Saturday, August 31, 2013

Windows 8 ISO ဖိုင်အားရယူနိုင်ပါပြီ

Posted by drmyochit Saturday, August 31, 2013, under | 1 comment


Windows 8 ကိုအသုံးပြုချင်သူတွေအတွက် Windows 8 ကိုအောက်က link မှာ download ရယူနိုင်ပါပြီ။ ISO ဖိုင်အနေနဲ့တင်ပေးထားတာကြောင့် USB Stick ထဲထည့်ပြီး Boot stick အနေနဲ့အသုံးပြုဖို့ပဲဖြစ်ဖြစ် ၊ DVD ခွေမှာ ခွေရိုက်ပြီး Windows 8 Installer DVD အဖြစ်အသုံးပြုလိုလျှင်ပဲဖြစ်ဖြစ် စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ Windows 8 Serial Key များပါ တစ်ပါတည်းထည့်ပေးထားပါတယ်။ Windows 8 ISO ဖိုင်ကိုအောက်က link မှာရယူပါ။

Windows 8 ISO ဖိုင်အားရယူရန်

Windows 8 Serial Key များ

3HBY3-3GNXP-22R96-CCMCB-HT67C
OR

KGQND-Q2HH6-XHXHC-89VWW-82KVC

From: Myanmar Mobile App

Clean Master (Cleaner) v3.8.0 Apk 5Mb

Posted by drmyochit Saturday, August 31, 2013, under | No comments


30ရက်နေ့ကအသစ်ထွက်လာတဲ့ဗားရှင်းလေးပါ
ကျွန်တော်သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။
ကျွန်တော့်ရဲ့  Top Application တွေထဲမှာ ဒီကောင်လေးလဲပါတယ်။
ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။
ထွက်တာတော့ 4 ရက်ကတည်းကဆိုတော့ကြာနေပါပီ။အဟောင်းထဲက
အကောင်းလေးပေါ့။ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာ
မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်
စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင်
စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင်
တော့မှားသွားမယ်။အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း လုံးဝထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။
သုံးကြည့်ပါ အပြောနဲ့  လက်တွေ့ ယုံသွားစေရမယ်။လိုချင်ရင်တော့
အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။
Download>>>>mirrorcreator (or)zippyshare (or)mediafire

 Home Screen တွင် Task Killer ကိုshortcut အဖြစ်တင်ရန် အိမ်ပုံလေးကိုနှိပ်ပေးရမှာပါ။

ADALAFIL (တာဒါလာဖေးလ်) ယောက်ျားသုံးဆေး

Posted by drmyochit Saturday, August 31, 2013, under | No comments


ကာမအားဆေးများ အမြဲသုံးရင်ဘာဖြစ်နိုင်သလဲ ဆေးနာမည် စာလုံးပေါင်းပြောပါ။

အသက် ၃၉ ကျား ဆေးက Duron-20 Tadalafil Tablets 20mg

Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်း ချတယ်။ ဆေးဝါးဗေဒအရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ် တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါတမျိုးအတွက် ဖြစ်တယ်။ အခုခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုးအတွက်ဖြစ်တယ်။ Benign prostatic hyperplasia (BPH) ခေါ်တဲ့ ယောက်ျား အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း အတွက်လဲ သုံးပါတယ်။

တခြားရောဂါတွေအတွက် တနေ့မှာ 5 mg ပေးတယ်။ ပန်းသေနေတာအတွက် 5, 20, 40 mg ပေးရတယ်။ တနေ့မှာ တခါသာသောက်ပါ။ လိင်ဆက်ဆံဘို့အချိန်ထက် ၃ဝ မိနစ်ကြိုတင်သောက်ပါ။ များသောအားဖြင့် ၃၆ နာရီအထိ ဆေးမသောက်တာထက် ပိုပြီး သန်မာနေတာတွေ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေနဲ့ သတိထားစရာတွေ -
• မျက်နှာနီမြန်း (၁၃%)၊ သွေးတိုး (၃%)၊ နှလုံးခုန်မြန် (၂%)၊ နှလုံးကိုသက်ရောက်မှုများ၊ အးယုတ်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊
• Priapism ခေါ်တဲ့ ၄ နာရီအထိ ကျားလိင် အင်္ဂါသန်မာ နေတာကျ မသွားတာမျိုးလဲ တချို့မှာ ဖြစ်တတ် တယ်။
• ဆရာဝန်မညွှန်ဘဲ ဆေးကို တိုးမသောက်သင့်ပါ။
• တကယ်လို့ ခေါင်းမူးတာ၊ ရင်ပတ်နာလာတာ၊ သတိလစ်ချင်သလို ဖြစ်လာတာ။ မျက်စိအမြင်ဝေဝါး လာတာ၊ နာဲးမှာ ဝီဝီမြည်သံကြားလာတာ၊ နားကြားမကောင်းတာတွေ ဖြစ်လာရင် ဆေးကိုချက်ချင်းရပ်ပါ။ အရက်နဲ့တွဲမသောက်ရပါ။ သွေးတိုးကျဆေးသောက်နေရရင် ဆရာဝန်ပြောပါ။
• ဒီဆေးဟာ လိင်က တဆင့်ကူးစက် ရောဂါတွေကို အကာကွယ်မပေးပါ။ ကိုယ်ဝန် မရအောင်လဲ တား မပေးပါ။

ဒေါက်တာတင့်ဆွေ

Battery Booster v.6.5 Apk 3MB

Posted by drmyochit Saturday, August 31, 2013, under | No comments


Battery Booster Full အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 30ရက်နေ Update လေးပါ
Android  ဖုန်းကိုင်ဆောင်သူတိုင်း ဘက်ထရီ အားအကုန်လွယ်တဲ့ ပြသာနာ ဖြစ်ဖူးကြမှာပါ ..ဘာကြောင့်ဖြစ်ရသလဲဆိုတော့ Battery Manangement ကောင်းကောင်းမလုပ်တတ်လို့ပါပဲ.  .ဒီဆော့ဝဲလ် လေးကတော့ ဘက်ထရီ manangement  ကောင်းစြွ ကိုင်တွယ်နိုင်မှာ ဖြစ်သလို တခြားတခြားသော  features များစွာနဲ့  မိမိဖုန်းကို တစ်ဖက်တစ်လှမ်းကနေ အကျိုးပြုပေးမှာ ဖြစ်ပါတယ် ..ဒီဆော့ဝဲလ်လေးက မိမိဖုန်းရဲ့ battery charge(battery charge မှာဆိုရင် မိမိဖုန်းရဲ့ battery usage ကို ခြေရာခံလိုက်ကြည့်ပေးမယ့် auto updating live chart ပါဝင်)  battery capacity, temperature, voltage, etc တွေ နဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အချက်အလက်တွေ ကို အချိန်နဲ့တစ်ပြေးညီပေးစွမ်းထားမှာ ဖြစ်ပါတယ် …..ဒါအပြင် Battery Tweak မှာ ဆိုလည်း အားလုံး လိုချင်ကြတဲ့ Smart  Battery Saver, wifi and bluetooth စတာတွေ ပါဝင်မှာဖြစ်ပါတယ်.

https://play.google.com/store/apps/details?id=imoblife.batterybooster.full

မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download>>>mirrorcreator(or)zippyshare 










ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ပြောင်း

Posted by drmyochit Saturday, August 31, 2013, under | No comments


ဒမတ်စကပ်   သြဂုတ် ၃ဝ

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်း ရှိ နိုင်ငံ၏ အကြီး မားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှ
စကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စစ်လက်နက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တပ်ဖြန့် ချထားကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက် သည့် အမှတ်(၁၅၅) ဒုံးတပ်မဟာသည် ရွှေ့ပြောင်း ပစ်ခတ်နိုင်သော စကာ့ဒ်ဒုံးကျည် ဒါဇင်ပေါင်း များစွာကို ၎င်းတို့၏ အခြေစိုက်စခန်းမှ မြောက်ဘက်ရှိ Homs မြို့သို့ သယ်ယူလျက် ရှိသည်ကို သူပုန်ကင်းထောက် အဖွဲ့များမှ တွေ့မြင်ခဲ့ရကြောင်း သိရသည်။

သူပုန်များ၏ အဆိုအရ ဒုံးကျည် အစိတ်အပိုင်းများ၊ ဒုံးပစ်လောင်ချာများနှင့် ဆက်စပ်ပစ္စည်းများကို တာပေါ် လင်စများဖြင့် ဖုံးအုပ်ကာ နောက်တွဲယာဉ်များဖြင့် သယ်ဆောင်၍ ရွှေ့ပြောင်းလျက်ရှိကြောင်း၊ ၎င်းရွှေ့ပြောင်းမှုတွင် ကီလိုမီတာ ၃ဝဝ ကျော်အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အရှည် ၁၁ မီတာရှိ စကာ့ဒ်ဒုံးကျည် နှစ်ဒါဇင်ထက် မနည်း ပါဝင်ကြောင်း သိရသည်။

From: မြ၀တီ

ဆလီနာသည် လှပပြီး ချစ်စရာကောင်းသူ ဖြစ်ကြောင်း ကယ်လီကလာ့ခ်ဆန် ချီးကျူးပြောဆို

Posted by drmyochit Saturday, August 31, 2013, under | No comments


လော့စ်အိန်ဂျလိစ် သြဂုတ်  ၃ဝ

ကမ္ဘာကျော် အဆိုတော် ကယ်လီကလာ့ခ်ဆန်က ဒစ်စနေး ရုပ်သံမင်းသမီး အဆိုတော် ဆလီနာဂိုမက်ဇ် သည်ကမ္ဘာတွင် အလှဆုံး မိန်းကလေးများအနက် တစ်ဦးအပါအဝင် ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။

ထို့အပြင် ဆလီနာသည် လှပပြီး ချစ်စရာကောင်းရုံသာမက ဆွဲဆောင်မှုရှိပြီး အထက်တန်းကျသော အလှကို ပိုင်ဆိုင်ထားကြောင်း ကလာ့ခ်ဆန်က သူမ၏ တွစ်တာဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။

ဆလီနာဂိုမက်ဇ်သည် သြဂုတ် ၂၅ ရက်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘဂွတ်ကလင်းရှိ ဘာကလေ ခန်းမ၌ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သော MTV ဂီတဗီဒီယို ဆုပေးပွဲ အခမ်းအနား၌ သူမ၏ Come and Get It တေးသီချင်းဖြင့် အကောင်းဆုံး ပေါ့ပ်ဗီဒီယိုဆုကို ရရှိခဲ့သည်။

မြ၀တီ

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

Posted by drmyochit Saturday, August 31, 2013, under | No comments


တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။
ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)
ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။
ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။
အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)
အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။

ဂြိုဟ်တု သယ်ယူရေး ဒုံးပျံသစ် Epsilon ကို ပစ်လွှတ်ရန် နောက်ဆုံး ၁၉ စက္ကန့်ရောက်မှ ဖျက်သိမ်းလိုက်ခြင်း

Posted by drmyochit Saturday, August 31, 2013, under | No comments

သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေ လေ့လာရေး ဂြိုဟ်တုကို သယ်ဆောင်သွားမည့် ဂြိုဟ်တု သယ်ယူရေး ဒုံးပျံသစ် Epsilon ကို ဂျပန်နိုင်ငံ တောင်ပိုင်း Uchinoura Space Center မှ သြဂုတ် ၂၇ ရက်နေ့တွင် ပစ်လွှတ်ရန် အသင့်ပြင်ဆင်ထားပြီး ပစ်လွှတ်ရန် နောက်ဆုံး ၁၉ စက္ကန့်တွင်မှ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း Japan Aerospace Exploration Agency (JAXA) က ပြောကြားခဲ့သည်။
အဆိုပါ ဒုံးပျံသစ် Epsilon-1 သည် လေထု တုံ့ပြန်မှုကို သိရှိရန် အတွက် ရောင်စဉ်တန်း ကိရိယာ အသုံးပြု စောင့်ကြည့် လေ့လာရေး ဂြိုဟ်တု (SPR-INT-A)ကို သယ်ဆောင်လျက် Uchinoura Space Center မှ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပစ်လွှတ်ရန် စီစဉ်ထားလျက်ခဲ့သည်။ ဒုံးပျံသစ်သည် ၁၉၉၇ ခုနှစ်နှင့် ၂ဝဝ၆ ခုနှစ်အတွင်း အာကာသ အတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် M-5 ဒုံးပျံ နေရာတွင် အစားထိုးနိုင်ရန် ဒီဇိုင်း ရေးဆွဲထားကာ နောက် ထပ် အသေးစိတ် အချက်အလက်များကို ထပ်မံ ကြေညာပေးမည် ဖြစ်ကြောင်း JAXA မှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။
http://www.nbcnews.com/science/japan-cancels-first-launch-epsilon-rocket...

