Tuesday, March 12, 2013

ဒီဇယ်မီးကြောင့် ပေပါများအပါအ၀င် ဘောက်ဆာ(၂)စီး၊ စက်လှေ(၁)စီး လောင်ကျွမ်း၊ ပန့်ကိုင်နှစ် ဦးဒဏ် ရာရ

Posted by drmyochit Tuesday, March 12, 2013, under | No comments

 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင် တံတား အဆင်း ဒိုင် စုကျေးရွာအုပ်စု၊ ဆိပ်ကမ်း သာလမ်း၌ နံနက်ပိုင်း က မြန်မာ မန်း ကုမ္ပဏီ ပိုင် PPCLစက်သုံးဆီ သိုလှောင် ရုံ မီးလောင် ကျွမ်းမှုကြောင့် လူနှစ်ဦး ဒဏ်ရာ များရ ရှိကာ ငါးဖမ်း စက်လှေတစ်စီး မီးလောင် ကျွမ်း ခဲ့ကြောင်း သိရသည်။

လှိုင်သာ ယာမြို့နယ်၊ ဒိုင်စုကျေးရွာအုပ်စု၊ ဆိပ်ကမ်း သာလမ်း၊ ခြေလျင်တပ်ရင်း(၅၃၂) ၀န်းအတွင်း ရှိ မြန်မာ မန်း ကုမ္ပဏီပိုင် (PPCLစက်သုံး ဆီ သိုလှောင် ရုံ) တွင် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်၌ မီးလောင် ကျွမ်းခဲ့ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မီးခိုးလုံးကြီးတက်လာလို့ မီးလာငြှိမ်းပေးဖို့အတွက် မီးသတ်ကိုအကြောင်းကြားလိုက် တယ်။ ကျွန်တော် အကြောင်းကြား လိုက်တာ ၁၁ နာရီ ၅၅ လောက်မှာ အကြောင်း ကြားလိုက်တာ။ မီးကတော်တော်လောင် တယ်။ ငါးဖမ်းသင်္ဘောတစ်စီးလည်း လောင်တယ်။” ဟု မြစ်ကြောင်းလုံခြုံရေး စစ်ရေ ယာဉ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စက်သုံးဆီများဖြစ်သဖြင့် မီးငြှိမ်းသတ်ရာတွင် သာမာန်မီးငြှိမ်းသတ်နေကျရေများဖြင့်ငြှိမ်းသတ်၍ မရပဲ မီးသတ် ဦးစီးဌာနမှ Chemical အရည်များဖြင့် မီးငြှိမ်းသတ်ခဲ့ ရကြောင်းကိုလည်း သိရှိရသည်။

“အခု မီးလောင်တာတွေကို Chemical အရည်တွေနဲ့ဖြန်းပြီး မီးငြှိမ်းသတ်တာ ဒီဇယ် ဆီတွေ လောင် တာဆိုတော့ ရိုးရိုးရေနဲ့ ဖြန်း လို့မရဘူး။ ရိုးရိုးရေနဲ့မီးငြှိမ်းသတ်လို့မရဘူး။” ဟု မီးသတ်တပ် ဖွဲ့ဝင်တစ် ဦးကပြောသည်။

မီးလောင်ကျွမ်းရခြင်းမှာ ဆီလှယ်ရာမှစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်သည့်နေရာ၌ အရေးပေါ် မီးငြှိမ်း သတ်နိုင်မည့် ပစ္စည်းကိရိယာများ ထားရှိမှုမရှိဟုသိရသည်။

“အခုလောင်တာက စည်းကမ်းမလိုက်နာလို့ လောင်တာ။ အခုဒီမှာ အရေးပေါ်မီးငြှိမ်းသတ်ဖို့အတွက် လိုအပ် တဲ့ ပစ္စည်းကိရိယာတွေ မရှိဘူး။ အခုမီးငြှိမ်း သတ်တာက အဆင့်(၄) နဲ့ငြှိမ်းသတ်တာ။ မီးသတ်ကား (၅၀) ကျော် ရယ် တိုင်းမီးသတ်က မီးသတ်ကားတွေ ရယ် ငြှိမ်းသတ်တာ။ ဆီလှယ်တာကနေ စပြီးတော့ လောင် တာ” ဟု လှိုင်သာယာ မီးသတ်မှတာဝန်ရှိသူ ဦးသန်းမြင့်ဦး က ပြောသည်။

ယနေ့ လောင်ကျွမ်းခဲ့သည့် ဆီသိုလှောင်ရုံမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီလ (၄) ရက်နေ့က လှိုင်တွင်ဖြစ်ပွားခဲ့သော ဆီသင်္ဘောမီးလောင်မှုထက် ပြင်းထန်မှု မရှိဟု တိုင်းဦးစီးမှူးက မှတ်ချက်ပြုသည်။

“အခုဆီသိုလှောင်ရုံမီးလောင်တာ ဟိုတစ်ခါလှိုင်မှာလောင်တာလောက်မပြင်းထန်ဘူး။ လှိုင်မှာလောင်တုန်း က သင်္ဘော ဆီတွဲတွေ မီးလောင်တာလေ။ အဲ့ဒီမှာလောင်တုန်းက ဓာတ်ဆီဂါလံ ၇ ထောင်ကျော်လောက် လောင် တာ။ ဒီတစ်ခါလောင်တာ သိပ်မပြင်း ထန်ဘူး။” တိုင်းဦးစီးမှူး ဦးကြည်ဝင်း ကပြော သည်။

မီးလောင်မှုကျွမ်းမှုကြောင့် ဓာတ်ဆီဘောက်စာ ကားမောင်းသူနှစ်ဦးမှာ မီးလောင် ဒဏ်ရာမှာ ပြင်းထန် သဖြင့်ရန် ကုန်ဆေးရုံကြီးသို့ ပို့ထားရကြောင်းကိုလည်း သိရသည်။

“အခုဓာတ်ဆီဘောက်စာကားမောင်းတဲ့သူနှစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်။ မီးလောင်တဲ့ ဒဏ်ရာတွေ ရ သွားတာ။ အခုဆေးရုံကိုပို့ထားတယ်။ မီးလောင်ဒဏ်ရာက နည်းနည်းတာ့ပြင်းတယ်။”ဟု တာဝန် ကျကြက်ခြေနီဝန်ထမ်းတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် (၄) ပေ (၈) ပေ ဆီပေပါ (၅) လုံး၊ ဂါလံ (၂၈၀၀) ဆန့် ဆီဘောက်ဆာကား (၂) စီး၊ ဂါလံ (၂၀၀၀) ဆန့် ဆီပေပါ တစ်လုံး၊ ငါးဖမ်း သင်္ဘော တစ်စီး၊ လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများ ထံက သိရှိရသည်။

မီးလောင်ဒဏ်ရာများ ရရှိထားသူများမှာ ဆီပန့်ကိုင်သူနှစ်ဦးဖြစ်သည့် ကိုမင်းထိုက်အောင် (၂၉) နှစ်၊ ကိုသူရိန် (၃၈) တို့ဖြစ်သည်။
 
ထက်အောင်ခန့် (မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်