Tuesday, March 12, 2013

နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက်

Posted by drmyochit Tuesday, March 12, 2013, under | No comments



လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းမြင့်က မြန်မာ နိုင်ငံရှိ နာဂ လူ မျိုး များအား ချင်းမျိုးနွယ်စု ၅၃ စုတွင် ထည့်သွင်း သတ်မှတ်ခြင်းကို နာဂတိုင်းရင်းသားက သဘော မ တူကြောင်း နာဂကျောင်းသားလူငယ်များ  အဖွဲ့ချူပ် ရန်ကုန် ဥက္ကဌ ဦးနော်အောင်ဆန်းက ပြော သည်။

 
နာဂတိုင်း ရင်းသားများ သဘောမတူခြင်းမှာ ဘိုးဘွားအမျိုးအနွယ် တိဘက်-မြန်မာ အုပ်စုမှစ၍ အိန္ဒိယနှင့်
မြန်မာ နှစ် နိုင်ငံတွင် နေထိုင်ကြသည့် အပြင် ကိုယ်ပိုင် ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးတန်း အစဉ် အလာ ကြီးမား ခိုင်ခံ့သော သမိုင်းများ ရှိခဲ့သည့်အတွက် ဖြစ်ကြောင်း ဦးနော်အောင်ဆန်းက ယနေ့ပြု လုပ်သည့် ယုဇနဂါးဒင်းဟော်တယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

၎င်းက “အခုလို  ချင်းမျိုးနွယ်စု ၅၃ စုတွင် ပါဝင်သော  မျိုးနွယ်စု တစ်ခု အဖြစ် တရားဝင် ထည့်သွင်းပြီး ပြန်လည် ဖြေကြား မှုက ၁၉၈၃ ခုနှစ်က အခြေခံတဲ့ သန်းခေါင် စာရင်း အရ ပြော တာ က ပြည်စုံမှု မရှိဘူး။ ဒီလို ပြောတာ တွေက နာဂ လူမျိုး အချင်းချင်းကို စိတ် အနာ တရဖြစ်စေ ပါ တယ်။”ပာု ပြောသည်။

နာဂ လူမျိုး များသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အတည့်အလင်း သတ်မှတ်ပြဌာန်းထားကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ပြောကြား ချက်အရ သိရသည်။

နာဂ လူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုး ၁၃၅မျိုး ထဲတွင် ၁၉၃၁ ခုနှစ် ခန့် မှစ၍ ပါဝင်ခဲ့ ခြင်းဖြစ်ပြီး ယခု အချိန်မှ ချင်းလူမျိုးအတွင်းသို့   ထည့်သွင်းခြင်း ခံရကြောင်း နာဂနှစ်ချင်း ခရစ်ယာန် အဖွဲ့ ချုပ် အထွေထွေ အတွင်း ရေးမှုး ဆရာတော် ဦးစိန်မောင်ကပြောသည်။

“ကျွန်တော်တို့  က ချင်းလူမျိုးမဖြစ်ချင်လို့  မပာုတ်ပါဘူး။တကယ်အမှန်ကို သိစေချင်လို့ပါ။ တိုင်းရင်း သားအား လုံးကို လေးစားပါတယ်။”ပာု ဆရာတော် ဦးစိန်မောင်က ဆိုသည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ချင်း အမျိုး သား ပါတီမှ ကိုငယ်ပီးက “နာဂလူမျိုးတွေကို ချင်းအမျိုးသားထဲ မလို လားဘဲ သွတ်သွင်းခံရတာပာာ စိတ်မကောင်း စရာပါ။ကျွန်တော်တို့က နယ်နမိတ်ချင်း ထိစပ်ပြီးတော့ သမိုင်းမှာ အဆက် အဆံ ရှိခဲ့ကြ တယ်။ ကျွန်တော်တို့ က ညီရင်းအစ်ကိုတွေပါပဲ။”ပာု ပြောသည်။

ချင်း လူမျိုးများနှင့် နာဂလူမျိုးများသည် ၀တ်စားဆင်ယင်ပုံများမှာ အနည်းငယ်သာ ကွဲပြားကြောင်း ကိုငယ်ပီးက ဆက်ပြောသည်။

နာဂ လူမျိုး များသည့် အိန္ဒိယ၊မြန်မာ၊တရုတ်ပြည်ကြား ပတ်ကွိုင်တောင်တန်းဒေသနှင့် ထိစပ်လျှက် ဒေသ များ တွင် နေထိုင်သည်။

မြန်မာနိုင်ငံတွင် နာဂလူမျိုး သုံးသိန်းကျော် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှိ လေရှီး၊လပာယ် နှင့် နန်းယွန်း စသည့်  မြို့ များတွင် လည်းကောင်း၊ကချင်ပြည်နယ် ရှင်ဗွေယန် မြိုနယ်ခွဲ၊ တနိုင်းမြို့နယ်နှင့် မြစ်ကြီး နားစ သည့် မြိုနယ် များတွင် လည်းကောင်း နေထိုင် ကြသည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (၂၀) ရက်နေ့မြောက်တွင် ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ရွာငံမဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၏ တိုင်းရင်းသား လူမျိုးနွယ်စု (၁၃၅)မျိုးနှင့် စပ်လျဉ်း ၍ မေး ခွန်းမေးမြန်း ရာတွင် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့် က ပြန် လည်ဖြေကြားမှု အပေါ် နာဂလူမျိုးက သဘောထား ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်(မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်