From: MRTV 4

လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြောင့် အမေရိကန် သတို့သားနှင့် မက္ကဆီကို သတို့သမီးတို့ နယ်စပ်တွင် လက်ထပ်ခဲ့ရ

Posted by drmyochit Saturday, August 31, 2013, under | No comments


အယ်လ်ပါဆို သြဂုတ် ၃၀

အမေရိကန် ပြည်ထောင်စုမှ အမျိုးသား တစ်ဦးနှင့် မက္ကဆီကို နိုင်ငံမှ အမျိုးသမီး တစ်ဦးတို့သည် ၎င်းတို့၏ မင်္ဂလာပွဲအား အမေရိကန်နှင့် မက္ကဆီကို နိုင်ငံ အကြားရှိ နယ်စပ်တံတား တစ်စင်းပေါ်တွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ အက်ဂါ ဖယ်လ်ကွန်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ သတို့သမီး မာရီခရုဇ်ဗော်လ် ကာရာတို့ နှစ်ဦး၏ မင်္ဂလာ ပွဲအား တက္ကဆက် ပြည်နယ် အယ်လ်ပါဆို မြို့နှင့် မက္ကဆီကို ဂျာရက်ဇ် နယ်စပ်တို့ ကြားရှိ Pasodel Norte တံတားပေါ်တွင် သြဂုတ် ၂၇ရက်က ကျင်းပခဲ့ကြောင်း EI Paso Times သတင်းဌာနက ဖော်ပြခဲ့သည်။

သတို့သမီး ဖြစ်သူ မာရီခရုဇ်သည် လွန်ခဲ့သည့် ခုနစ်နှစ်က အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း၊ သူမ၏ အစ်မ ဖြစ်သူက နယ်စပ် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင် များအား လိမ်ညာပြောဆို ခဲ့မှုကြောင့် သူမအား အမေရိကန် နိုင်ငံ အတွင်းသို့ ၀င်ရောက်ခွင့်ကို အမေရိကန် အစိုးရက တားမြစ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ဥပဒေ အရ နိုင်ငံခြားသားများ အနေဖြင့် နိုင်ငံသား ဖြစ်ကြောင်း၊ မှားယွင်းကြေညာ ခဲ့ပါက အမေရိကန် နိုင်ငံသို့ ၀င်ရောက်ခွင့်ကို ပိတ်ပင် ခံရမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နယ်စပ် တံတားတွင် လက်ထပ်ပွဲ ကျင်းပရသည့် အကြောင်းအရင်းမှာ ရေမြေခြားပြီး ချစ်ကြသော ချစ်သူနှစ်ဦး အတွက် အမေရိကန်၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြောင့် အခက် ကြုံရသည်ကို ပြသလို၍ ဖြစ်ကြောင်း၊ တစ်ပြည်သူ အတွက် အခက် ကြုံစေရုံသာ မက တစ်ပြည်သူကို ချစ်မိသည့် မိမိအတွက်လည်း ဒုက္ခရောက်ကြောင်း သတို့သား ဖြစ်သူက ပြောကြားခဲ့သည်။

မြ၀တီ

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်

Posted by drmyochit Saturday, August 31, 2013, under | No comments


ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကား ၀န်ဆောင်မှု လုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။

“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။

Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့၍ နိုင်ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

ကမ္ဘာဦး သက်ရှိများအစ မားစ်ဂြိုဟ်မှ ဖြစ်နိုင်ဟုဆို

Posted by drmyochit Saturday, August 31, 2013, under | No comments


နေစကြာဝဠာ အတွင်း သက်ရှိများ ပထမဆုံး ပေါက်ဖွားလာသည့် ဘူမိနက်သန် နေရာသည် ကမ္ဘာမြေ မဟုတ်ဘဲ မားဂြိုဟ်သာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် တစ်ဦးက ကောက်ချက်ချ ပြောဆိုခဲ့သည်။ ယနေ့ နေစကြာဝဠာ အဖွဲ့အစည်းအတွင်း သက်ရှိများ မှီတင်းနေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာသည် ကမ္ဘာဂြိုဟ်ဟု သတ်မှတ်ထားသော်လည်း ကမ္ဘာပေါ်ရှိ သက်ရှိဇီဝဓာတ်၏ မူလအစသည် ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် မားစ်တွင် ဖြစ်နိုင်ကြောင်း သုတေသန ရလဒ်သစ် တစ်ခုကို အထင်ကရ သိပ္ပံကွန်ဖရင့် တစ်ခုတွင် တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။ ယခုကောက်ချက်သည် သက်ရှိဇီဝဓာတ် အစပြုရန် လိုအပ်သည့် အစောဆုံး မော်လီကျူး ဖွဲ့စည်းမှု စံနမူနာ ပုံစံများကို အခြေခံ တွက်ချက်ကာ ဖော်ထုတ်လာခြင်းဟု သိရှိရသည်။

အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ပြုလုပ်ကျင်းပသည့် ဂိုးလ်ရှမစ်ဒ် သိပ္ပံကွန်ဖရင့်တွင် သက်သေ အထောက် အထား များကို အခြေခံ ထုတ်နုတ်သည့် ယခုတွေ့ရှိမှု အသစ်ကို ပရော်ဖက်ဆာ စတီဗန်ဘန်နာက တင်သွင်းလာခြင်း ဖြစ်သည်။ သက်ရှိမော်လီကျူး ဖွဲ့စည်းမှု အပိုင်းအခြား (၃)မျိုးဖြစ်သည့် RNA၊ DNAနှင့် ပရိုတိန်းတို့၏ ဖြစ်တည်မှု သီအိုရီများကို အခြေခံကာ မားစ်ဂြိုဟ်ပေါ်တွင် သက်ရှိများ ရှေးကနဦး ကာလများက ရှင်သန် ပေါက်ဖွားခဲ့ကြောင်း ပရော်ဖက်ဆာ ဘန်နာက ပြောကြားသွားသည်။ ၎င်းက ကမ္ဘာမြေပေါ်တွင် ပထမဆုံး သက်ရှိ ဇီဝဓာတ်များ စတင်ဖြစ်တည်လာသည့် အချိန်ထက် နှစ်ပေါင်း သန်း(၃၀၀၀)မျှစောကာ မားစ်တွင် သက်ရှိရပ်ဝန်းတစ်ခု ဖြစ်တည်ခဲ့ကြောင်း ယုံကြည်နေသည်။

ဂြိုဟ်နီကြီးတွင် သက်ရှိဖြစ်တည်မှု စတင်ခဲ့ကြောင်း အယူအဆသည် အငြင်းပွားဖွယ် ဖြစ်နေသော်လည်း ပရော်ဖက်ဆာ ဘန်နာ၏ သီအိုရီကို ထောက်ခံသူများလည်း ရှိနေခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဂီနက်စ်ဗီးလ်ရှိ ဝက်စ်သီမာ သိပ္ပံဌာနမှ ပညာရှင်ကြီးကမူ မိမိ၏ အယူအဆသည် လက်တွေ့နှင့် နီးစပ်မည်ဟု ယုံကြည်နေ သည်။ လတ်တလောတွင် မားစ်ဂြိုဟ်ပေါ် ဆင်းသက်ထားသည့် Curiosity ဂြိုဟ်ဆင်းယာဉ်မှ ပြန်လည်ပေး ပို့နေသော အချက်အလက်များက မားစ်မျက်နှာပြင်တွင် သက်ရှိများ လုံးဝ ရှင်သန်နေထိုင်နိုင်မှု မရှိကြောင်း ညွှန်ပြ လျှက်ရှိသည်။ သို့သော်လည်း တစ်ချိန်က မားစ်ဂြိုဟ်ပေါ်တွင် ရေဖွဲ့စည်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ယုံကြည်နိုင်လောက် သည့် အထောက်အထား အချို့ကလည်း ပရော်ဖက်ဆာ ဘန်နာ၏ စိတ်ကူး စိတ်သန်းကို အထောက်အကူ ပြုနေသည်။

ပရော်ဖက်ဆာ ဘန်နာက "Molybdenum သတ္တု ဓာတ်ဆားတွေဟာ အောက်စီဂျင် ဓာတ်ပြုမှု မြင့်မားလာတဲ့အခါ ရှေးဦး သက်ရှိတွေ ပေါက်ဖွားဖြစ်တည်မှုကို လွှမ်းမိုး သက်ရောက်လာနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ အစောဆုံး နေ့ရက်တွေတုန်းက ဒီသက်ရောက်မှု လုံးဝ ဖြစ်ပေါ်နိုင်ခြေ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အရမ်းရှေးကျနုနယ်တဲ့ သက်တမ်းတုန်းက ကမ္ဘာပေါ်မှာ အောက်စီဂျင် နည်းနည်းပဲ ရှိသေးတယ်။ အဲဒီအချိန် မားစ်ဂြိုဟ်ပေါ်မှာ အောက်စီဂျင်ဓာတ် အများကြီး ဖြစ်နေပြီ"ဟု ရှင်းပြခဲ့သည်။ ၎င်းက ထိုအချိန်က မားစ်ဂြိုဟ်၏ ပတ်ဝန်းကျင်သည် ယနေ့ထက်ပင် ပိုမို ခြောက်သွေ့နိုင်ကြောင်းလည်း ဆိုသည်။

ပရော်ဖက်ဆာ ဘန်နာက "မားစ်ဟာ ကမ္ဘာထက် ပိုပြီးတော့ အောက်စီဂျင် ဓာတ်ပြုဝါးမြိုမှု ပိုများခဲ့ပါတယ်။ ပိုလည်းခြောက်သွေ့တယ်။ ကမ္ဘာမြေပေါ်မှာ အဆင်မပြေတဲ့ ဓာတုပေါင်းစပ်မှုတွေက အဲဒီအချိန် မားစ်ဂြိုဟ်ပေါ်မှာ အလုပ်ဖြစ်နေခဲ့ပုံရတယ်။ ပြောရမယ်ဆိုရင် တကယ်တမ်းမှာ ကျွန်တော်တို့ လူသားတွေဟာ မားစ်ဂြိုဟ်ရဲ့ ဆက်ခံသူတွေတောင် ဖြစ်နိုင်ပါတယ်။ မားစ်မှာ သက်ရှိတွေ စတင်ပေါက်ဖွားလာတယ်။ ပြီးတော့မှ အဲဒီက ပြိုကွဲထွက်လာတဲ့ အစိတ်အပိုင်းမျိုးမှာ ကပ်ငြိလာတဲ့ သက်ရှိဇီဝဓာတ်က ကမ္ဘာမြေပေါ် ရောက်လာခဲ့တာမျိုး ဖြစ်နိုင်ပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဆက်လက်၍ ပရော်ဖက်ဆာ ဘန်နာက "ကျွန်တော်တို့ ကမ္ဘာမြေမှာ ရှိနေတာ၊ သက်ရှိတွေရဲ့ အဆုံးသတ် ရပ်တည်တဲ့ နေရာဟာ ကမ္ဘာမြေ ဖြစ်လာတာ ကံကောင်းပါတယ်။ တကယ်တမ်းက ဇီဝဓာတ် ဖြစ်တည်ပြီးတဲ့နောက် ရှည်ကြာအောင် ဆက်ထိန်းသိမ်းနိုင်ဖို့ အတွက်ကျတော့ ကမ္ဘာက မားစ်ထက် အများကြီး ပိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုး ဖွဲ့စည်းထားတာပါ။ ခုချိန်မှာ မားစ်ဟာ ဘာသက်ရှိမှ မရှင်သန်တဲ့ နေရာတစ်ခုလို့ ယူဆထားကြပါပြီ။ တကယ်လို့များ ကျွန်တော်တို့ ယူဆထားတဲ့အတိုင်း သက်ရှိဇီဝဖြစ်တည်မှုရဲ့ ဘိုးဘေး အဦးအစ အထောက်အထားတွေကို မားစ်ဂြိုဟ်မှာ တွေ့ရှိလာမယ် ဆိုရင်တော့ နောက်ထပ် စကားများများ ပြောနေစရာ မလိုလောက်တော့ဘူးပေါ့"ဟုလည်း ပြောကြားသည်။

