Thursday, August 08, 2013

ပြေးနေရတဲ့ စနိုးဒင်ကို ရုရှ အမျိုးသမီး ကယ်တင်မယ်

Posted by drmyochit Thursday, August 08, 2013, under | No comments



အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ဖွင့်ချလိုက်ပြီး ထွက်ပြေးနေရတဲ့ စနိုးဒင်ကို ကယ်တင်မယ့်သူ
ပေါ်ပေါက်လာပါပြီ။ သူကတော့ ရုရှမှာ နေတဲ့  စပိုင်ဟောင်း အလှမယ် အင်နာချပ်မင်း ဖြစ်ပါတယ်။

စနိုးဒင်ကလည်း မော်စကိုလေဆိပ်မှာ သောင်တင်နေချိန်မှာ ဒီကောက်ရိုးလေးတမျှင် ပေါ်ပေါက်လာတာပါ။

အင်နာချပ်မင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဟန်ပြလုပ်ကိုင်စဉ် ၂၀၁၀ မှာ အမေရိကန်က
သူ့ကို ထောက်လှမ်းရေးမှန်း သိပြီး ဖမ်းလိုက်တာပါ။
တခြား ထောက်လှမ်းရေးတွေနဲ့အတူ ရုရှပြန်ပို့ခံရပါတယ်။

အခုတော့ အင်နာချပ်မင်းက ရုရှမှာ ဆယ်လီ ဘရီတီ ဖြစ်နေပါပြီ။
ဂူဂဲလ်မှာ သူ့နာမည် Anna Chapman ကို ရိုက်ထည့်ရှာလိုက်ရင် အထက်ကပုံတွေ ကျလာပါလိမ့်မယ်။

သူက တွစ်တာမှာ စနိုးဒင် ... ရှင် ကျမကို လက်ထပ်မလား လို့ တွိလိုက်ပါတယ် တဲ့။
ရာဟူး သတင်းတပုဒ်မှာ အဲဒီလို ဖတ်လိုက်ရပါတယ်။

စနိုးဒင်က ဘယ်လို အကြောင်းပြန်သလဲ ဆိုတာတော့ မသိရသေးပါ။

အမေရိကန် အစိုးရက စနိုးဒင်ရဲ့ ပတ်စ်ပို့ကို တရားမဝင်ကြောင်း ကြေညာထားပါတယ်။
ဒါကြောင့် သူ ဟိုဟိုဒီဒီ သွားလို့မရဘဲ မော်စကိုလေဆိပ်မှာ သောင်တင်နေဟန်တူပါတယ်။

ဧရာဝတီ Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်