Tuesday, March 12, 2013

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ကိုဒေ သခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်း ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Posted by drmyochit Tuesday, March 12, 2013, under | No comments

 
ရန်ကုန်၊မတ် ၁၂။

လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော် မရှင်မှ ထုတ်ပြန် လိုက်သော အ စီ ရင်ခံ စာကို မကျေနပ် လျှင် ဥပဒေဘောင် အတွင်းမှ ဆက်လက် တောင်းဆို သွားနိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြည်သူ့ လွှတ်တော် နားချိန်တွင် လက်ပံတောင်းတောင် အရေး ဆောင်ရွက်ပေးနေ သူ ကို ဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက် ကို ပြန် လည်ဖြေကြားကြောင်း သိရသည်။


ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက် ထုတ်ထားသင့် သည် ဟူသော အချက်နှင့် လက်ပံတောင်းတောင် စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေး ကော် မရှင် ၏ ဆုံးဖြတ် ချက်ကို ဒေသခံပြည်သူလူထုက လက်မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန် အစီအ စဉ် မရှိဘဲ ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စရပ်များကို ရွာ ၁၄ရွာမှ ခေါင်းဆောင်များနှင့် တိုင်ပင် လျက် ရှိကြောင်း ကိုဟန်ဝင်းအောင်က မြန်မာ့ခေတ်သို့ပြောကြားသည်

“ဒေါ်အောင် ဆန်းစုကြည်က ကျွန်မတို့ကအချက်အလက်ရှာတာတရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေး တာ ကိုပြန်ဖြေ ထားတာ ကျွန်တော် အင်တာနက် မှာတွေ့ရ တယ်။ သူပြောချင် တာက သူ့တာ ၀န်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ ကနေမနေ့ က အစီရင် ခံစာ တင်တဲ့ အထိ ပဲလို့ ပြောချင် တာပါ။ဒေါ်အောင် ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့စိတ်စေတနာကို နားလည် ပါတယ်။ စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေး တယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင် က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာစီမံကိန်းကို ဆက်လက် လုပ်ဆောင် သင့်ကြောင်း ဆုံးဖြတ် လိုက်ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့်ဝမ်ပေါင်ကို စိတ်ကြိုက်ကြေး နီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့် ၀မ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာ ကွယ်ပေး လိုက်သော ဆုံးဖြတ်ချက်ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

 စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီးသည့်နောက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းတို့မှာ စုံစမ်း စစ်ဆေးရေးကော် မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်း ကပ်နေပြီး ဒေသခံလူထုဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှမပါဝင်ကြောင်း တုံရွာ သပိတ်စ ခန်းမှ ကိုသားကြီးကပြောကြားသည်

မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ် လျက်ရှိ ရာသူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီးမေးမြန်းရာ “ဒေါ်အောင် ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာ ပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ်ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေ လည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက် ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင် ကပြောကြားသည်။

“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေး
တာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိက
မိန့်ကြားသည်။

ဆုဝေ
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်