နေကို ဗဟိုပြု လှည့်ပတ်နေသော ဂြိုဟ်များအနက် စတုတ္ထမြောက် ဂြိုဟ်ပတ်လမ်းတွင် ရှိနေသည့် မားစ်သည် နေအဖွဲ့အစည်းအတွင်း ဒုတိယ အသေးဆုံး ဂြိုဟ်လည်းဖြစ်သည်။ ဂြိုဟ်တွင် သတ္တုများ၊ ကျောက်များဖြင့်သာ ဖွဲ့စည်းထားပြီး သံအောက်ဆိုက်ဒ်ဓာတ် လွန်ကဲပျံ့နှံ့နေသည့် အခြေအနေကြောင့် မျက်နှာပြင်သည် နီမြန်းသော အရောင်မျိုး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

From: Planet Myanmar Network

Sony က Xperia Z1 မှာ ရေစိုခံ အမျိုးအစားဟု အတည်ပြု

Posted by drmyochit Saturday, August 31, 2013, under | No comments


Sony မှ လက်ရှိတွင် ရောင်းအားကောင်းခဲ့သော Xperia Z စမတ်ဖုန်းအပြင် အရွယ်အစား ကြီးမားသော Xperia Z Ultra စမတ်ဖုန်းကိုပါ ထုတ်လုပ်ထားပြီး  Samsung ထုတ်ကုန်များကို ယှဉ်ပြိုင်သွားရန် ကြိုးပမ်းလျက် ရှိနေရာ ယခုနှစ် အတွင်းမှာပင် နောက်ထပ် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးဖြစ်သော Honami ဟု ခေါ်ဆိုထားသည့် Xperia Z1 ကို ထုတ်လုပ် ကြေညာသွားရန် ရှိနေသည်။

Sony ၏ နောက်ပိုင်းထုတ်ကုန် အများစုမှာ ရေစိုခံ အကြမ်းခံ အမျိုးအစားများ ဖြစ်လာသည့် အတွက် ယခုဆက်လက် ထုတ်လုပ်မည့် Xperia Z1 စမတ်ဖုန်းမှာလည်း ရေစိုခံ၊ အကြမ်းခံ အမျိုးအစားဖြစ်ကြောင်း Sony ကပင် အတည်ပြု သွားခဲ့ခြင်း ဖြစ်သည်။ Xperia Z1 ဖုန်းမှာ လက်ရှိနောက်ဆုံး ထုတ်လုပ်ထားသော Xperia Z Ultra ဖုန်းကဲ့သို့ အပါးဆုံး အနေအထား မဟုတ်သော်လည်း ပါးလွှာသည့် အတန်းအစားများထဲတွင် ပါဝင်မည် ဖြစ်ကြောင်း နောက်ပိုင်း ထွက်ပေါ်လာသော အဆိုပါ ဖုန်း၏ ပုံများကို ကြည့်ကာ ခန့်မှန်းပေးထားကြခြင်း ဖြစ်သည်။ ဖုန်းအပေါ်ပိုင်းတွင် 3.5mm headset jack ပါရှိပြီး ဖုန်းညာဘက်ဘေးတွင်မူ power, button, volume rocker တို့ ပါဝင်မည် ဖြစ်သည်။ ကင်မရာပိုင်းအတွက် Omio က တွေ့ရှိသည့် ပုံများအရ ရုပ်ထွက် အထူးကောင်းမွန်သည့် G lens အမျိုးအစားကို သုံးထားသည်ဟု သိရှိရသည်။ ထပ်မံထွက်ပေါ်လာသော ပုံများအရ ဆိုလျှင် Xperia Z1 မှာ အဖြူ၊ အနက်အပြင် အပြာရောင်ကို ပါရှိမည်ဟု သိရှိရပြီး အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။ 5-inch Full HD display, quad-core Snapdragon 800 processor, 2GB RAM, 3000 mAh battery နှင့် Android 4.3 Jelly Bean ကို အသုံးပြုပေးထားမည် ဖြစ်သည်။ Sony မှာ အဆိုပါ ဖုန်းသစ်ကို လာမည့် စက်တင်ဘာလ ၄ ရက်တွင် အသေးစိတ် အချက်အလက်များနှင့်အတူ တရားဝင် ကြေညာ ပေးသွားရန်ပါ ရှိနေသည်။

Sony မှာ Xperia Z1 ဖုန်း၏ mini အမျိုးအစား ဖြစ်သော Xperia iA Honami ကိုပါ ထုတ်လုပ်သွားရန် ရှိနေပြီး 4.3-inch display, Snapdragon processor, 2GB RAM, 16GB internal storage with SD card slot, 2400 mAh battery တို့ကို ထည့်သွင်း ပေးထားသည်ဟု သိရှိရသည်။


Ref & Credit: Net Guide Journal
From: Myanmar Mobile App

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

Posted by drmyochit Saturday, August 31, 2013, under | No comments



ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိက အားဖြင့်သွေး ကိုဆေးကြော သန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တု ဓာတ်ပ မာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီး  ပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်း သည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁-
လီတာ ထိစွန့် ပစ်ရပါမည်။ ချွေးထွက်များ သောနေ့ တွင်ရေပို မို သောက်ပေးသင့်သည်။

အမျိုးသား၊အမျိုးသမီး၊ကလေး၊လူကြီးအားလုံး၏ ပုံမှန်ဆီးအရောင်သည် ၀ါဖျော့ဖျော့(သို့ ) အ၀ါရောင်ဖြစ်သည်။

(၁)ရေ သောက်နည်း ခြင်း
(၂)အစားအစာ
(၃)သောက်သုံးသောဆေးဝါးတို့ ကြောင့်လည်း ဆီးအရောင် ယာယီပြောင်းလဲတတ်သည်။

ထိုအကြောင်း(၃)ရပ် ကြောင့် ဆီးအရောင် ၂၄နာရီခန့် ကြာပြောင်းလဲခြင်း သည်ပြသနာမရှိလှသော်လည်း၊ ကျန်းမာရေးတစ်စုံတစ်ရာချို့ ယွင်းမှုကြောင့် *ဆီးအ *ရောင်သိသိသာသာပြောင်းလဲတတ်ပေရာ၊ မိမိကျန်းမာရေး အခြေအနေကို အောက်ပါအကြောင်းအရာတြို့ဖင့် သုံးသပ်နိုင် ပါသည်။

(၁) ကျန်းမာရေးကောင်းသူ၏ဆီးအရောင်သည် အနယ်အနှစ်မပါဘဲ
ကြည်လင်သောဝါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက်များလေ ဆီးအရောင် ဖျော့လေဖြစ်သည်။

(၂)ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း နှင့်ဆီးအိမ်ကင်ဆာတို့ ဖြင့် ဆက်စပ်နေသည်။ အထူးသဖြင့် အသက် ၄၀ ကျော်အမျိုးသားများတွက် ဆီးအိမ်ကင်ဖြစ်နိုင်ချေအလားအ လာများ၍ သတိပြုပါ။

(၃) အချို့ဝမ်းနှုတ်ဆေးများ နှင့် အကြောပြေဆေးများတွင် cascara (သို့ ) sennaဓာတ်ပါရှိသဖြင့် ဆီးသွားသည့်အခါ အညိုရင့်ရင့် (သို့ ) လ္ဘက်ရည် ကြမ်းရောင်ပြောင်းနေတတ်သည်။ အသည်းပျက်စီးခြင်း၊ အသည်းရောင်ရော ဂါ၊ ကျောက်ကပ်အတွင်းသွေးခဲ၍ပျက်စီးခြင်းတို့  ကလည်း ဆီးအရောင်ကို အညိုရင့်ရောင်ပြောင်းစေတတ်သလို၊ကိုကာကိုလာ အရောင်ဆီးပျစ်ပျစ် သွားပါက ဆီးအိမ် နှင့် ကျောက်ကပ်တို့  တွင်ပြင်းထန်သောရော ဂါရနေပါပြီ။ နီးစပ်ရာ ဆရာဝန်ဖြင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ပါ။

(၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်၊ သွေးဖြူ/နီဥ ဆဲလ်များထဲတွင် ဘက်တီးရီး ယားများတိုးပွား လာကြကာ ဆီး အရောင်သည် နို့ ကဲ့ သို့ြ ဖူသွား တတ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်းကလည်း
ဆီးကိုဖြူစေသည်။

(၅) အနီရောင် (သို့ ) ပန်းရောင်ဆီးသွားခြင်းကို ဆီးထဲတွင်သွေးပါသည်ဟု ထင်မှတ် မှားလေ့ ရှိကြ သည်။ အနီရောင်သကြားမုန်လာ နှင့် ဘယ်ရီသီး အနီရောင်များ စားခြင်းဖြင့် ဆီးနီစေသလို၊ anti-psychotics ဓာတ်ပါရှိသောဆေးဝါးအချို့ သောက်သုံးခြင်းက လည်း ဆီးနီစေ ၏။ အကယ်၍ သင့်ခနာကိုယ် ထဲတွင် ခဲဆိပ် တက်လျှင် ဆီးနီရဲစေ သဖြင့် အထူးဂရုစိုက်ပါ။

(၆) ဘီယာသောက်ခြင်းနှင့်ကယ်ရိုတင်းဓာတ်ပါသော မုန်လာဥနီအမြောက် အများစားသုံးခြင်းဖြင့် ဆီး လိမ္မော်ရောင်သွားစေသည်။ ဗီတာ မင်စီအလွန်အကျွံ သောက်သုံးခြင်း၊ ခီမိုဆေးသွင်းကုသခြင်း နှင့်
ပိုးသတ်ဆေး အချို့ ကလည်း ဆီးကိုလိမ္မော်ရောင် ဖြစ်စေတတ်သည်။

သင့်ဆီး သည်လိမ္မော်ရောင်ဖြစ်ပြီး၊ ၀မ်းအဖြူရောင်သွားနေပါက အသည်းရောင်အသားဝါလက္ခဏာ ဖြစ်သည်။ လိုအပ်သောပမဏထက် ဗီတာမင်စီ မှီဝဲခြင်းကကျောက်ကပ်ကိုပျက်စီးစေသည်။

(၇) အကယ်၍ သင်သည် ဗီတာမင်ဘီဓာတ်ကြွယ်ဝသော အားဖြည့်ဆေးသောက်သုံးနေသူဖြစ်ပါက၊
နီအွန်အ၀ါရောင် ဆီးသွားခြင်း အ တွက် စိုးရိမ်ဖွယ်မရှိပါ။

(၈) ထုံဆေး/မေ့ဆေး အချို့ က အစိမ်းရောင်ဆီးသွားစေသလို၊ ကညွတ်အမြောက်အများ
စားသုံးခြင်းဖြင့်လည်း ဆီးအရောင်ကို စိမ်းဖန့်  ဖန့် ဖြစ်၍ ဆီးရနံ
့ဆိုးဝါးစေသည်။

(၉) အော်ဂလီဆန်ပျို့ အန် ပျောက်ဆေးအချို့ သည် ဆီးအပြာရောင် သွားစေတတ်သဖြင့်
စိုးရိမ်ဖွယ် မရှိပါ။

(၁၀) ဦးနှောက်နှင့် အာရုံကြောဂါ ရှိသူ၏ ဆီးသည် မာပယ်လ်ပန်းရနံ ထွက်လေ့ ရှိပြီး၊ ဆီးချိုရောဂါဝေဒနာ သည်၏ ဆီး သည် အချို့ နံ့  ထွက်သဖြင့်မိမိကိုယ် ကို စမ်းစစ်ပါ။

(၁၁) ဆီးအနည်ပါသူ နှင့် ဆီးကျောက်တည်သူများသည် တနေ့ လျှင် ရေ ၃-လီတာမျှသောက်သင့်ပြီး၊ ကွမ်းမစားသင့်ပေ။

