Thursday, August 08, 2013

လာမည့် စက်တင်ဘာလတွင် ယာဉ်မသုံးရနေ့ သတ်မှတ် သွားရန်ရှိ

Posted by drmyochit Thursday, August 08, 2013, under | No comments



ရန်ကုန်တိုင်း ဒေသကြီး၊ မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ မ.ထ.သ ဗဟိုမှ လာမယ့် စက်တင်ဘာလမှာ ယာဉ်မသုံးရနေ့ သတ်မှတ်ဖို့ ရှိတယ်လို့ သြဂုတ်လ ၇ ရက်နေ့က ကျင်းပတဲ့ မထသ ဗဟို အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ယာဉ်မသုံးရနေ့ သတ်မှတ် ရခြင်းဟာ ပြည်သူလူထုတွေ အနေနဲ့ ကားထဲက ဆူပူသံတွေ ကင်းစင်စေပြီး မွန်းကြပ်မှုများ၊ စိတ်ဖိစီးမှုများ ပြေလျော့စေမှာ ဖြစ်ပါတယ်။

အခုလို ယာဉ်မသုံးရနေ့ ကျင်းပ တာဟာ အကျိုးရှိတဲ့ လှုပ်ရှားမှု ရလဒ်တစ်ခု ဖြစ်သလို မြို့တွင်းပို့ ဆောင်ရေး စနစ်မှာ ယာဉ်များအစား စက်ဘီး စီးနင်းခြင်းနဲ့ လမ်းလျှောက်ခြင်းများ များလာပါက ပြည်သူလူထုရဲ့ ကျန်းမာရေး မြင့်မား လာနိုင်မှာ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ယာဉ်မသုံးရနေ့ သတ်မှတ်တဲ့ အခါမှာလည်း ယာဉ်အားလုံး မသုံးရတာ မဟုတ်ဘဲ အများ စီးနင်းတဲ့ ဘတ်စ်ကားများ၊ တက္ကစီများ၊ လူနာတင် ယာဉ်များနဲ့ လုပ်ငန်းသုံး ယာဉ်များကို သွားလာ ခွင့်ပြုမှာဖြစ်ပြီး ယာဉ်မသုံးရ လမ်းများ မှာလည်း အားကစား လှုပ်ရှားမှုများ ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ယာဉ်မသုံးရ နေ့ကို ပြည်ပနိုင်ငံများ နည်းတူ စက်တင်ဘာလ ၂၂ ရက်နေ့ သတ်မှတ် ရခြင်းဟာ နှစ်ကုန်ဖို့ ရက် ၁၀၀ အလိုမှာ ဆောင်ရွက်တာ ဖြစ်သလို အနောက်နိုင်ငံ တွေမှာလည်း ပွင့်လင်းရာသီ ရောက်မှ ကျင်းပတာ ဖြစ်တာကြောင့် ပြည်တွင်း မှာလည်း ပူနွေးတဲ့ ရာသီမှာ ကျင်းပရတာ ဖြစ်တယ်လို့ သိရပါတယ်။

From: MRTV4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်