။ 

Burma VJ Media Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်