Tuesday, March 12, 2013

ဆရာတော် ဦးဝီရသူ၏ မွတ်ဒေါင်း တရားများ လေးမြို့နယ် တွင် အထူးအောင်မြင်လျှက်ရှိ

Posted by drmyochit Tuesday, March 12, 2013, under | No comments


မိုးထိမြင့်မား အမျိုးစောင့် တရားဖြင့် ထင်ရှားသော ရခိုင် လူမျိုးတို့ အပေါ် အထူး စိတ်ဝင် စားပြီး ထေ ရ၀ါဒ ဗုဒ္ဓ သာသနာတော် အရှည် သဖြင့် တည်တံ့ ထွန်းကားရေး အတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက် နေသော မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း ဆရာတော် အသျှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)သည် ဖေဖော်ဝါ ရီလ ၂၈ ရက် နေ့မှ မတ်လ၈ရက်နေ့ထိ ရခိုင်ပြည်နယ်
သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်များသို့ ကြွရောက်ကာ အမျိုးဘာသာ၊ သာသနာ စောင့်ထိန်း ခြင်း၏ ဂုဏ်ကျေးဇူး ဆိုင်ရာ တရားတော် များကို ဟောကြား ခဲ့ရာ အထူး အောင်မြင်မှု ရှိကြောင်း ဒေသခံ ဆရာတော် များက မိန့်ကြား ကြသည်။
 
"ဆရာတော် ၀ီရ သူရဲ့တရားပွဲက အောင်မြင် ပါတယ်။ ရခိုင် သူ ရခိုင်သား တွေအားလုံး သဘောကျ ကြတယ်။ ဒဲ့ဒိုး ဟောရင် နား မခံ သာဖြစ်မဲ့ နေရာမှာ ပညာရှင်ပီသစွာပဲ ဥပမာလေးတွေ ထည့်ပြီး ဟောသွားတယ်။ အဲဒီလို ဟောတာ ကိုလည်း တရား နာသူ တွေက အလွယ် တကူ နားလည်လွယ် ကြ တယ်။ အဓိက ဟောတာ ကတော့ အမျိုးဘာသာ၊ သာသနာကို ညီညီ ညွတ်ညွတ် စောင့်ထိန်း ကြရေး ပါပဲ။ သံတွဲ ပရိတ်သတ် ကတော့ တရားပွဲ တစ်ပွဲကို သောင်းနဲ့ ချီပြီးတောင် ရှိမယ် ထင်တယ်"ဟု သံတွဲမြို့မှ ရခိုင် သမိုင်း သုတေသီ ဆရာတော် အသျှင် ကောသလ္လ (ဂဝေသီ) က အမိန့် ရှိသည်။

ဆရာတော် ၀ီရသူ သည် ဖေဖော် ၀ါရီလ၂၈ ရက်နေ့မှ မတ်လ ၃ရက် နေ့ထိ သံတွဲ မြို့တွင် လေး မျက်နှာကုန်း ဓမ္မာရုံ၊ သရက်ပင် ကွင်းရွာ၊ ကြာညိုရွာ၊ ရွှေလှေရွာ၊ ဂျိတ္တောရွာ တို့၌ လည်းကောင်း၊ မတ်လ ၄ရက်နေ့တွင် တောင်ကုတ်မြို့ ဖောင်တော်ဦး ဘုရားကြီး သိမ်တော်၌ လည်းကောင်း၊ မတ်လ၅ ရက် နေ့နှင့် ၆ရက်နေ့ တို့တွင် ရမ်းဗြဲမြို့ တန့်သျှင်ပင် ဘုရားအနီး ကွင်းပြင်၌ လည်းကောင်း၊ မတ်လ ၇ ရက်နေ့ ညတွင် ကျောက်ဖြူမြို့ ဓမ္မာရုံ၌ လည်းကောင်း ဟောပြော ခဲ့ကြောင်း သိရသည်။

