Thursday, August 08, 2013

အာဏာရှင် မီဒီယာများ

Posted by drmyochit Thursday, August 08, 2013, under | No comments


အာဏာရှင် ဆိုသည်ကို လူတွေ ဘယ်လိုတွေးကြသလဲ၊ဘယ်လိုနားလည်ကြသလဲဆိုတာတွေ၊ လူတွေ ဘယ်လို တွန်းလှန်နေကြတယ်ဆိုတာတွေကိုလွန်ခဲ့ တဲ့ နှစ်အတော်များများကပင်လေ့လာစဉ်းစားခဲ့ ဖူးပါသည်။

လူအများတွေးထင်နေကြသော အာဏာရှင် ဆိုသည်မှာ အုပ်ချုပ်မှုယန္တယားတစ်ခုအောက်တွင် အဖိနှိပ်ခံ ရခြင်း၊ ချုပ်ချယ်ခံရခြင်းရခြင်း(ဥပမာ ဟစ်တလာနှင့်စတာလင် ခေတ်စနစ်)မျိုးကို အာဏာရှင်ဟု တွးထင်နေကြ ပါတယ်။တကယ်တော့အာဏာရှင်ဆိုတာဟာ နေရာတိုင်းမှာရှိတတ်ပါတယ်။နေရာတိုင်းမှာရှိ
တတ် တဲ့ အာဏာ ရှင်ဆိုသည်များတွင် မိမိအကျိုးအတွက်မျှော်ခိုးပြီး မိမိတို့ သည်သာအမှန် ဆိုပြီး အာဏာရှင် ဆန်ဆန် တင်ပြနေသော မီဒီယာအာဏာရှင်များ အကြောင်းဖော်ပြပေးချင်ပါသည်။

မီဒီယာဆိုသည်မှာသတင်းအချက်အလက်အမှန်များကိုပြည်သူလူထုအကြားမှန်ကန်စွာချပြအသိပေးနိုင်ရ မည့် ပြည်သူနှင့် အစိုးရကြားကြားခံနယ်တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ်စတင်ကျင့်သုံးပြီးကတည်းက  မီဒီယာကဏ္ဍကို သိသိ သာသာ လွတ်လပ် ခွင့် ပေးခဲ့ သည်မှာအားလုံးအသိပင်ဖြစ်ပါသည်။

ထိုကဲ့ သို့ လွတ်လပ်ခွင့်ပေးခဲ့ သည်နှင့်အမျှ စတုတ္ထမဏ္ဍိုင်ခေါ်မီဒီယာသမားများသည်  ပြည်သူ့  အတွက် သတင်း များကို လွတ်လပ်စွာချပြရမည့်အစား မိမိတို့ ဂျာနယ်များ ရောင်းကောင်းစေရေး၊ နာမည်ရစေရေး အတွက် ပေါ်ပင်သတင်းများကိုသာ တင်ပြပြီး ပြည်သူ့ အတွက်အကျိုးရှိမည့် ၊နိုင်ငံအတွက်အကျိုးရှိမည့် သတင်းများကို တင်ပြမှု အလွန်အားနည်းနေသည်ကို တွေ့ နေရသည်။ Hot ဖြစ်ရင်ပြီးရော နိုင်ငံသားအချင်းချင်း ဝိဝါဒကွဲကွဲ၊ မကွဲကွဲ ဘာပဲဖြစ်ဖြစ် တို့အရေးလား ဆိုတဲ့ အာဏာရှင်ပုံစံမျိုးတွေ ဖြစ်လာရင် မကောင်းပါဘူး။

