Thursday, August 08, 2013

ထိုင်းနိုင်ငံလွတ်ငြိမ်းချမ်းသာခွင့် ပြဋ္ဌာန်းမှုအပေါ် ကုလသမဂ္ဂသတိပေး

Posted by drmyochit Thursday, August 08, 2013, under | No comments



လူ့အခွင့်အရေးဆိုးဆိုးရွားရွားချိုးဖောက်ထားသူများအား အပြစ်စီရင်ခြင်းမခံရဘဲလွတ်မြောက်သွားစေမည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမျိုးအတည်ပြု ပြဋ္ဌာန်းလိုက်ခြင်း မဆောင်ရွက်ရန် ထိုင်းနိုင်ငံအားကုလသမဂ္ဂ လူအခွင့်အရေးများရုံးကသတိပေးပြောကြားလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးများဆိုင်ရာအဆင့်မြင့် ကော်မရှင်နာရုံးမှ ပြောရေး ဆိုခွင့် ရှိသူ အမျိုး သမီးချေ ချိလ် ပူယီလိ ကယခုရက်သတ္တပတ်တွင် ပါလီမန်၌ တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ၂၀၁၀ပြည့်နှစ် အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲအားစစ်တပ်မှ ဖြိုခွဲရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သောပုဂ္ဂိုလ် များအား လွတ်ငြိမ်း ချမ်းသာခွင့် ပြုမိနိုင်ကြောင်းထောက်ပြသည်။

 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သူမက “ ထိုင်းအစိုးရသည် လ့ူအ ခွင့် အရေး ချိုးဖောက် သူများအားလွတ်ငြိမ်းချမ်းသာခွင့် မပြုမိစေရန် သေချာစီစဉ်ရန် လိုအပ်ကြောင်း နှင့် ထိုသို့ လူ့အခွင့်အရေးချိုးဖောက်သူများအားတရားစီရင်နိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင် ရွက် ရန် လိုအပ်ပါတယ် ” ဟုပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် ဆန္ဒပြသူများကိုလူစုခွဲနှိမ်နင်းစဉ်က ဖြစ်ပွားခဲ့သောသေဆုံးသူ ၉၀ခန့် နှင့် ဒဏ်ရာ ရသူ ထောင်ပေါင်း များစွာတို့အတွက် တာဝန်ရှိသူများအား ၎င်းတို့မှ ဖွဲ့စည်း ထားသော စုံစမ်း စစ်ဆေး ရေးကော် မရှင်၏ အကြံပြု ချက်များအတိုင်းလိုက်နာဆောင်ရွက်သောအားဖြင့် အစဉ် အလာကောင်းတစ်ခု ဖြစ် လာစေ ရန် ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားလိုက်သည်။


From : .. မြစ်မခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်