ကျောက်ကပ်ပျက်စီးစေသော အဆိုးရွားဆုံးအစား အစာများမှာ ပူစပ်သော အစားအစာများ၊ရေခဲရေ၊ အနီရောင်အသား၊ ဆား၊ ငရုပ် ကောင်း၊ ထညင်း သီး၊ ပြုပြင်ပြောင်းလဲထားသောအရန် သင့် သစ်သီးဖျော် ရည်၊ ပြုပြင်ပြောင်း လဲထားသော ဓာတုအချိုသွားရည်စာအမျိုးမျိုး နှင့် အချိုမှုန့် ၊ ဆို ဒါ နှင့် အဖျော် ယမကာများ၊ အထူး သဖြင့်တရုပ်ပြည်ထုတ် နို့ ထွက်ပစ္စည်း အမျိုးမျိုး၊ ကဖိန်းဓာတ်လွန်ကဲ သော ကော်ဖီ၊လ္ဘက်ရည် တို့ ဖြစ်သည်။အနီရောင်ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ပန်းသီး၊ ကျောက် ဖရုံ သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ အပါအ၀င် ဘယ်ရီသီးအမျိုးမျိုး၊ ချယ်ရီး သီး၊ အနီရောင်စပျစ်သီး၊ ကြက် ဥအဖြူရောင်၊ အိုမီဂါ ၃ဖက်ဆီးအက် ဆစ်ကြွယ် ၀သော ငါး၊ သံလွင်ဆီ၊ မြင်းခွာရွက် တို့ သည် ကျောက် ကပ်ကျန်း မာရေးအတွက် အကောင်းဆုံးအစားအစာများဖြစ်သည်။ ထို့ ပြင် ဆီသွားသည့် အခါဆီး ကုန်သည် အထိ စိတ်ရှည်ရှည်စွန့် ထုတ်ရန်လိုအပ်ပြီး၊ ဆီးကျန်ခြင်းကြောင့် မလိုလား အပ်သောနောက် ဆက်တွဲ ရောဂါ များ မဖြစ်စေရန် ကြက်သွန်ဖြူပြုတ်ရည်ကို ဆေးမြီးတိုအဖြစ်သောက်သုံးနိုင်ပါကြောင်း။* *

*ဘာသာပြန်သူ (ပေါက်ပေါက်)*
*မှီငြိမ်း (the urology department at the University of Kansas)*
ကျန်းမာရေးစာတိုများစုစည်းမှု

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်

Posted by drmyochit Saturday, August 31, 2013, under | No comments


တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက်ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။

TechSpace Journal

မြေယာအငြင်းပွားမှုကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြ

Posted by drmyochit Saturday, August 31, 2013, under | No comments


ကွတ်ခိုင်၊ သြဂုတ် ၃၁။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာသားများနှင့် ကျောက်ထုတ်လုပ်ငန်းကန်ထရိုက် ဦးမောင်မောင် သွင်နှင့် နမ့်ပါချီး(ဗမာရွာ)တွင် နေထိုင်လျှက်ရှိသော ကျေးရွာသားအချို့သည်
မြေယာ ပိုင် ဆိုင်မှု အငြင်းပွားကြရာ အားလုံးတွေ့ဆုံ ညှိနှိုင်းကြရာ အဆင်ပြေသွားကြောင်း ယင်းဆွေးနွေး ပွဲမှ သိရသည်။

နမ့်ပါချီးကျေးရွာ ထွေအုပ်စာရေး၊ မန်ပြိန်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ ရပ်မိရပ်ဖများနှင့် မီဒီယာအချို့၏ အရှေ့တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဦးမောင်မောင်သွင်မှ အမှုအား ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ပြီး ၎င်း၏နယ်နိမိတ် အတွင်း ပါဝင်နေသော ရွာသားများ၏ မြေနေရာအား အတိအကျ ပြန်ပေးမည်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးမည်။ ယခင် ဖြစ်ခဲ့သောကိစ္စအား အငြိုးအာဃာတ မထားဘဲ ရွာသားများနှင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားမည်ဟူသည့် အချက်လေးချက်အား သဘောတူ လက်မှတ် ရေးထိုးခဲ့သဖြင့် ပြေလည်မှုရရှိသွားခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကဒီမှာ လွန်ခဲ့တဲ့ (၂၄)နှစ်ကတည်းက နေထိုင်လာတာမှာ မနှစ်ကစပြီး ဦးမောင်မောင်သွင် က စားသောက်ဆိုင်ဖွင့်ဖို့ ဌာနဆိုင်ရာက သူ့ကိုမြေနေရာချထားပေးတယ်။ မင်းတို့အကွက်တွေ မလွတ်ဘူး။ ဖယ်ပေး၊ မဖယ်ပေးရင် ငါ့အကြောင်းသိမယ် ဆိုပြီး ခြိမ်းခြောက်တာပါ။ ပြီးတော့ သူက ပြောင်းပြန်ပြန်ပြီး တရားစွဲတာကို ခံနေရပါတယ်” ဟု ကျေးရွာလူကြီး ဦးတင်ထွန်းမှ ပြောသည်။

အဆိုပါကျေးရွာမှာ ဆောက်လုပ် ရေးခေတ်ကတည်းက တည်ရှိနေခြင်းဖြစ်ပြီး စုစုပေါင်းရွာသားဦးရေ (၁၇၄)ဦးခန့် စုစုပေါင်းရွာသားဦးရေ (၁၇၄)ဦး ခန့် နေထိုင်လျှက်ရှိကာ ကျောက်၊ ဗြုံးများ တနိုင်တပိုင် တူးဖော်ခြင်းဖြင့် အသက်မွေးလျှက် ရှိနေကြောင်း သိရှိရသည်။

ယခုအခါတွင် ဦးမောင်မောင်သွင်မှ အမှုဖြစ်ပြီး ရုံးချိန်းခေါ်သည့် နေ့မှစ၍ ကျေးရွာသား အချို့အား ဆန်ဝေခြင်း၊ ငွေသားထောက်ပံ့ခြင်းများ ပြုလုပ်လျှက်ရှိကာ ဒေသခံရွာသားအချို့အား မိမိဘက်
ပါလာအောင်နှင့် ၄င်းအားထောက်ခံအားပေးရန် စည်းရုံးလျှက်ရှိကြောင်း ကျေးရွာသားများက ပြောခဲ့ကြသည်။

“အရင်က တစ်ခါမှ မဝေပေးဖူးပါဘူး။ အမှုဖြစ်မှပဲ ရွာသားအချို့ သူ့ကို ထောက်ခံအောင်လို့ ဒီလိုလာဝေ နေတာ။ ဝေတဲ့နေ့ကလည်း ရုံးချိန်းရှိတဲ့နေ့မှာပဲ လာဝေတာဖြစ်ပါတယ်”ဟု နမ့်ပါချီးကျေးရွာစာရေးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးမောင်မောင်သွင်အား မေးမြန်းရာတွင် ရွာသားများမှ ၎င်းအား ခြိမ်းခြောက်သဖြင့် တရားစွဲရခြင်းဖြစ်ကြောင်း၊ ၄င်းပိုင်ဆိုင်သည့် အကွက်မှာ ဌာနဆိုင်ရာသို့ လျှောက်ထားပြီးဖြစ်ကြောင်း ယခုဆန် ဝေသည် ဆိုသည်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အနေဖြင့် ထောက်ပံ့ပေးခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်က ဒီရွာကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာပါ။ ကျေးရွာလူကြီးအချို့က ကျေးရွာပိုင်မြေ တွေကို ရောင်းစားပြီး ကျေးရွာလူထု ကောင်းကျိုးဘာမှ ဆောင်ရွက်တာ မရှိပါဘူး။ ကျွန်တော်က အခု ကရုဏာရှင် ဆိုတဲ့ အသင်းလေးဖွဲ့ပြီး ဒီအသင်းကိုဝင်တဲ့ ကျေးရွာသားတိုင်းကို ဆန်တစ်လကို (၅)ပြည်၊ ငွေ(၅၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးပါတယ်။ နောင်ကိုလည်း ကျေးရွာအတွက် ဆက်ပြီးတော့
လှူဒါန်းဦးမှာပါ။ ကျေးရွာစာကြည့်တိုက် ဆောက်တုန်းကလည်း (၂၀၀၀၀၀ိ/-)ကျပ် လှူဒါန်းခဲ့ပါတယ်” ဟု ဦးမောင်မောင်သွင်က ပြောသည်။

လက်ရှိတွင် အဆိုပါနေရာအား ယနေ့အချိန်ထိ ပုံစံ(၁၀၅) ချပေးခြင်း၊ ဂရံလျှောက်ထားခွင့် ချပေးခြင်း မရှိသေးကြောင်း၊ နမ့်ပါ ချီးကျေးရွာ ထွေအုပ်စာရေးမှ ပြောသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

ဆီးရီးယားဓာတုလက်နက်စုံစမ်းမှုပြီးစီး၊ ကုလသမဂ္ဂကျွမ်းကျင်သူများ လက်ဘနွန်သို့ ဆက်လက်စုံစမ်း

Posted by drmyochit Saturday, August 31, 2013, under | No comments


ချက်တူရာ၊ လက်ဘနွန်၊ သြဂုတ် ၃၁။

ဒမတ်စကတ်စ်အနီး ဓာတုလက်နက်များသုံးစွဲခဲ့ကြောင်း သံသယရှိသည့် တိုက်ခိုက်မှုတစ်ခုကို စုံစမ်းမှုပြီးဆုံးပြီးနောက် ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် ဆီးရီးယားမှ နယ်စပ်ကိုဖြတ်ကာ လက်ဘနွန်သို့ ယနေ့ဝင်ရောက်သွားကြကြောင်း သိရသည်။

ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် လက်ဘနွန်လုံခြုံရေးတပ်ခြံရံကာ နယ်စပ်မှတဆင့် လက်ဘနွန်နိုင်ငံတွင်းသို့ ဝင်ရောက်သွားကြပြီး ၎င်းအဖွဲ့တွင် စုံစမ်းရေးအရာရှိ ၁၃ ဦးပါဝင်ကာ ဆီးရီးယားအစိုးရက ပြည်သူများအား ဓာတုလက်နက်များသုံးတိုက်ခိုက်ခဲ့ကြောင်းစွပ်စွဲမှုကို စုံစမ်းခဲ့ကြခြင်းဖြစ်သည်။

ကုလသမဂ္ဂလက်နက်ဖယ်ရှားရေးသံတမန် အန်ဂျလာကိန်းသည် ကုလသမဂ္ဂကျွမ်းကျင်သူများနှင့်ဆီးရီးယားသို့ လိုက်ပါခဲ့ပြီး ယနေ့တွင် ဖြစ်စဉ်ကို အထွေထွေအတွင်းရေးမှူးထံ အစီရင်ခံမည်ဖြစ်သည်။

ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် ဆီးရီးယားပြည်တွင်းစစ်တွင် ဓာတုလက်နက်သုံးစွဲ/မစွဲကို မြန်ဆန်စွာ အစီရင်ခံစာတင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရပုဂ္ဂိုလမာတင်နက်ဆာကီက ပြောကြားသည်။

“အဖွဲ့ဟာ သက်သေတွေ၊နမူနာတွေစုဆောင်းတာလုပ်ပြီးသွားပါပြီ” ဟု နက်ဆာကီက သတင်းထောက်များကို ပြောကြားပြီး ကျွမ်းကျင်သူများရေးသားသည့် အဆုံးသတ်အစီရင်ခံစာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသို့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကုလသမဂ္ဂကျွမ်းကျင်သူများ လက်ဘနွန်သို့ ဆက်လက် ထွက်ခွာမှုသည် ဆီးရီးယားအစိုးရကို နိုင်ငံတကာမှ ဝင်ရောက်တိုက်ခိုက်ဖွယ် မျှော်လင့်ချက်များကို မြင့်မားလာစေသည်။

အမေရိကန်သမ္မတက ဆီးရီးယားနှင့်ပတ်သက်၍ ကန့်သတ်ပြီး ကျဉ်းမြောင်းသော လုပ်ဆောင်ချက်များ ချိန်ဆနေကြောင်း ကမ္ဘာကြီးအနေနှင့်လည်း ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးများရာပေါင်းများစွာ သေဆုံးခဲ့ရခြင်းအတွက်လည်း တုံ့ပြန်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း တိုက်တွန်းပြောကြားသည်။

ဆီးရီးယားအစိုးရအား စစ်တိုက်ရန် အဆုံးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားသော်လည်း တိုက်ခိုက်မှုတစ်ခုဖြစ်လာမည်ဟု အိုဘားမားက ပြောကြားထားသည်။

ပြင်သစ်သမ္မတဖရန်ဆွာ ဟော်လန်ဒီက ဆီးရီးယားကို စစ်ထိုးခြင်းသည် ဗုဒ္ဒဟုးနေ့တွင် ဖြစ်နိုင်ကြောင်းနှင့် ဗြိတိန် ရုတ်တရက်မပါဝင်တော့ခြင်းသည် ပြင်သစ်အစိုးရ၏ ရပ်တည်ချက်ကို သက်ရောက်မည် မဟုတ်ကြောင်းလည်း ပြောကြားသည်။

