Tuesday, March 12, 2013

မြောက်ကိုရီးယားခေါင်းဆောင်က စစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားရန် ညွှန်ကြား

Posted by drmyochit Tuesday, March 12, 2013, under | No comments



မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ယခုအခါ နိုင်ငံ၏ စစ်တပ်များကို အမြင့်ဆုံး တပ် လှန့်မှု အဖြစ် နိုးကြားနေ ရန် ပြောကြား ထားလိုက် သည်။ ကွန်မြူနစ် နိုင်ငံ၏ ငယ် ရွယ်သေးသော ခေါင်းဆောင် သစ် သည် (၁၉၅၃) ခုနှစ်က တောင် ကိုရီးယားနှင့် သတ်မှတ်ထားသည့် စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို ဖျက်သိမ်း မည်ဟု ခြိမ်းခြောက်ထားပြီး ယင်းအလား အလာ သည် ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲတစ်ခု စတင် မည့် ဦးတည်ချက်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ကင်မ်သည် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံကြား အငြင်းပွား ရေ ပိုင်နက် အနီးတွင် တပ်စွဲထားသည့် လက်နက်ကြီး တပ်ဖွဲ့ထံ သွားရောက်ပြီး စစ်သည် များနှင့် လည်း တွေ့ဆုံ စကားပြောခဲ့သည်။၎င်းက "စစ်ပွဲဟာ အချိန်မရွေး ဖြစ်လာနိုင်တယ်။ မင်းတို့ အမြင့် ဆုံး နိုးကြားနေ ဖို့ လိုတယ်"ဟု စစ်သားများအား ပြောကြားသွားကြောင်း မြောက်ကိုရီးယား သတင်းဌာ နများ က ဖော်ပြခဲ့သည်။ ကင်မ်သည် နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ရန် ကုလသမဂ္ဂက ဆုံးဖြတ် လိုက်ခြင်း အပေါ် ဒေါသထွက်နေပြီး ယင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယား အစိုးရက အစွမ်းကုန် ဆန့်ကျင် မည်ဟုလည်း ပြောကြားထားသည်။ ကုလသမဂ္ဂ သည် မြောက်ကိုရီးယား ၏ နျူကလီး ယားလက် နက် စမ်း သပ်မှု များအတွက် ယခုလို ပိတ်ဆို့မှု များ ပြုလုပ် ထားခြင်း ဖြစ်သည်။


(အနောက်ဖက်ပင်လယ်ပြင်အတွင်း ကျွန်းများကို ကင်မ်ဂျုံအန်း လိုက်လံကြည့်ရှုစဉ်)

လတ်တလောတွင် အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်း မဟာမိတ်တို့သည် စစ်ရေးလေ့ ကျင့်မှုများ ပြုလုပ်နေ သလို မြောက်ကိုရီးယားကလည်း စစ်ရေးလေ့ကျင့်မှု စတင်ရန် အစီအစဉ်များ ရှိနေကြောင်း သတင်း ထွက်နေသည်။ ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးကမူ ပြုံယမ်း အခြေစိုက် အစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အမှန်တကယ် ဖျက်သိမ်းရန် လွယ်ကူမည် မဟုတ် ဘဲ ယင်းသဘောတူညီမှုသည် ယခုတိုင် အကျုံးဝင်နေဆဲဟု ပြောကြားထားသည်။


Planet Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်