Tuesday, March 12, 2013

အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က အပြစ်မဲ့ ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်

Posted by drmyochit Tuesday, March 12, 2013, under | No comments

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် မြို့နယ် ပန်ကျုံ ရွာ အနီး လူနှစ်ဦး သေဆုံးနေကြောင်း သတင်း အရ မတ် ၉ ရက် နံနက် ပိုင်းက နယ်မြေခံလုံခြုံရေး အဖွဲ့ များမှ သွားရောက် ရှင်းလင်း စဉ် သေနတ် ဒဏ်ရာ များဖြင့် သေဆုံးနေသော အရပ်သား အလောင်း နှစ်လောင်းနှင့် အလောင်း များ အနီး ၁ဝ ကိုက်ခန့် အကွာတွင် အမ်-၂၂ ကျည်ခွံ လေးခွံ တို့အား တွေ့ရှိ ခဲ့သည်။


ဖြစ်စဉ်အား စိစစ်ချက်အရ သေဆုံး သူနှစ်ဦးမှာ ပန်ကျုံ ရွာ၌ နေထိုင်သော အိုက်လိတ်နှင့် အိုက် ဆာတို့ နှစ်ဦးဖြစ် ကြောင်းသိရှိရပြီး ၎င်းတို့ နှစ် ဦးသည် မတ် ၈ ရက် နံနက် ၉ နာရီခွဲခန့် ကရွာနှင့် ၁ မိုင်ခန့် ဝေးသော တောတွင်းသို့ အမဲပစ်ရန် သွားရောက်ခဲ့စဉ် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ တွေ့ရှိ ဖမ်းဆီးခံရပြီး အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်မြို့ နယ်ရဲစခန်းမှ တရား ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်