“ပြင်သစ်ဟာ ဆီးရီးယားအစိုးရကို ခိုင်မာပြီးသင့်တော်တဲ့လုပ်ဆောင်မှုတစ်ခုလုပ်ချင်ပါတယ်” ဟု ပြင်သစ်သမ္မတဖရန်ဆွာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ဝါရှင်တန်အစိုးရက ကလေးများ အပါအဝင် လူပေါင်း ၁၄၂၉ ဦးသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရကြောင်း ပြောကြားသည်။

Ref:AFP
The Myanma Age

Samsaungလည်း မြန်မာစာရပြီ

Posted by drmyochit Saturday, August 31, 2013, under | No comments


မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်”
ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmwareအား update ပြုလုပ်ခြင်းဖြင့် မြန်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာသာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသတွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှုတာ၊ ဖေ့ဘုတ်စ်လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

Source: The Standard Time Daily
Myanmar ICT

ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုကြောင့် ကင်မ်ဂျုံအန်း၏ချစ်သူဟောင်း သေဒဏ်ချမှတ်ခံရ

Posted by drmyochit Saturday, August 31, 2013, under | No comments


မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ချစ်သူဟောင်းမှာ ညစ်ညမ်းဗီဒီယိုတစ်ခု ထွက်ပေါ် လာ သည့်နောက် သုတ်သင်ရေး တပ်ဖွဲ့၏ သေနတ်နှင့် ပစ်ခတ် သေဒဏ်ပေးခြင်းကို ခံခဲ့ရကြောင်း သတင်း များက ဖော်ပြခဲ့သည်။ အဆိုတော် တစ်ဦးဖြစ်သည့် ဟွမ်ဆွန်ဝူလ်ကို အများရှေ့မှောက်တွင် သေနတ်နှင့် ပစ်သတ်သော မြင်ကွင်းကို သူမ၏ မိသားစုကိုလည်း ကြည့်ရှုနေရန် မြောက်ကိုရီးယား အာဏာပိုင် များက စေခိုင်းခဲ့ကြောင်းလည်း အဆိုပါ သတင်းများက ဆိုသည်။ သူမကို ဖမ်းဆီးပြီး (၃)ရက် အကြာ တွင်ပင် သေဒဏ်ပေးလိုက်ခြင်းဟုလည်း သိရှိရသည်။ သူမသည် Sex Tapeတစ်ခု ထွက်ပေါ် လာ သည့်နောက် ကင်မ်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပြီး စက်သေနတ်များဖြင့် ပစ်သတ်ရန် စီရင်ချက် ချမှတ်ခံခဲ့ ရခြင်းဟု သိရှိရသည်။

ဟွမ်သည် ညစ်ညမ်းဗီဒီယို ရိုက်ကူးမှုဖြင့် စုရုံးသေဒဏ်ပေးခံရသည့် လူသိထင်ရှား အနုပညာရှင် (၁၂)ဦး အနက်မှ (၁)ဦးဖြစ်ကြောင်း သတင်းများက ဆိုသည်။ တောင်ကိုရီးယား သတင်းစာ ချိုဆန်အီလ် ဘိုက အဆိုပါ ကိစ္စကို စတင်၍ ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားသည် သေဒဏ်ပေးခဲ့သည့် အနုပညာရှင် အားလုံးမှာ မိမိကိုယ် ကိုယ် ညစ်ညမ်းဗီဒီယို ရိုက်ကူးပြီး အခကြေးငွေအတွက် ရောင်းစားကြောင်း စွပ်စွဲ ချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သုံးသပ်ရေးသားထားသည်။ အဆိုတော် အများစု ပါဝင်သည့် အနုပညာရှင် များကို ဩဂုတ်လ (၁၇)ရက်နေ့က ဖမ်းဆီးပြီး ဩဂုတ်လ (၂၀)ရက်နေ့တွင် ပစ်သတ် ခဲ့ခြင်း ဟုလည်း ချိုဆန်အီလ်ဘိုက ဖော်ပြခဲ့သည်။ ပစ်သတ်ခံရသူများ၏ ဆက်စပ် မိသားစုများကိုလည်း လူ့အဖွဲ့ အစည်းနှင့် ဆက်နွယ်သည့် ပြစ်မှုများအတွက် အားပေးအားမြှောက်မှုဖြင့် အလုပ်ကြမ်း စခန်းများသို့ ပို့ဆောင် ခဲ့ကြောင်း မြောက်ကိုရီးယား သတင်းရင်းမြစ် တစ်ခု၏ အဆိုကို ကိုးကားပြီး သတင်းစာ တွင် ရေးသားခဲ့သည်။ "

အန်ဟာဆူ အော်ကက်စထရာတီးဝိုင်း၊ ဝန်ဂျေဆင်း အလင်းရောင် ဂီတအဖွဲ့နဲ့ မိုရန်ဘွန် ဂီတအဖွဲ့က အဆိုတော်တွေ ကို စက်သေနတ်နဲ့ ပစ်သတ်တာပါ။ ဒါကို မိသားစုတွေက မကြည့် မနေရ စောင့်ကြည့်နေခဲ့ရပါတယ်"ဟု အဆိုပါ သတင်းရင်းမြစ်က ထုတ်ဖော် ပြောကြားခဲ့သည်။ကင်မ်နှင့် ဟွမ်တို့သည် လွန်ခဲ့သော (၁၀)နှစ်က စတင်တွေ့ဆုံခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကြောင်းပင် အတည်မပြုနိုင်သည့် သတင်း များ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ကင်မ်၏ဖခင် အာဏာရှင်ဟောင်း ကင်မ်ဂျုံအီလ်၏ ကြားဝင် တားမြစ်မှုအတွက် ၎င်းတို့၏ ဆက်ဆံရေး ပျက်သုဉ်းခဲ့သည်။

ယခုအခါတွင် ကင်မ်သည် ရီဆိုလ်ဂျူကို တရားဝင် ဇနီးအဖြစ် လက်ထပ်ထားပြီး ဖြစ်သည်။ ကင်မ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက အမျိုးသမီး တစ်ဦးနှင့်အတူ ရှိနေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့ပြီး ဟွမ်နှင့် ပြန်လည် ဆက်နွယ်မှု ရှိနေကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့ဖူးသည်။ ကင်မ်၏ လူမှုရေး အခြေအနေသည် သိုသိပ် လျှို့ဝှက်လွန်းပြီး (၂၀၁၀)ပြည့်နှစ်က အမည်မသိ အမျိုးသမီး တစ်ဦးနှင့် သားယောက်ျားလေးတစ်ဦး ဖွားမြင်ထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

Planet Myanmar Network

အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်း

Posted by drmyochit Saturday, August 31, 2013, under | No comments


မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန်အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်း ဆိုချက် ကို မြောက် ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

အသက်၄၄နှစ်ရှိပြီဖြစ်တဲ့KennethBaeလို့အမည်ရတဲ့အမေရိကန်နိုင်ငံသားတစ်ဦး အဖြစ် မြောက်ကို ရီးယားသို့ သူသျှိုအဖြစ်ရောက်ရှိချိန် ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။

ပြိးခဲ့တဲ့နှစ် နိုဝင်ဘာ လက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ပြည့်ပါတော့မယ်။ သူ့ကို DPRK
က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။ ယင်း ပြုမှုလုပ်ဆောင်ချက်အတွက်အမေ
ရိကန်တို့ မြောက်ကိုရီးယားကို ပိုမို ဒေါသထွက်စေပြီး ဆက်ဆံရေး ပိုလို့ တင်းမာစေ
ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပြေလှယ်ရန်ပြန်လည်ငြှိနှိုင်းနေ
ချိန် ယခုကဲ့သို့ ပြောဆို တုန့်ပြန်ချက်အပေါ် အမေရိကန်မှ မည်သို့အရေးယူ ပိတ်ဆို့
မှု ပြုလုပ်မယ်ဆိုတာကို စောင့်ကြည့်လျက် ရှိကြ ကြောင်း သိရပါတယ်။

ရိုးရာလေး

MX Player Pro V1.7.19 For Android

Posted by drmyochit Saturday, August 31, 2013, under | No comments



Android ဖုန်း/Tablet တွေမှာ original ပါတဲ့ Video Player က ဗီဒီယို format အများကြီး ဖွင့်လို့မရပါဘူး ။ အခုပေးမယ့် MX Player Pro v1.7.19 ကတော့ Video format ပေါင်းစုံကိုလည်း ကြည့်နိုင်သလို ဗီဒီယိုတွေမှာစာတန်းထိုး Subtitle ထည့်သွင်းထားတယ်ဆိုရင်လည်း ဒီ Video Player လေးက subtitle စနစ်ကိုအထောက့်အပံ့ပေးနိုင်ပါသေးတယ်။ အရမ်းလန်းတဲ့ Video Player လေးပါ။ MX Player Pro v1.7.19 for Android ကို Google Play မှာ ၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို အောက်က လင့်ခ်မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။

MX Player Pro v1.7.19 for Android (Link 1)
MX Player Pro v1.7.19 for Android (Link 2)



From: Myanmar Mobile App

ရန်ကုန် အဝေးသင်တက္ကသိုလ် နှင့် မန္တလေးအဝေးသင် တက္ကသိုလ် တို့၏ အနီးကပ်ပို့ချ သင်တန်းနှင့် အတန်းတင် စာမေးပွဲ ကျင်းပမည့် အချိန်ဇယားထုတ်ပြန်

Posted by drmyochit Saturday, August 31, 2013, under | 3 comments


ရန်ကုန် အဝေးသင် တက္ကသိုလ်နှင့်  မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ အနီးကပ်ပို့ချ သင်တန်းနှင့် အတန်းတင်စာမေးပွဲ  ကျင်းပမည့် အချိန်ဇယား ထုတ်ပြန်ကြေညာသည်ဟု သတင်း ရရှိသည်။ ထုတ်ပြန် ထားချက် အရ သိပ္ပံအထူးပြု သင်တန်းသား အားလုံးသည်  အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အထိ စာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိက ဗေဒ၊ စိတ်ပညာ၊  အရှေ့တိုင်းပညာ၊ ဥပဒေ ပညာရပ် အထူးပြု သင်တန်းသားများသည် အောက်တိုဘာလ ၁၂ ရက်မှ  ၂၂ ရက်ထိ အနီးကပ် သင်တန်း တက်ရောက်ရမည် ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်မှ  နိုဝင်ဘာလ ၁ ရက်ထိ စာမေးပွဲ ဖြေဆို ရမည် ဖြစ်သည်။ မြန်မာစာ၊ မြန်မာမှု ရသစာပေ၊ သမိုင်း၊ စီးပွားရေးပညာ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား၊ စီးပွားစီမံ စသည့် အထူး ပြု သင်တန်းသားများသည် နိုဝင်ဘာလ ၆ ရက်မှ ၁၅ ရက် အထိ အနီးကပ် သင်တန်း တက်ရောက်ရမည် ဖြစ်ပြီး  နိုဝင်ဘာ  ၁၈  ရက်မှ ၂၅ ရက်အထိ စာမေးပွဲ ဖြေဆို ရမည်ဟု ကြေညာ ထားသည်။

“စာမေးပွဲ အချိန်ကတော့ ပုံမှန်အတိုင်းပါပဲ။ အချိန်စာရင်း မထွက်ခင်ကတည်းက နှစ်တိုင်း ဒီအချိန် ပိုင်းလောက် ပဲ ဖြေရတာဆိုတော့ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အဝေးသင် စာမေးပွဲ အတွက် ကျောင်းကသင်တာအပြင် အထူးထုတ်တွေ ဖတ်ရသလို၊ နှစ်ဝက်မှာ ဖြေပြီး တင်ရတဲ့ Assigment တွေထဲကလည်း မေးတတ်တော့ ဒီအတွက်လည်း ပြင်ဆင်ထားရပါတယ်” ဟု သိပ္ပံ အထူးပြုဖြင့် အဝေးသင် တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦးက ပြောသည်။

သင်ကြားမည့် အချိန်နှင့် စာမေးပွဲ ဖြေဆိုရမည့် ဘာသာရပ်အသေးစိတ်ကို ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်၏ ဌာနခွဲ အသီးသီးတို့ တွင် လည်းကောင်း၊ မန္တလေး အဝေးသင် တက္ကသိုလ် နှင့် မန္တလေးအဝေးသင် တက္ကသိုလ်ဌာနခွဲ အသီးသီးတို့တွင်  ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

