Thursday, August 08, 2013

ကျောင်းသားအမည်ခံ ၈၈ Virus ပိုးအန္တရာယ်သတိပြုကာကွယ်

Posted by drmyochit Thursday, August 08, 2013, under | No comments


လက်ရှိကမ္ဘာ့နိုင်ငံများ၏အခြေအနေမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံပြောင်းလဲကျင့်သုံးလျက် ရှိရာ တွင် ပဋိပက္ခမျိုးစုံ၊ စိန်ခေါ်မှုအမျိုးမျိုးတို့ဖြင့် တွေ့ကြုံရင်ဆိုင်ဖြေရှင်းရမှုများဖြစ်ပေါ်လျက်ရှိနေပါတယ်။ အမေရိကန် ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံအတွက်ပင် လုံခြုံရေးအရ ခြိမ်းခြောက်ခံရမှုများရှိနေလေရာ အကြမ်း ဖက်အုပ် စုများ၏ တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကို အထူးသတိပြု ပြင်ဆင် မှုများ ပြုလုပ်လျက်ရှိနေပါတယ်။

ဤကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းအပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများက အသိအမှတ်ပြုလက်ခံ ထား သည့် အမေရိကန်နိုင်ငံကဲ့သို့ ဒီမိုကရေစီနိုင်ငံကြီးကိုပင်လျှင် အဘယ့်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှု များနှင့် လုံခြုံရေးအရ ခြိမ်းခြောက်မှုများပြုလုပ်နေရသည်ကို စဉ်းစားကြည့်လျှင် နိုင်ငံများအနေဖြင့် မည်သို့ ပင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေမှု၊ လူ့အခွင့်အရေးဆိုင်ရာများ လွတ်လပ်မှုရှိနေစေကာမူ ကန့်ကွက် ဆန့်ကျင် မည့်အုပ်စုများ၊ အကြမ်းဖက်တိုက်ခိုက်ခြိမ်းခြောက်မှုများနှင့် မကင်းလွတ်နိုင်ကြောင်းကိုလည်း လက်ခံ ရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကဲ့သို့ ကမ္ဘာ့ဒီမိုကရေစီအင်အားကြီးနိုင်ငံကိုပင် ယခုကဲ့သို့ ကန့်ကွက်ဆန့်ကျင်မှု ပြုလို သည့် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံ ကဲ့ သို့ ဒီမိုကရေစီပြောင်းလဲကျင့်သုံးသည့်နိုင်ငံငယ်အနေနှင့် အမျိုးမျိုးသောအန္တရာယ်၊ ပဋိပက္ခ များကို ရင်ဆိုင်ဖြေရှင်းရမည်မှာလည်း မလွဲဧကန်ပင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် နိုင်ငံတော်အတွက် လုံခြုံ အေးချမ်းမှုကို ရရှိနိုင်မှာမဟုတ်ကြောင်းကို သိရှိထားပြီး အမျိုးမျိုးသော ဆန့်ကျင်ဘက်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်နေရန် လိုအပ်မှာဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူလူထု၏ အကျိုး စီးပွား တိုးတက်ဖြစ်ထွန်းရေးကို ဥပဒေနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်နိုင်ရန်အတွက် အခြေခံ လိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်နေထိုင်ရန် လိုအပ်ပါတယ်။

ကျောင်းသားအမည်ခံသော Virus ပိုးအုပ်စုများကဲ့သို့ ဆန့်ကျင်လိုမှုသက်သက်သာရှိပြီး အကောင်း၊ အဆိုး မသိ၊ အကျိုး၊ အပြစ် မသိ၊ ဖြစ်ချင်တာသာသိသည့် ပြဿနာကို အမြဲတမ်းဖန်တီးတည်ဆောက်လိုသူ များ၏ လုပ်ဆောင် မှုကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုကို ပျက်ပြားစေပြီး အကြမ်းဖက်ဆန့်ကျင် တိုက်ခိုက် မှုများမှသည် အီဂျစ်ကဲ့သို့ အာဏာသိမ်းမှု၊ ဆီးရီးယားကဲ့သို့ ပြည်တွင်းစစ်တောက်လောင်မှု၊ အာဖဂန်ကဲ့သို့ မပြီးဆုံးနိုင် သည့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလာပါက ၎င်း ၈၈ Virus အုပ်စုများ မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးနိုင်ပါ မည်နည်း။ မည်ကဲ့သို့ဖြေရှင်းနိုင်ကြပါမည်နည်း။

ကျောင်းသားအမည်ခံ ၈၈ Virus အုပ်စုများကို မကူညီချင်နေ၊ မနှောင့်ယှက်ပါနှင့်ဟုသာ ပြောချင် ပါတယ်။ ထို့အတူ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမရှိဘဲ ၎င်းတို့၏ တစ်ကိုယ်ရေ တစ်ကာယ လုပ်စားကိုင်စားဖြစ်ရုံလောက် အတွေးအမြင်လုပ်ရပ်များဖြင့် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို တာဝန်ယူ နိုင်မည်မဟုတ်ကြောင်း ပြည်သူလူထုအနေဖြင့်လည်းသိရှိပြီး ၎င်းတို့၏ တစ်ပွဲစား၊ တစ်နပ်ကောင်းလုပ်ရပ် များအပေါ် ထိန်းသိမ်းဆုံးမသွားရန် လိုအပ်နေပြီဖြစ်ပါတယ်။

မောင်ရိုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်