Wednesday, March 13, 2013

တသက်လုံး ဒေါ်စုကို ချီးမွမ်းရေးသားခဲ့သော ဗြိတိန်မှ သတင်းစာများ ဒေါ်စုကို ဝေဖန် အပြစ်တင်ရေးသားမှုများ စတင် လုပ်ဆောင်လာ

Posted by drmyochit Wednesday, March 13, 2013, under | No comments

ကော်မရှင် အစီရင်ခံစာထွက် ပြီးသည်.နောက် တနိုင်ငံ လုံးက ပြည်သူတွေ က သူမကို အလွန်ဒေါသ ထွက်စိတ်ဆိုးနေ တဲ. အရှိန် ထိုးတက် လာခဲ့တာ မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ် စု ခု သိသွားပါပြီ။

သူမကြီးမှုးတဲ. ကော်မရှင်အဖွဲ.ဟာ ဆန္ဒပြသူ အများအပြားကို ထိခိုက် ဒဏ်ရာရအောင်လုပ်ခဲ.သူတွေကို အရေး ယူ ပေးဖို့ ပျက်ကွက် တဲ့အပြင်၊ လူတွေ အကြီးအကျယ် ကန့်ကွက်တဲ့ တစ်ဘီလီယံ တန်ဘိုးရှိ မုံရွာ ကြေးနီတောင် စီမံကိန်းကို ဆက်ခွင့် ပြုရမယ်လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မီးသတ် ကား ရေပန်းတွေ မီးလောင် ဗုံးတွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ.အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ကြီးမှုး တဲ့ ကော်မ ရှင် တစ်ရပ်ကို ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

ဒီကြေးနီမိုင်းဟာ ရန်ကုန်နဲ. မိုင်ပေါင်း ၄၅၀ ကွာဝေးပြီး မြန်မာ တနိုင်ငံလုံးမှာ အကြီးဆုံး သတ္တုမိုင်း ဖြစ် ပါတယ်။

အရေးယူဖို. တလုံးမှ မဆိုထားတဲ. ကော်မရှင်ကပဲ ဒီမိုင်းလုပ်ငန်းကို ဆက်လက်ခွင့် ပြုလုပ်ဆောင်ရ မယ်လို့ အကြံပြုခဲ့ တာမို့ ဒီအချက်က ထင်းထင်းကြီး ဖြစ်နေပါတယ်။

အစီရင်ခံစာက မိုင်းလုပ်ငန်းကြောင့် သဘာဝ ဘေးအန္တရာယ် ခြိမ်းခြောက်မှု ရှိကောင်း ရှိနိုင်မယ်လို့ ခန့်မှန်း ထားပေမဲ့ တဖက်မှာလည်း ဒေသခံတွေ အတွက်အလုပ်အကိုင် အခွင့်အလန်းတွေ ရရှိနိုင်ကြောင်း၊ ချွေး သိပ်ပြခဲ့ပါတယ်။

ဒီ့အပြင်၊ မဟာဗျူဟာမြောက် တရုတ်နိုင်ငံကြီးနဲ့ သင့်မြတ်ဖို့ လိုတယ်ဆိုတဲ့ အချက်ကို အခြေခံပြီး လုပ်ငန်း ရပ်လိုက် ရင် တရုတ်နဲ့တင်းမာမှု ဖြစ်မှာ။ မရပ်သင့်၊ မဖြစ်သင့်လို့ဆိုတဲ့ ဆင်ခြေပေးခဲ့တာမျိုး ဖြစ်ပါတယ်။ အစီရင်ခံ စာက မြေယာ ဆုံးရှုံးတဲ့ တောင်သူ လယ်သမားတွေကို နစ်နာကြေး ရော်ကြေးပေးသင့်ကြောင်း တင်ပြခဲ့ပါ သေးတယ်။

ဆန္ဒပြခဲ့သူတွေ ကတော့ ဒေါသတကြီးနှင့် ဒီအစီရင် ခံစာကို တုန့်ပြန်ကြပါတယ်။ အထက်မြန် မာပြည် က ရှေ့နေ ကိုသိန်းသန်းဦးက ဧရာဝတီသတင်းဌာနကို ဤသို.ဆိုပါတယ်။

--ကော်မရှင်ရဲ့ အဖြေက လုံးလုံး မလုံလောက်ဘူးဗျ၊ ကော်မရှင့်၏ တွေ့ရှိချက်တွေ အပေါ်ကျနော်တို့ သွားအား ကိုးနေလို့ မရတော့ဘူး။ သူတို့က ဆန္ဒပြသူတွေက ဥပဒေကို ချိုးဖေါက်တယ်တဲ.။ ကဲ-ဒါဆို ရဲ ကရော ဥပဒေမချိုးဖေါက်လို.လား။ အစိုးရက နှစ်ဖက်စလုံးကို သေသေချာချာ စုံစမ်းစစ်ဆေးပြိး ထိုက်သင်. သလို ပြစ်ဒဏ်ပေးသင်.တယ်--

အကြမ်းဖက်နှိမ်နင်းတဲ့ညက ဆန္ဒပြသူတွေ ထဲက တဦးဖြစ်တဲ့ သံဃာ ဦးဇာဝနကတော.့ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် အောက်ခြေက လူတန်းစားတွေ ဘယ်လို ဒုက္ခရောက်နေတယ် ဆိုတာ သိဖို. မျက်စေ့ ဖွင့်ကြည့် သင့်ကြောင်း၊ ဒေသခံ လယ်ယာတောင်သူများ အနေနဲ့ကော်မရှင်၏ တွေ့ ရှိချက်တွေဟာ လုံးလုံး လက်ခံနိုင် စရာ မရှိကြောင်း ပြောခဲ့ပါတယ်။

-- ဦးဇင်း မနက်ဖန်ကျရင် ဒေသခံ တွေနဲ့ ဘာဆက်လုပ်သင့်သလဲဆိုတာ သွားတွေ့ဆွေးနွေး ကြည့်ပါ ဦးမယ်။ ဦးဇင်းတို့ဒေသခံ တွေကတော့ ဆက်ဆန္ဒပြရမှာပါပဲ--လို့ မိန့်ဆိုခဲ့ပါတယ်


From:myanmarexpress

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်