Tuesday, March 12, 2013

ရွာများအတွင်း အနိုင်ကျင့်ငွေကြေးတောင်းခံမှုများဖြစ်ပေါ်လျက်ရှိ

Posted by drmyochit Tuesday, March 12, 2013, under | No comments

ကချင်ပြည်နယ် အတွင်းKIA အဖွဲ့များ အနေဖြင့် ရွာများ အတွင်း လှည့် လည် သွား လာကာ ငွေကြေး အတင်း အကြပ် တောင်းခံ မှုများ ပြု လုပ်နေကြောင်း သိရှိရပါသည်။ အဖွဲ့ငယ်လေးများ ၅ယောက် တစ်ဖွဲ့၊ ၆ယောက် တစ်ဖွဲ့ စသည်ဖြင့်သွားလာနေပြီး အစိုးရတပ်များ စိုးမိုး ထားခြင်း မရှိ သည့် ရွာတွေမှာ ဆန်၊ ဆီ ၊ဆားများ တောင်းခံနေသည့် အကြောင်း ဘီလူးကျေးရွာအုပ်စု၊ သာယာ ကုန်းရွာ ရွာသား တစ်ဦးဖြစ်တဲ့ ဦးအောင်လှက အခုလိုပြောပြခဲ့ပါသည်။


“ငါတို့ ရွာထဲကိုရောက် လာတဲ့သူက KIA တပ်ရင်း(၅)က အရာခံ ဗိုလ်အွန်နော် ဆိုသူဖြစ် ပါတယ်။ အုပ် ချုပ်ရေးမှူး ကိုခေါ်ခိုင်းလို့ ငါကသွားခေါ်ပေးရတယ်။ အုပ်ချုပ်ရေးမှူး ခရီးသွားနေလို့ သူ့အဖေ ဦးယွန်းကိုငါခေါ်ခဲ့တယ်။ KIAကတစ်အိမ်ကို ငွေကျပ်တစ်သောင်း၊ ဆန်၁ အိတ်၊ ဆား၁ ပိဿာ၊ ဆီ၁ပိဿာ တောင်းတယ်။ ငါတို့ရွာကအိမ်ခြေ၅၀ပဲရှိတာ တစ်ရွာလုံးက ဆင်းရဲတဲ့သူ တွေချည်းပါပဲ။ သူတို့တောင်းတာက များလွန်းတော့ ကျွန်တော်တို့မှာပေးဖို့ အခက်အခဲရှိနေတာပေါ့။ ဦးယွန်း က ငွေကိုတော့ မဖြစ်မနေရအောင်ရှာပေးပါ့မယ်။ တစ်ခြားဟာတွေကတော့ ကျွန်တော်တို့မှာတောင် စားစရာ မရှိဖြစ်နေလို့ မပေးနိုင်တဲ့အကြောင်း ပြောခဲ့တယ်။ဗိုလ်အွန်နော်အဖွဲ့ကမကျေမနပ်နဲ့ပြန်သွားကြ တယ်” ဟု ရွာသား မှပြောကြားခဲ့ပါသည်။

မိုးညှင်းမြို့နယ်အတွင်း KIA များ မကြာမဏ ၀င်ထွက်သွားလာခြင်းနဲ့ အတူအခုလိုမျိုး ရိက္ခာနဲ့ ငွေကြေးများ၊ အတင်းအကြပ် တောင်းခံမှုများ ပြုလုပ်နေတာကြောင့် ဒေသခံလူထုအတွက် ၀န်ထုပ်ဝန် ပိုးဖြစ်နေပါသည်။ အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း လက်အောက်မှာရှိသည့် KIAတပ်များ မှာ အငတ်ငတ် အပြတ်ပြတ်ဖြစ်နေသည့် အတွက် အတင်းအကြပ် တောင်းခံမှုများဟာ လျော့နည်းသွားနိုင်ဖွယ် မရှိဘူးလို့ ကချင်ဒေသစစ်ရေး အကဲခတ်နေသူ ဦးနေမျိုးတင်က ပြောပြပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်