Tuesday, March 12, 2013

ကနီဒေသခံတောင်သူများ မြေယာမှတ်ပုံတင်ခွင့်နှင့်ပတ်သက်၍ မုံရွာမြို့ပေါ်သို့ ခြေလျင်ခရီးဖြင့် ဆန္ဒထုတ်ဖော်

Posted by drmyochit Tuesday, March 12, 2013, under | No comments

မုံရွာ၊ မတ်-၁၂

မုံရွာခရိုင် ကနီမြို့နယ် ပေါက်အင်းတောင်ကျေးရွာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း မိုင်တိုင် အမှတ် (၃၀) အနီး တစ်ဝိုက်ရှိ ဒေသခံတောင် သူများမှာ လယ်ယာမြေ မှတ်ပုံတင်ခွင့်နှင့် ပတ်သက်၍ စစ်ကိုင်း တိုင်းဒေ သကြီး အစိုးရ ရုံးစိုက်ရာ မုံရွာမြို့ သို့ ခြေ လျင်သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ရာ မုံရွာမြို့ ဗိုလ် ချုပ်လမ်း တမာတန်း လမ်းဆုံ အရောက် ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန် ရှိ သူ များက တားမြစ်ခဲ့ကြောင်း သတင်းရ
ရှိသည်။

မုံရွာမြို့ပေါ်သို့ ခြေလျင်ခရီးဖြင့် ဆန္ဒထုတ်ဖော်သူ(၂၀၀)ခန့်အား ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဒေသ ဆိုင်ရာ တာဝန် ရှိသူ များက တားမြစ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲအချိန်မှစ၍ မုံရွာခရိုင် အုပ်ချုပ်ရေး မှူးရုံး တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ကနီမြို့နယ် ပေါက်အင်းတောင်ကျေးရွာ ဒေသခံတောင်သူ ကိုယ်စား လှယ်လေး ဦး တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။

“ကနီမြို့နယ် ပေါက်အင်းတောင် ဒေသခံတောင်သူတွေ ဓားမဦးချ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေ ကို လွန်ခဲ့တဲ့ငါးနှစ်ကျော်က ခြံစည်းရိုး ကြက်ဆူစိုက်ခင်းတွေအတွက် ဌာနဆိုင်ရာနဲ့ ကုမ္ပဏီတွေ က သိမ်းဆည်းခဲ့ပါတယ်။ အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင် စားသောက်နေ တဲ့ တောင် သူတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ လျှောက်ထားတဲ့အခါ ကုမ္ပဏီတွေက သိမ်းဆည်း ထား တဲ့မြေတွေ လို့ သိရတယ်။ တောင်သူတွေတင်ပြခဲ့တာကို သက်ဆိုင်ရာက ဘာမှဆောင်ရွက်မပေးလို့ အခုလိုတိုင်းဒေ သကြီး အစိုးရရုံးကို လာရောက်ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်”ဟု ကနီမြို့နယ် မုံရွာ-ယာကြီးကား လမ်း မိုင်(၃၀) ဒေသခံတောင်သူတစ်ဦးကပြောသည်။

“အေးချမ်းနေတဲ့ မုံရွာမြို့ကို ဥပဒေမဲ့လူစုလူဝေးကြီးနဲ့ ဆန္ဒထုတ်ဖော်သူတွေကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာ မလိုလားလို့ အခုလို တားဆီးနေ တာဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့တောင် သူတွေ ရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော် သူများအား တားဆီး ခဲ့သော ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကနီမြို့နယ် ပေါက်အင်းတောင်ကျေးရွာ အနီးတစ်ဝိုက်ဒေသများရှိ လယ်ယာမြေများအား တင်ဝင်းထွန်း ကုမ္ပဏီ၊ သန္တာအေးအောင်ကုမ္ပဏီတို့က သိမ်းဆည်းခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ခဲ့ သည့်နောက် လယ်သိမ်းခံတောင်သူများက မြေယာမှတ်ပုံတင်ခွင့်နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- မျိုးမင်းဦး
7Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်