ကိုဟိန်း
အတွဲ (၁၄)၊ အမှတ် (၃၃)
Internet Journal

လက်နက်ခဲယမ်းများ လျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်

Posted by drmyochit Saturday, August 31, 2013, under | No comments

လက်နက် ခဲယမ်းများ ကြိုတင်စုဆောင်းပြီး မသမာသူတစ်စုက အကြမ်းဖက် မှုများပြုလုပ်မည်ဟု ကြားသိရ သည့်သတင်းများအရ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်နှင့် မြို့နယ်အချို့ရှိ နေအိမ်များတွင် လက်နက် ခဲယမ်းများ လျှို့ဝှက် သိမ်းဆည်းထားမှုရှိမရှိကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိ ရသည်။

ယင်းကဲ့သို့စစ်ဆေးမှုများ ကို လုံခြုံရေးဆိုင်ရာရဲတပ်ဖွဲ့ဝင် များနှင့်အတူ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ အမာခံသ တင်းပေးများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင်လက်နက် ကိုင်ဆောင်မှု များတွေ့ ရှိပါက လက်နက်ကိုင်ဆောင်မှုဥပဒေ ဖြင့် ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။

ယင်းနှင့် ပတ်သက် ၍''ကန့် ဘလူအကြမ်းဖက်မှုဖြစ်ရပ်မှာ စုံစမ်းတွေ့ရှိတာတွေအရ ဓား၊ ဂျင်ကလိ၊ တုတ်နဲ့ အခြားသေစေ နိုင်တဲ့လက်နက်စုဆောင်းထားမှု တွေရှိတယ်။ တခြားမြို့နယ်ဒေသ တွေမှာလဲ ဒီလိုကြိုတင်စီမံထားတာတွေမ ရှိဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် ရှာဖွေမှုတွေပြုလုပ်ရမယ်။ လာ မယ့်ရက်ပိုင်းအတွင်း လုပ်ဆောင် သွားမှာပါ''ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်လည်း ယင်းကဲ့သို့အကြမ်းဖက်မှုများဖြစ် ပွားနေစဉ်အချိန်တွင် လက်နက်ခဲ ယမ်းများ စုဆောင်းခြင်း မပြုရန်၊ သုံး ရက်အတွင်းပြန်အပ်ရန် စသဖြင့် ညွှန်ကြားချက်များပြုလုပ်ခဲ့ပြီး ညွှန် ကြားချက် မလိုက်နာသည့်သူများ ကို တရားမဝင်လက်နက်ကိုင်ဆောင် မှုဖြင့် အရေး ယူဆောင်ရွက် ခဲ့သည့် ဖြစ်ရပ် များရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ''ကျွန်တော် တို့ရခိုင်ပြည်နယ်မှာတော့ အဲဒီလို လုပ်တာ ထိရောက် မှုရှိတယ်။ အ မာခံသတင်းပေးတဲ့သူတွေနဲ့ စုံစမ်း ပြီး တစ်အိမ်ဆင်းတစ်အိမ်တက်လိုက်ရှာတာ။ မရှာခင် အရင်ကြေ ညာတယ်။ သုံးရက်အချိန်ပေး တယ်။ ပြီးတော့မှ ရှာလို့လက်နက် တွေတွေ့ရင် အရေး ယူတယ်''ဟု ပြောသည်။

အကြမ်းဖက်ပဋိပက္ခများ မှာ မြန်မာနိုင်ငံတွင်ပြီးဆုံးခြင်းမရှိသေးဘဲ မကြာခဏဖြစ်ပွား နေသေးကြောင်း သိရသည်။

ကျော်မြတ်ဇံ၊ Yangon Media Group

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted by drmyochit Saturday, August 31, 2013, under | No comments

 ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်၌ သြဂုတ် ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေ ချိုးဖောက် သကဲ့သို့ ဖြစ်သွားကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြ ဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်း ကော်မတီရေးရာဆောင်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်၍ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''တ ကယ်တော့ တချို့ဥပဒေတွေက လိုက်နာဖို့ ခက်တဲ့ဟာတွေဆိုတော့ အလိုလို ဥပဒေ ချိုးဖောက် ဖြစ် သွား တာပေါ့။ အဲဒါတွေကို ပြုပြင်ခြင်းအားဖြင့် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို အထောက် အကူ ပြုနိုင်မယ်'' ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ထိုသို့ ဖြစ်နေမှုများကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်တွင်း၌ အဆိုတင်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
''ဆန္ဒပြမှုတွေကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိနေမှာပဲ။ အဲဒီတော့ အခုဟာက ဆန္ဒပြခွင့် ဥပဒေ ကို ပြန် လည် သုံးသပ်ဖို့ လိုတယ်ဆိုတာကို အန်တီတို့ လွှတ်တော် ကိုယ်စားလှယ်တွေက လက်ခံ ထားပြီး သား ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အန်တီတို့ ကိုယ်စားလှယ်တွေထဲက တစ်ယောက် ကလည်း ဒီကိစ္စကို အဆိုတင်သွင်းဖို့ လုပ်ထားတယ်။ လာမယ့် အစည်းအဝေးမှာ ဒီအစီအစဉ် ပါလာမယ်လို့ ထင်ပါ တယ်။ စည်းမျဉ်းစည်းကမ်း တွေကိုက လိုအပ်ချက်တွေ ရှိနေတဲ့ အခါကျတော့ တရားမ၀င် ဆန္ဒပြမှုတွေ အဖြစ် ရောက်ရောက် သွားကြတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၂၇ ရက်က ပုဒ်မ (၁၈) ဖျက်သိမ်းပေးရေး အတွက် ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ- မျိုးမြင့်အောင်)

လက်ရှိတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ကျခံ နေရသူများ ရှိနေပြီး ယင်းဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသည်ဟု သိရသည်။

လွှတ်တော်တွင်း ဥပဒေပြုရေးနှင့် ပတ်သက်၍ အချိန်ကြာမြင့်သည် ဟု ပြောဆိုကြ သကဲ့သို့ မြန် လွန်းကြောင်း၊ နောင်ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ရခြင်းကို မလိုလားအပ်ဟု ထင်မြင်သုံးသပ် သူများ လည်း ရှိကြောင်း၊ လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများအပေါ် အကျိုး သက်ရောက် မှု ရှိစေရန်မှာ အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ထည့် သွင်း ပြောကြားသည်။

ထို့အပြင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းသည် အဓိ ကဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်သူများ အားလုံးကလည်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်း အဝေးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ နိုင်ခဲ့သည့် ဥပဒေ ၁၆ ခုရှိခဲ့သည်။

Eleven

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

Posted by drmyochit Saturday, August 31, 2013, under | No comments

 သမ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီ အဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြ သည်ဟု ဖော်ပြ ခဲ့ကြောင်း သိရသည်။

ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက် အကျိုး သက်ရောက် မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက် လိမ့် မည် ဟု ဖော် ပြခဲ့သည်။

ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော် မှန်းသော အကျိုး ဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလ သမဂ္ဂ သဘော တူညီမှု မပါ ဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိ သည်ဟု ဆို ကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာက ဝါရှင်တန် သည် ပြတ်သား သောနိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေး အရ အလော တကြီး အလျင် အ မြန်လုပ်ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။

စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက် များ ဆီးရီး ယားသို့ ထောက်ပံ့ ပေးနေသည်ကိုလည်း ထည့်တွက် ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီး စွာ ချဉ်းကပ်၍ ကုလသမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ တရုတ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထား သည်။ တရုတ် က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။

From : ..YMG

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းမှာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းကြောင့် ဖြစ်ကြောင်း အပါအ၀င် ပညာရေး ၀န်ကြီးဌာနက ၀န်ထမ်းနှင့် ဆိုင်သော အချက်အလက်များအား အသေးစိတ် ထုတ်ပြန်

Posted by drmyochit Saturday, August 31, 2013, under | No comments


ဒေါ်စိုးစိုးခိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အ.ထ.က (၅) နေပြည်တော် အထက(၅) နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းအပေါ် ပညာရေး ၀န်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ၀န်ထမ်းနှင့် ဆိုင်သည့် အချက်အလက်များအား တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းများကြောင့် ဖြစ်ကြောင်း အပါအ၀င် အလုပ်မှ ထုတ်ပယ်သည့် ဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့် သွင်း ဖော်ပြ ထားကြောင်း သိရသည်။

ထိုထုတ်ပြန်ချက်တွင် ဒေါ်စိုးစိုးခိုင်သည် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ခွင့်ရက်လေး ရက် ရှိပြီး ကျောင်းနောက် ကျသည့် ရက်မှာ ၄၃ ရက်ရှိသည်ဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်နှင့် ပတ် သက်ပြီး ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို ၄၃ ရက် နောက်ကျတယ်လို့သာ ပြောတာ။ တစ်ခါမှ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဆီမှာ လက်မှတ်မထိုး ရသေးဘူး'' ဟု ဒေါ်စိုးစိုးခိုင်က The Daily Eleven သို့ ပြောကြားခဲ့သည်။

၎င်းအနေဖြင့် အိမ်နှင့်ကျောင်း ခရီးကွာဝေးမှုကြောင့် တစ်ခါတစ်ရံ နောက်ကျတတ်သော်လည်း ပညာရေး ၀န်ကြီးဌာနမှ ကြေညာထားသည့် ၄၃ ရက် ဆိုသည်မှာ မဟုတ်ကြောင်းလည်း ပြန်လည် ငြင်းဆိုသည်။ ၎င်း၏ နေအိမ်မှ ကျောင်းသို့ အကွာအဝေးမှာ နှစ်မိုင်ခန့် ရှိသည်ဟု သိရပြီး ၎င်းသည် အလယ်တန်းပြ တစ်ဦး၏ လစာ ကျပ်တစ်သိန်းသာ ရှိကြောင်း၊ ခရီးစရိတ် တစ်နေ့ ကျပ် ၁၀၀၀ အထိ ကုန်ကျကြောင်း သိရသည်။

ပညာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်တွင် ဒေါ်စိုးစိုးခိုင်သည် ၈.၆.၂၀၁၃ မှ ၁၆.၈.၂၀၁၃ အထိ ခွင့်မဲ့ကိုးရက် ပျက်ခဲ့သည်ဟု ဖော်ပြထားသည်။ ထိုအချက်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ လက်ရှိ အစိုးရ ၀န်ထမ်း တစ်ဦးက ''ခွင့်မဲ့ပျက်ကွက်တာနဲ့ ပတ်သက်ရင် အများအားဖြင့်တော့ အထက် အရာရှိက သတိပေးလိုက်တယ်၊ လစာဖြတ်တယ် ဒီလောက်ပါပဲ။ အစ်မတို့ ဌာနက ၀န်ထမ်း တစ်ယောက် ဆိုရင် တစ်လလောက် ခွင့်မတိုင်တာတောင် ရှိခဲ့ဖူးတယ်။ အဲဒါ အရာရှိက အိမ်လိုက် သွားပြီး တွေ့ခဲ့တယ် လို့ သိရ တယ်'' ဟု ပြောကြားသည်။ ၀န်ထမ်းတစ်ဦးဟာ အလုပ်နဲ့ ငါးနှစ်အထိ ကင်းကွာခွင့် ရှိပါတယ်။

အစ်မတို့ကျောင်း အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀န်ထမ်းအားလုံး ခွင့်မဲ့ မပျက်ကွက်ဖူးတဲ့လူ မရှိပါဘူး။ အစ်မကို ထုတ်သလို ထုတ်ပစ်မယ်ဆိုရင် တစ်နိုင်ငံလုံး ထုတ်ပစ်ရမှာပါ။ ၀န်ထမ်းကို ထုတ်ပစ်နိုင်တာက စာရိတ္တပျက်တာနဲ့ ငွေကြေး အလွဲသုံးစားလုပ်တာ နှစ်မျိုးပဲရှိတယ်...

