Tuesday, March 12, 2013

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့် လုပ်ဆောင် နေသည် ဆိုသော သတင်းများ ကို တပ်မတော် ဘက်မှ ငြင်းဆို

Posted by drmyochit Tuesday, March 12, 2013, under | No comments



ဖေဖော်ဝါရီလ နောက်ဆုံး ပတ်နှင့် မတ်လ လဆန်း ပိုင်းများမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) အတွင်း တပ်မတော်မှ စစ်ရေး လှုပ်ရှား မှုများ တိုးမြှင့် လုပ်ဆောင် နေသည် ဆိုသော သတင်း များကို ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ငြင်းဆို လိုက်
ပါသည်။
 
မတ်လ ၁၁ရက်နေ့ တရုတ် နိုင်ငံ၊ ရွှေလီမြို့၌ သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ထိုကဲ့သို့ ငြင်းဆို လိုက်ခြင်း ဖြစ်ပါသည်။

"အဲတာ ကတော့ မဟုတ်ပါဘူး။ မဟုတ် ပါဘူး ဆိုတာ အားလုံး လည်း သိတာပဲ။ ဒီဘက်က ကိုယ်တို့ ကတော့ တပ်တွေက ကိုယ့် အလုပ်ကို ပုံမှန် လုပ်နေတာပေါ့။

အထူး သဖြင့် ကတော့ တပ်တွေ ပြန်နား တာတို့။ နောက်တစ်ခုက အသစ် တက် တာတို့။ ဒါလေးတွေက ရှိတာပေါ့။ အဲဒီ အပေါ်မှာတော့ တစ်ချို့က Fcaebook တွေပေါ် မှာလည်း ပြောတာ လေးတွေ ရှိတာပေါ့။ ဒါပါပဲ။ ထူးပြီးတော့ အပြော တစ်မျိုး အလုပ် တစ်မျိုး နဲ့တော့ မရှိ ပါဘူး။ တပ်မတော် ဆိုတာ ကတော့ ပြောတဲ့ အတိုင်းပဲ လုပ်ရ တာပဲ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ထို့ အတူ ကချင် ပြည်နယ် အတွင်း စစ်ရေး တာဝန် များကို ရယူ ထားသည့် မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကလည်း ကချင်ပြည်နယ် အတွင်း စစ်အင်အား တိုးချဲ့မှု များ မရှိကြောင်း ပြောပါ သည်။

"အင်အား တိုးတဲ့ ဟာတော့ မရှိပါဘူး။ ဒါလည်း ဘယ် အခြေ မအမြစ်က လာတယ် လို့တော့ မသိ ဘူးပေါ့။ ကျွန်တော်တို့ အပိုင်း ကတော့ အင်အား တိုးမြှင့် တဲ့ဟာ မရှိဘူး။ လောလောဆယ် တပ်လှုပ် ရှားမှုတွေ ရှိ တယ်။ တပ် လှုပ်ရှား မှုတွေကလည်း ကျွန်တော်တို့ ပွင့်လင်း ရာသီ ဖြစ်တဲ့ အတွက်ကြောင့် မလို့ ရိက္ခာ ပို့ရ တာတွေ ရှိတယ်။ တပ်တွေ အချိန်း အပြောင်း ကိစ္စ လေးတွေ ရှိတယ်။ တပ်တွေ အလှည့်ကျ အနား ပေးတာ လေးတွေ ရှိတယ်။ဒါတွေအ တက်အဆင်း တွေရှိတဲ့ အခါ ကျတော့ ဝေဖန် ချက် ပေါ့ဗျာ။ ဝေဖန် ချက်ပဲ ဖြစ် ပါလိမ့်မယ်။ တိတိ ကျကျ မပြောနိုင် တဲ့ဆီက လာတာ ပဲ ဖြစ်ပါ လိမ့်မယ်"ဟု ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က Eleven Media Group သို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပန်ဝါနှင့် ချီဗွေဒေသ များတွင် လေကြောင်း အသုံးပြုခဲ့ခြင်းနှင့် ပတ်သက် ၍လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းလင်းခဲ့ပါသည်။

“အဓိက ကတော့ ချီဗွေ၊ ပန်ဝါဘက်မှာ သုံးတယ် ဆိုတာက ကိုယ်တို့က စာမေးပွဲ မေးခွန်းတွေ အတွက် အောက်က သွားလို့ မရတဲ့ အခါ ကျတော့ ရဟတ် ယာဉ်နဲ့ ပို့ပေးရတာ ရှိတယ်။ အဲဒီအပေါ်မှာ ပန်ဝါ သွားတယ်။ ချီဗွေ သွားတယ်။ ဒီဟာလေး တွေမှာတော့ တပ်အင် အားတွေ ဖြည့်ဖို့ အတွက် သွားတယ် ဆိုပြီး စွပ်စွဲတာပေါ့။ အမှန် ကတော့ စာမေးပွဲ မေးခွန်းတွေ ပို့တာပါ”ဟု ဒုတိယ ဗိုလ်ချုပ် ကြီး မြင့်စိုးက ပြောပါသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကမူ တပ်လှုပ်ရှားမှုများအတွက် အတိအကျ ပြောရန် ခက်ခဲ ကြောင်းနှင့် ရိက္ခာ ဖြည့်တင်းရန် လှုပ်ရှားခြင်း တစ်ခု တည်းကို ကြည့်၍ ကောက်ချက် ချရန် ခက် ခဲကြောင်း ပြောပါသည်။

"တပ်တွေရဲ့ လှုပ်ရှားမှု ကတော့ အတိ အကျ ပြောဖို့ ခက် တယ်။ ဥပမာ တပ်တွေ သွားနေတယ်။ တပ်တွေ လှုပ် ရှား နေတယ်။ တစ်ချို့ကတော့ အင်အား ဖြည့်တာ ဖြစ်ကောင်း ဖြစ်မယ်။ တစ်ချို့ကတော့ အလဲ အလှယ် လုပ်တာ လည်း ဖြစ်မယ်။ နောက် ရိက္ခာပို့တာတို့ ဘာတို့ ဖြစ်နိုင်တယ်။ ဒီဟာလေး တစ်ခုကိုပဲ သွားပြီး ပြောရင် ခက် တယ်။ ဒါကြောင့်မလို့ တပ်လှုပ်ရှားတဲ့ အပေါ်မှာတော့ ကောက်ချက်ချဖို့အတွက် ကျွန်တော် တို့က မှတ်ချက် ပေးဖို့ ခက်ပါတယ်"ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

ကချင်ပြည်နယ် အတွင်း စစ်ရေး အရှိန်မြင့် တက် ခဲ့ပြီးနောက် ပြန်လည် စတင်ခဲ့သော ဖေဖော် ၀ါရီလ ၄ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ပိုင်း နှစ်ဖက်တပ်များ အပြန် အလှန် ပစ်ခတ်မှု မရှိ သလောက် လျော့ ပါး သွားခဲ့ကြောင်း သိရ ပါသည်။

Eleven Media Group

ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်