ကြမ်းတမ်း လှသည့် ခရီးစဉ် တလျှောက် နေ့တရားပွဲ၊ ညတရားပွဲများ မနေမနား ဟောပြောခဲ့ သော်လည်း ရခိုင် အမျိုးသား တို့၏ အမျိုးဘာသာ၊ သာသနာ အပေါ် ထားရှိသည့် မျိုးချစ် စိတ်ဓါတ်ကို အထူး အလေး ထားလျက် တရားရေအေး အမြိုက် ဆေးကို မောပန်း နွမ်းနယ်ခြင်း မရှိ ပကတိ ရွှင်လန်းစွာ တိုက်ကျွေး ခဲ့သည်ဟု တရားပွဲ ဖြစ်မြောက်ရေး ကူညီ ဆောင်ရွက် သူများအ နက်မှ တစ်ဦးဖြစ်သူ သံတွဲမြို့ ရခိုင် လူမှု ကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုးက ဆိုသည်။

"သံတွဲမှာ နေ့၊ ည တရားပွဲ စုစုပေါင်း ခြောက်ပွဲ ဆက်တိုက် ဟောတယ်။ ဒီ ဒေသမှာက လမ်းကြမ်းပြီး ခရီးဝေး ပေမယ့် အပြုံး မပျက် ဟောခဲ့တယ်။ ဟောတဲ့ တရားတွေ ကလည်း ရည်ရွယ် ချက်ချင်း တူပေမယ့် တနေရာနဲ့ တနေရာခေါင်းစဉ်နဲ့ အကြောင်း အရာတွေမ တူဘူး။ တရား နာသူတွေ ကလည်း ကျနော် တွေ့ဖူးသမျှ တရားပွဲ တွေထဲမှာ အများ ဆုံးပါပဲ"ဟု ဦးမြင့်မိုးက ပြောသည်။

ဆရာ တော်သည် တရား ဟောရုံ သာမက မိမိထံ၌ လာရောက် လှူဒါန်း ထားသည့် ၀တ္ထုငွေ များကို ရခိုင် ပဋိပက္ခ အတွင်း ကျဆုံး ခဲ့သူများ နှင့် ဒုက္ခသည် များအတွက်လည်း လှူဒါန်းခဲ့သည်။

မတ်လ ၆ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသသို့ သွားရောက်ကာ သပြေချောင်း ရွာသူ မသီတာထွေး အပါအ၀င် ပဋိပက္ခ ဖြစ်စဉ်နှင့် ဆက်စပ် ကျဆုံး ခဲ့ရသော ဦးဟန်ရွှေ နှင့် ဦးသန်း တင်တို့၏ မိသားစုများ အတွက် မိသားစု တစ်စုလျင် ငွေကျပ် သုံးသိန်းစီကို လှူဒါန်းခဲ့ပြီး၊ မတ်လ ၇ ရက်နေ့မှာ ကျောက်ဖြူမြို့ သံဖြူ ကျောင်းတွင် ကျောက်ဖြူ ဒုက္ခ သည်များ အတွက် ၅၂သိန်း၊ မြေပုံ အတွက် ၂၂သိန်း ၉ သောင်း၊ မင်းပြား အတွက် ၂၈သိန်း ၉ သောင်း၊ မြောက်ဦး အတွက် ၆၀ သိန်း ၁ သောင်း၊ ရသေ့တောင် အတွက် ၄သိန်း ၈ သောင်း၊ ကျောက်တော် အတွက် ၃၂သိန်း ၆ သောင်း တို့ကိုလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ဆရာတော်သည် အင်္ဂလန်နိုင်ငံ The NOX & Nan Amara Music Group မှ ယခုနှစ် ဖေဖော်ဝါရီလ ၂၄ရက် နေ့တွင် ဆက်ကပ် ချီးမြှင့်သော Freedom of Religion ဆုကို ခံယူ ခဲ့ပြီးနောက် ရခိုင်ဒေသ တရားဟော ခရီးစဉ် ကို စတင်ခဲ့ခြင်း ဖြစ်သည်။



From : Arakan Times


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်