သတင်းမီဒီယာသမားဆိုတာ ပြည်သူလူထုအတွက်တစ်ခါတစ်လေ Violent ဖြစ်သွားစေမယ့် သတင်းမျိုးဆိုသွေဖီ၍သော်လည်းကောင်း၊ အာဘော်ပြောင်း၍သော်လည်းကောင်း တင်ပြတတ်ရမည်၊
ရှောင်ရှားတတ်ရမည်။ အားထည့်တာ၊ ကြိုးစားတာ၊ သတင်းကို အများပြည်သူ Update ဖြစ်ဖို့အတွက် ဆိုတဲ့ ပုံစံနဲ့ လုပ်ရင် တကယ့်ကိုကောင်းပါတယ်။ ဒါပေမယ့် ပြည်သူနဲ့ အစိုးရ ကြားထဲမှာ "ဖွ"တဲ့ အပိုင်းရောက် လာရင် မီဒီယာ Pride ကို ကိုယ်ပိုင် Idea လေးနဲ့ ပြန်ထိန်းညှိဖို့လိုပါလိမ့်မယ်။ ဓာတ်ပုံတင်ပြီး ရေး ရလောက်အောင် တိကျသေချာ ခိုင်မာမှုမရှိတဲ့ Raw Data တစ်ခုကို Information ဖြစ်အောင် လုပ်တာ မျိုးဆိုရင်တော့ နိုင်ငံအကျိုးအတွက်ကော၊ပြည်သူလူထုအကျိုးအတွက်ပါ အကောင်းဘက်ကို ဦးမတည်စေနိုင်ပါဘူး။အဲ့တာမျိုးတွေဖြစ်လာခဲ့ ရင် မီဒီယာသမားများအနေနဲ့  တာဝန် ယူပြီ့းပြန် လည်ဖြေရှင်းပေး ရမယ့်အစား မိမိတို့ သည်သာအမှန် ဆိုတဲ့ ပုံစံမျိုးဖြင့် အာဏာရှင် ဆန်ဆန် တစ်ဖက်သက် ကန့် ကွက်တဲ့ ပုံစံမျိုး ပြုလုပ်လေ့ရှိကြပါတယ်။တကယ်တမ်းတော့ မီဒီယာ သမားများ အမြဲ တစေတင်ပြလေ့ ရှိသော အာဏာရှင်ဆိုသည့် အသုံးအနှုန်းမှာ မိမိတို့ ကိုယ်တိုင် ကျင့်သုံးနေကြသည်ကို တကယ် တမ်း မသိတာလား၊ မသိချင်ယောင်ဆောင်နေကြတာလား စာရေးသူအနေနဲ့ မေးချင်မိပါသည်။

ယခုအချိန်ကာလသည် နိုင်ငံတော်အကြီးအကဲများအနေဖြင့်ပြည်သူတွေရဲ့ အသံကိုလဲ နားစွင့်နေပါသည်။ ပြည်သူ့ ဆန္ဒ ကိုလဲ လိုက်လျောနေပါသည်။အကောင်းဆုံးညှိနှိုင်းမှုတွေကိုလဲ ဆောင်ရွက်နေ ပါသည်။လုပ်သင့် တာအား လုံးနီးပါးကိုလဲမတိမ်းမစောင်းဆောင်ရွက်ပေးနေပါသည်။ အတိတ် ကိုနောက်ပြန် သွားနေရ မည့် အချိန် မဟုတ်ဘဲမီဒီယာသမားများအနေဖြင့်ပြည်သူနှင့် အစိုးရကြားသွေး ခွဲ သင့်သော အချိန် မဟုတ်ပေ။။နောက်ပြန်သွားလိုသူမီဒီယာသမားများသည်နိုင်ငံတော်နှင့် နိုင်ငံသား များဖြစ်သော တိုင်းရင်းသားများကို ဒုက္ခရောက်စေလိုသူများအဖြစ် အကြမ်းဖျဉ်း သတ်မှတ်ရပါမည်။

မီဒီယာသမားများအနေဖြင့် မိမိတို့ ကိုယ်တိုင်ကျင့်သုံးနေကြသော အာဏာရှင် မီဒီယာ စနစ် ကိုဖျောက် ဖျက်ပြီး နိုင်ငံနှင့် လူမျိုးအတွက်အကျိုးရှိစေမည့် သတင်းများကို ပြည်သူကို ချပြပြီးစတုတ္ထမဏ္ဍိုင်တစ်ခု စနစ်တကျ ဖြစ်ပေါ်စေရေးအတွက် မိမိတို့ ကိုယ်တိုင်ပြုပြင်ကြစေလိုကြောင်း ပြည်သူထဲမှ ပြည်သူ တစ်ယောက် အနေဖြင့် တိုက်တွန်းမိပါသည်။

From: Opposite Eye

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်