ပညာရေး ၀န်ကြီးဌာန၏ ရှင်းလင်းချက်တွင် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ နယ်လွန်သွားလာခွင့်အား အသိပေး တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။

ဝန်ထမ်းတစ်ဦးအား မြန်မာပြည်တွင်း ခရီးသွားလာခြင်းကို နယ်မြေကန့်သတ် ထားခြင်းအား ဒီမိုကရေ စီစနစ် သို့ ကူးပြောင်းနေသည်ဟု ပြောဆိုနေသည့် တိုင်းပြည် တစ်ပြည်တွင် မေးခွန်း ထုတ် ဖွယ် ဖြစ်နေကြောင်း ဝေဖန်မှုအချို့ ရှိနေသည်။ နိုင်ငံရေး အကျဉ်းသားများအဖွဲ့မှ ဦးမြင့်အောင်က '' ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေဟာ လွတ်လပ်စွာ သွားလာခွင့် ရှိပါတယ်။ ခွင့်မဲ့ပျက်ကွက်တာ၊ နယ်ကျော်သွားတာ ဒါတွေကို တကယ်ဆိုရင် အလုပ်ထုတ်ရလောက်အောင် အပြစ်မကြီးပါဘူး။ ဒီအပြစ်က လာဘ်စားတာလဲ မဟုတ်ဘူး။ မေးခွန်းရောင်းစား တာမျိုးလဲ မဟုတ်ဘူး။ သေချာတာက ထုတ်ချင်လို့ ထုတ်ပစ်တာပဲ ဖြစ်တယ်'' ဟု ပြောကြားသည်။

အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည့် ဒေါ်စိုးစိုးခိုင်က ''၀န်ထမ်းတစ်ဦးဟာ အလုပ်နဲ့ ငါးနှစ်အထိ ကင်းကွာခွင့် ရှိပါတယ်။ အစ်မတို့ကျောင်း အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀န်ထမ်းအားလုံး ခွင့်မဲ့ မပျက် ကွက်ဖူး တဲ့လူ မရှိပါဘူး။ အစ်မကို ထုတ်သလို ထုတ်ပစ်မယ်ဆိုရင် တစ်နိုင်ငံလုံး ထုတ်ပစ်ရမှာပါ။ ၀န်ထမ်းကို ထုတ်ပစ်နိုင် တာက စာရိတ္တပျက်တာနဲ့ ငွေကြေးအလွဲသုံးစားလုပ်တာ နှစ်မျိုးပဲရှိတယ်'' ဟု ထပ်မံပြောကြား ခဲ့သည်။

ဒေါ်စိုးစိုးခိုင်အား စတင်စွဲချက် တင်စဉ်က အချက်သုံးချက်ဖြင့် စွဲချက်တင်ခဲ့သည်ပြီး ယခုဝန်ကြီးဌာန၏ ရှင်းလင်း ချက်တွင် ယခင်စွဲဆိုခဲ့သည့် စွဲချက်များအား ဖျောက်ဖျက်ခဲ့ခြင်းမှာ ရိုးသားမှု မရှိခြင်း ဖြစ် သည်ဟု ဒေါ်စိုးစိုးခိုင်က ထပ်မံပြောဆိုသည်။

ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ငါးခုက ဒေါ်စိုးစိုးခိုင်အား အလုပ်ဖြုတ် လိုက်ခြင်းနှင့် ပတ်သက်ပြီး ပညာရေး ၀န်ကြီးဌာနမှ ၁၅ ရက်အတွင်း ပြေလည်အောင် မဖြေရှင်းပေး ပါက ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပြေလည်အောင် ဖြေရှင်းရမည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

Eleven

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်

Posted by drmyochit Saturday, August 31, 2013, under | No comments


လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော် ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စား လှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြော တယ်လေ လုပ်ဖို့ အစီိအစဉ် မရှိဘူးဆိုတော့ အဲဒီနေရာတွေ မှာ ပြန်ပြီး အစား ထိုးဖို့ လစ် ဟင်း နေတဲ့ နေရာ တွေ မှာ အစားထိုးဖို့ တောင်မှ အမြန် လုပ်ဖို့ မလို ဘူးဆိုရင် ဒီကိစ္စ ကို ဘာ လို့  ၃ လတောင်မှ ဘာလို့ မစောင့် စားနိုင် အမြန် လုပ်ချင်ရာ ဖို့ ရာ ဘာ အကြောင်းရှိမလဲဆိုတာ ဒါနည်းနည်း စဉ်းစားရမှာ ပေါ့ ” ဟု ၎င်း ကပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မ တီက လေ့ လာ တွေ့ ရှိချက် များကိုဒီဇင်ဘာ လအတွင်း ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ကိုယ်စားလှယ် အဖြစ်မှ ရုပ် သိမ်း ခြင်း ပုဒ်မအပါအ၀င် အစီရင်ခံစာ တင်ပြရမည်ဖြစ်၍ အချိန် ကာ လ ၃ လခန့် ကို မစောင့်စားနိုင်ဘဲ မည် သည့် အတွက် ကြောင့် လုပ်ခြင်းသည်ကိုမေးမြန်းလို ကြောင်း ၎င်း ကပြောသည်။ “အခုဒီလို ဆိုင်းငံ့ ထားတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီ ဘူး လို့  ထင်လို့ ချင်ရင်၊ဒါထင်တဲ့ အတိုင်းပြောလို့ ရပါတယ်။

ပြောချင် တဲ့ အဖွဲ့  အစည်းက ကျွန်မတို့ လွှတ်တော် အတွင်း ကတော့ ဒီဟာလုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အမြင်နဲ့ ဆုံး ဖြတ်လိုက်တာပဲ ။လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒါကို သဘော တူ လိုက်တာပဲ။ ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာရေးကော်မတီက ဒီကိစ္စကို ကိုင်တွယ် တဲ့ အထိစောင့် လိုက်ပါ ဆိုတာ အန်တီ အမြင်မှာ တော့ ဒါစဉ်းစဉ်း စားစား လုပ်တဲ့ ကိစ္စပဲ ကမှန်းကတမ်းကြီး ဘာဖြစ်လို့ လုပ်ဖို့ က ဘာဖြစ်လို့  လို သလဲ ဆိုတာလဲ မေးစရာရှိတာပေါ့ ။ဘာဖြစ်လို့ ဒီလောက်အမြန် ကြီးလုပ်ချင် တာလဲ။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မရှင်ကနေ ဒီဇင်ဘာ မကုန်မှီ အစီရင် ခံစာ တင်ရမယ်လို့ ဆုံးဖြတ်ထားတယ်လေ”ဟု ၎င်း ကပြောသည်။

ပထမအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ အစည်းအဝေး ပြီးဆုံးပြီး မွန်းလွဲ (၁၃း၀၀) နာရီတွင်ပြည်သူလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် မီဒီယာများနှင့် လွှတ်တော်ရုံး အမှတ်I-12 တွင် တွေ့ ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။“အဲ့လွှတ်တော်ထဲမှာ ဆွေးနွေး တုန်းက ဆိုရင် လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်က ပြန်ပြီး တော့ ဖြေသွားတာတွေရှိတယ်ဦးမောင်တိုး ပြောတဲ့ကိစ္စ ကတော့ အဓိက ကတော့ သိပ် မတည်မငြိမ်မှု တွေ ဖြစ်မယ်ပေါ့။ တစ် ရာခိုင်နှုန်းကို ရှုံးသွားတဲ့သူကနိုင်သွားတဲ့သူကို မကျေနပ် လို့ အကြောင်းရှာ ပြီးတော့ ဒီလိုပြန်ပြီးတော့ ရုပ်သိမ်းဖို့ ဟာကို တင်နိုင်တယ်။

နောက် ဦးဘရှိန် ပြောသွားတဲ့ဟာမှာ ဆိုရင် ဒီလို ဟာတွေကို ခွင့်ပြုထားမယ်ဆိုရင်တောင် အကုန် အကျတွေ ဘယ်လောက်တောင် များမလဲဆိုတာ စဉ်းစားကြည့်ပါဆိုတော့ တကယ်တော့ လဲ အဲဒါဟာ မှန်ပါ တယ်။ ရွှေး ကောက်ပွဲ လဲ လုပ်ရဦး မယ်။နောက်ပြီး မှ အားလုံး တစ်ခါပြန်ပြီး တော့ လုပ်ရမယ် ဆိုရင်ဒါ Theory အရ ဆို ရင် အဲ လို ဖြစ်နိုင်တယ်နော် ။၁ရာခိုင်နှုန်း ဆိုတာသိပ်များတာလဲ မဟုတ်ဘူး တကယ် ကို တစ်ရာခိုင်နှုန်းက မကျေနပ်တာတွေလဲ ရှိနိုင်တာပဲ ” ဟု ၎င်းကပြောသည်။ ထို့ပြင် ၄င်းက " အဲဒါတွေ ဟို ဘက် ဒီဘက်ကို မီဒီယာတွေရဲ့ အလုပ်ကပေါ့နော် ၊အန်တီ အနေနဲ့ မြင်တာကသတင်းတွေကို ထည့်ယုံ တင်မကဘူး သတင်းတွေကို သုံးသပ်နိုင်တဲ့ အခြေအနေ မှာ လဲ ရှိတယ် ။အဲဒီတော့ မျှမျှ တတ သုံးသပ်ဖို့ လဲ လို တယ် " ဟု မီဒီယာများနှင့်ပတ်သက်၍ ထပ်လောင်းပြောသည်။ယင်းကိုယ်စားလှယ်အခွင့် အရေးများ ပြန်ရုပ်သိမ်းခြင်း ဥပဒေကို စောလျှင်စွာ ပြုပေးရန် ပြည်ထောင် စုရွှေးကောက် ပွဲကော်မရှင် က ယ နေ့ တွင် ပြည်သူ့ လွှတ်တော် သို့ သ၀ဏ်လွှာပေးပိုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊မြိတ်မြို့ မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်၊ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၂) ကိုယ်စားလှယ်နှင့် မန္တလေး တိုင်း တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၄) ဦး တို့ကို ကိုယ်စား လှယ် အဖြစ်မှ ရုပ်သိမ်းပေးရန်တိုင်းကြားထားကြောင်း ပါရှိသည်။

From : ..popular

ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား

Posted by drmyochit Saturday, August 31, 2013, under | No comments

 အစိုးရက ဓာတုလက်နက်အသုံးပြုမှုရှိနေကြောင်း အထောက်အထားတွေ့နေရတယ်ဆိုသော ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခအခြေအနေ။

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးတိုက်ခိုက်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတုံ့ပြန်တဲ့အနေနဲ့   အကန့် အသတ်နဲ့အရေးယူ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့  အမေရိကန်သမ္မတ Barack Obama က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တစုံတရာတော့ အပြီး မချမှတ်သေး ဘူးလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့လတိုက်ခိုက်မှုမှာ ဓာတုအဆိပ်လက်နက်တွေ သုံးစွဲခဲ့တာကို  အမေရိ ကန်ထောက် လှန်းရေး အချက်လက်တွေက ညွှန်ပြနေတယ်လို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry သတင်းထောက်တွေကို ပြောကြားပြီး မကြာခင်မှာပဲ သမ္မတ အိုဘားမားက အခုလိုပြောခဲ့တာပါ။

ဆီးရီးယားနိုင်ငံ Damascus မြို့တော်နားမှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုအတွင်း  ကလေးသူငယ် ၄၂၆ ယောက် အပါအဝင် အရပ်သား ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုမဖြစ်ပွားခင် သုံးရက်အလိုမှာ ဆီးရီးယား အစိုးရ ဓာတုလက်နက်ကိုင်တပ်ဖွဲ့ကို အဲဒီဒေသမှာ တွေ့ရကြောင်း အထောက်အထားတွေ ရခဲ့တယ်လို့ ဝန်ကြီး Kerry ကပြောပါတယ်။  ဒါ့အပြင်  ပစ်ခတ်ခဲ့တဲ့ ရော့ကက်ဒုံးကျည်ဟာ ဆီးရီးယားအစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာကလာတာဖြစ်ပြီး အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့နေရာနဲ့ ဝန်းကျင်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဆီးရီးယားအရာရှိတွေက အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်တာကို အတည်ပြုကြောင်း  ပြောကြားချက်တွေကို ကြားဖြတ်နားထောင်ထားတဲ့ အထောက် အထားတွေ ကိုပါ ထောက်လှန်းရေး အစီရင် ခံစာထဲမှာ တွေ့ရ တယ်လို့ ဝန်ကြီး ကယ်ရီကပြောပါတယ်။

သမ္မတအိုဘားမားက စစ်တပ်ဘက်ကရော သူ့ရဲ့အမျိုးသားလုံခြုံရေး အဖွဲ့ဝင်တွေဆီကပါ သတင်း အချက် အလက်တွေ ကို ဆက်ယူနေပြီး အမေရိကန်လွှတ်တော်နဲ့ မဟာမိတ်နိုင်ငံတွေဆီက အကြံဉာဏ်တွေကိုပါ ယူနိုင်ဖို့ တိုင်ပင်နေ တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား

