တီဟီရန် မတ် ၁၁
ပါကစ္စတန်ရှိ ရှီယိုက် မျိုးနွယ်စုများ
ရက်စက်စွာ သတ်ဖြတ် ခံရခြင်းနှင့် ပတ်သက်၍ ဖြေရှင်း တင်ပြရန် အီရန် နိုင်ငံ ဆိုင်ရာ
ပါကစ္စတန် သံအမတ် ခါလစ်အဇစ် ဘဘာအား အီရန်လွှတ်တော်မှ ဆင့်ခေါ်ရန် စီစဉ်ထား ကြောင်း အီရန်လွှတ်တော်
အကြီးတန်း အမတ်တစ်ဦးက ပြောကြားခဲ့သည်။
အီရန်လွှတ်တော် အနေဖြင့် ရှီယိုက် မိသားစုဝင်
များနှင့်အတူ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နိုင်ရေး အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန်
အစီအစဉ် ရှိကြောင်း၊ ပါကစ္စတန် အစိုးရ အနေဖြင့် အကြမ်းဖက် သမားများအား ဖမ်းဆီး အရေးယူ
နိုင်ရေးနှင့် ယင်းနိုင်ငံ အတွင်းရှိ ရှီယိုက် မျိုးနွယ်စုများ အတွက် လုံခြုံရေး တိုးမြှင့်
ချထားပေးရေး တောင်းဆို သွားမည် ဖြစ်ကြောင်း ဆေးယက် ဟော့စိန်နာကာ ပီဟော့စ် ဆေနို၏ မတ်
၉ ရက်က ဖော်ပြချက် အရ သိရသည်။
စစ်သွေးကြွများ အနေဖြင့် ပါကစ္စတန်ရှိ
ရှီယိုက် မျိုးနွယ်စုများ အပေါ် အကြမ်းဖက် တိုက်ခိုက် မှုများ ပြုလုပ် နေ သည်မှာ နှစ်များစွာ
ကြာပြီဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုများ စတင်သည့် အချိန် မှစ၍ ပါကစ္စတန် နိုင်ငံ
ကာရန်ဒေသရှိ ရှီယိုက် မျိုးနွယ်စု ရာပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရပြီး လွန်ခဲ့သော
လများမှစ၍ ပါကစ္စတန် နိုင်ငံ ဒေသ အသီးသီးရှိ ရှီယိုက် မျိုးနွယ်စုများ အပေါ် အကြမ်းဖက်
သမားများက ပစ်မှတ် ထားလျက် ရှိကြောင်း သိရသည်။
Time in Rangoon

0 comments:
Post a Comment