Posted by drmyochit Saturday, August 31, 2013, under | No comments


လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။ အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ် ခုလည်း ဖြစ်သည့် ပြင် သစ်နိုင်ငံ၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။ ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော်လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲ မရှိဟုလည်း ထပ်လောင်း ပြောဆိုလိုက်သည်။


"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန် အနေနဲ့၊ ပြင်သစ် က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။ ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန် ရည်ရွယ်ပြီး ဖြစ်ကြောင်း ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

Friday, August 30, 2013

မြန်ဆန်သော Firefox အဖြစ် လုပ်ဆောင်ခြင်းနည်းလမ်းများ

Posted by drmyochit Friday, August 30, 2013, under | No comments


မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။


(၁) FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။

(၂) network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

(၃) network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

(၄) network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။

(၅) network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။
CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာcontent.interrupt.parsing လို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။

(၆) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 2250000 လို့ထားလိုက်ပါ။

(၇) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000 လို့ထားပါ။

(၈) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE ထားပေးပါ။

(၉) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

(၁၀) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

(၁၁) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>

KIA အဖွဲ့မှ တာလောကြီးရွာသား ရှမ်းလူငယ်တစ်ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Posted by drmyochit Friday, August 30, 2013, under | No comments

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနေ ရှမ်းလူငယ်နှစ် ဦးသည် သြဂုတ် ၂၈ ရက် မနက်ပိုင်းက မုန်ဆန်ယန်ကျေးရွာအနီးဝန်းကျင်၌ ကျွဲပျောက်၍ လိုက်ရှာစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့ တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တာလောကြီးရွာ သားများ ထံမှ သိရသည်။

“ အဲဒီနေ့က ကျွဲကျောင်း လွှတ်လိုက်တာပါ၊ ကိုယ့်ရွာအနီးတ၀ိုက်မှာ ပဲ ကျောင်းဖို့ မှာလိုက်သေးတယ်၊ ညနေ စောင်းလို့ ပြန်မလာတာနဲ့ လိုက်ရှာတော့ ကျွဲတွေပဲ တွေ့တယ်၊ သူနဲ့ ကျွဲအတူတူသွားကျောင်း တဲ့ မောင်ဌေး ကတော့ အဖမ်းမခံရဘဲပြန်ပြီး လွှတ်လာခဲ့တယ်၊ကျွန်တော့် သား မောင်ညီထွေးကို လူသစ်အဖြစ် အတင်းအဓမ္မ ခေါ်သွားတာပါဗျာ ” ဟုတာလောကြီးရွာမှ မောင်ညီထွေး၏ ဖခင်ဖြစ်သူ ကပြောပြသည်။

“ ကျွန်တော်နဲ့ ညီထွေးတို့ ကျွဲပျောက် လိုက်ရှာရင်း မုန်ဆန်ယန်ရွာ ဘက်ကို ရောက်သွားပါတယ်၊ အဲဒီရွာနားမှာ သေနတ်ကိုင်ထားတဲ့ ကချင်စစ်သားတွေနဲ့ တွေ့တယ်၊ ဘာမပြောညာမပြော ကျွန်တော်တို့ကို ဖမ်းပါတယ်၊ ညီထွေးက လူကောင်ကြီးတော့ လူသစ်လုပ်လို့ရတယ်၊ ကျွန်တော့် ကိုတော့ လူကောင်သေးလို့ လူသစ်လုပ်လို့ မရသေးဘူး လို့ပြောပြီး လွှတ်ပေးလိုက်တာပါ” ဟု ကိုယ့်တွေ့ကြုံခဲ့ရသော မောင်ဌေး က ပြောပြခဲ့သည်။

ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲအချိန်တွင် အတင်းအဓမ္မလူသစ်စုဆောင်းမှု များ ပြုလုပ်လျက်ရှိရာ ဒေသခံရှမ်းလူငယ်များအား အဓိကထား စုဆောင်းနေ ကြောင်း၊ တာလောကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ KIA မှလူသစ်စုဆော င်း
နေမှုကြောင့် လူငယ် များမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေကြ ရကြောင်း၊ လူသစ်မပေးနိုင်ပါက ငွေဒဏ် ကောက်ခံခြင်းများလည်း ရှိနေရာ ဒေသခံတိုင်းရင်းသားများမှာ မိသားစုတကွဲတပြားနေထိုင်ကြရပြီး စားဝတ် နေရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း ဒေသခံ ရှမ်းတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA မှ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်လာရောက်စဉ်ကလည်း ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ ဦးစိုင်းထိန်လင်းက တင်ပြခဲ့ကြောင်း သိရှိရပါသည်။

Shan News

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း

Posted by drmyochit Friday, August 30, 2013, under | No comments



MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေးခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေမှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲလာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏ သူငယ်ချင်းများကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။ လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

From: Planet Myanmar Network

လေးနှစ်သမီးကို အဓမ္မကျင့်ရန်ကြံစည်သည်ဟုဆိုကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

Posted by drmyochit Friday, August 30, 2013, under | No comments

လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော်ရွယ် အမျိုးသားတစ်ဦးအား သင်္ဃန်းကျွန်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက်က တိုင်တန်း ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် ည ၈ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုနေ့က သူ့သမီးငယ်လေးကို တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးက လမ်းကြားတစ်ခုအတွင်းသို့ ခေါ်ဆောင် သွားကြောင်း ရပ်ကွက်အတွင်းမှ ကလေးများက လာရောက်ပြောပြခဲ့ကြောင်း ကလေးမိခင် က ရဲစခန်းတွင် ထွက်ဆို ထားသည်။

ထို့ကြောင့် သူသမီးကို သွားရောက်ရှာဖွေရာ ကလေးငယ်မှာ ယင်းလမ်းအတွင်းမှ ငို၍ ပြေးထွက်လာသဖြင့် မိတ်ဆွေအမျိုးသမီးနှင့်အတူ ချော့မော့၍ မေးမြန်းရာ ကလေးကသူ့ကိုမဖွယ်မရာ ပြုလုပ်ရန် ကြံစည်ခံရကြောင်း ပြန်လည်ပြောပြခဲ့သည်ဟုလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားခဲ့သည်။

ကလေးကို လမ်းကြားအတွင်းသို့ ခေါ်ဆောင်သွားသူက ဘောင်းဘီချွတ်၍ မဖွယ်မရာပြုလုပ်ရန် ကြံစည်ခဲ့သည်ဟု ပြန်လည် ပြောကြားကြောင်း ကလေးမိခင်က ဆိုထားသည်။

ထို့ကြောင့် သူ့သမီးအား မဖွယ်မရာပြုလုပ်သူကို အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ရဲစခန်းက အမှုအမှတ် (ပ)၃၆၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသည့် အမျိုးသားအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်းနှင့် ထိုအမျိုးသားကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ တို့ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

မလေးရှားက တရားမဝင် အလုပ်သမားတွေ ပြန်ပို့မယ့် ကိစ္စကို ဝေဖန်ပြီ

Posted by drmyochit Friday, August 30, 2013, under | No comments

 မလေးရှားရောက် ဘင်္ဂလားဒေ့ရှ် အလုပ်သမား

မလေးရှား နိုင်ငံမှာ ပြည်ပကနေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်သူ ငါးသိန်းကျော်ကို နေရပ်ပြန်ပို့မယ့် အစိုးရ အစီအစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

အခုလို ပြည်ပ လာရောက် အလုပ်လုပ်သူတွေထဲက အများစုဟာ လူကုန်ကူး သမားတွေရဲ့ ဖျားယောင်း ခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လိမ်ညာ ၊ အလွဲသုံးစား လုပ်ခံရတဲ့ လူတွေကို သူတို့ ကျူးလွန်မှု မရှိတဲ့ အခြေအနေမှာ ရမယ်ရှာ အပြစ်ပေးတာဟာ လက်ခံစရာ မရှိဘူး ၊ ရှက်ဖို့လည်း ကောင်းတယ်လို့ ရွေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့တခုရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လာမယ့် တနဂနွေနေ့မှာ စစ်ဆင်ရေး မစခင် တရားမဝင် ရွေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မှတ်ပုံတင်ခွင့် ပေးထားကြောင်းလည်း သိရပါတယ်။

အာဏာပိုင်တွေဖက်က ထိုက်သင့်တဲ့ ဥပဒေရေးရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ဖို့ ပျက်ကွက်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားမှာ ရွေ့ပြောင်း အလုပ်သမား အများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက လာရောက် အလုပ်လုပ်ကိုင် ကြတာ ဖြစ်ပါတယ်။

BBC

မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်သားများမြေနေရာအငြင်းပွား

Posted by drmyochit Friday, August 30, 2013, under | No comments


မိုးညှင်း၊ သြဂုတ် ၃၀။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့နယ် အရန်မီးသတ်ဟု ဆိုင်းဘုတ်တင်ထားသော မြေနေရာအား မြို့နယ်အရန်မီးသတ်နှင့် အောင်သပြေရပ်ကွက်သားများကြား မြေနေရာ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။.

အောင်သပြေရပ်ကွက် အရန်မီးသတ်မြေနေရာကို မြို့နယ်မီးသတ်အဖွဲ့သို့ လွှဲပြောင်းပေးမည်ဆိုပါက တစ်ရပ်ကွက်လုံးက လက်ခံကြမည်မဟုတ်ကြောင်း၊ နောင်တွင်ပြဿနာများဖြစ်လာနိုင်ကြောင်း ဥက္ကဋ္ဌဟောင်း ဦးကျော်ဌေးက ပြောကြားသည်။

“ပြည်သူလူထု လှူဒါန်းကြခဲ့တဲ့ ကားကြီး(၂)စီးကို လာထားခဲ့တာလည်း(၁)နှစ်ကျော်နေပြီ။ မိုးညှင်းမြို့အတွက်ရော၊ အောင်သပြေရပ်ကွက်အတွက်ရော၊ မီးဘေးအန္တရာယ်ကင်းရှင်းဖို့ အရှေ့စုရပ်ကွက်က ရဲဘော်တွေနဲ့ မြို့မရပ်ကွက်က ရဲဘော်တွေကသာ ကင်းစောင့်ကြရတာ။ အောင်သပြေရပ်ကွက်သား မပါပါဘူး။ မီးသတ်ကားတွေ တစ်ခြားနေရာ ရောက်သွားရင် အောင်သပြေရပ်ကွက်မှာ အဖြစ်များတဲ့ မီးဘေးကို ဘယ်လို ကာကွယ်ကြမလဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အုပ်စုက အရန်မီးသတ် ဂရန်ကို ရပ်ကွက်ပိုင် ဖြစ်စေချင်ကြတာ။ သက်ဆိုင်ရာ လူကြီးတွေ သေသေချာချာစစ်ဆေးကြည့်ရှုပေးရင် ကောင်းမှာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“အရှုပ်အရှင်းတွေ ပိုဆိုးလာရင် စေတနာ့ဝန်ထမ်း သက်သက်ဖြစ်တဲ့ မီးသတ်ရုံးကိုပြောင်းရွေ့ပေးသွားမှာပါ”ဟု မြို့နယ်အရန် မီးသတ်တပ်ဖွဲ့မှူးက ပြောကြားသည်။

ယခင်က ၁၉၈၄ ခုနှစ် ပါတီကောင်စီခေတ်တွင် ရပ်ကွက်လူကြီးဦးညွန့်သိန်းမှ ရပ်ကွက် အရန် မီးသတ်မြေနေရာအတွက် မြေကွက်လပ်ကို ဦးအူရာတန်ထံမှ ၁၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊
၁၉၈၇ ခုနှစ်မှစပြီး ဆိုင်ခန်းများ ဆောက်ကာ မြေနေရာခိုင်မာစေရန် အောင်သပြေရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးအုန်းမောင်အမည်ဖြင့် ၁၅နှစ်ဂရန် ရရှိခဲ့ပြီးကြောင်း ရပ်မိရပ်ဖ ဦးနော်အောင်က ပြောကြားသည်။

သီဟ(ကချင်)
မြန်မာ့ခေတ်

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

Posted by drmyochit Friday, August 30, 2013, under | No comments


လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစား ရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက်ဝမ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါ လို့
တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်