Thursday, August 08, 2013

ရွှေတောင်မြို့ လက်ဖက်ရည်ဆိုင်တွင် ထိုင်လျှက်ကြီးသေဆုံးခဲ့

Posted by drmyochit Thursday, August 08, 2013, under | No comments



ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် ဆိုင်းတန်းလမ်း တွင်နေ ထိုင်သော ရွှေတောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပါတီဝင် အမှတ်(7/21/000013) ဦးငြိမ်း (77) နှစ်သည် 30.7.2013 ရက်နေ့ မနက်(113း0) အချိန်ခန့်တွင် ရွှေတောင်မြို့ (၁၀)နာ
ရီဈေး အနီး (ဆွေသဟာ)လ္ဘက်ရည်ဆိုင်တွင် လ္ဘက်ရည်မှာပြီး မသောက်သုံးခင်မှာ ၄င်းထိုင်လျှက်ရှိသော ထိုင်ခုံပေါ် တွင် ထိုင်လျှက်သေဆုံးသွား ခဲ့သည်။ ထိုကဲ့သို့ လ္ဘက်ရည် မှာအပြီးတွင် ရုတ်တရက် သေဆုံး မှူ့ကြောင့် အနားနေပြည်သူများမှ ရွှေတောင်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့လို့
ရွှေတောင် ရဲစခန်းမှ ရဲအရာရှိများ နျင့် တာဝန်ရှိရဲဝန်ထမ်းများလာရောက်စစ်ဆေးလျှက်ရှိခဲ့ပြီး ထို့နောက်နေ့ လည် (123း0)ခန့်မှာ ရွှေတောင်မြို့ ပြည်သူ့ေ ဆးရုံကြီးသို့ ပို့ဆောင်ဆေးစစ်ခဲ့ပါသည်။

 နေ့လည် (23း0)ခန့်တွင်အဆိုပါဆေးစစ်ချက်များအရ ( နှလုံးသွေးခဲ)သွားသည်ဟုသိရှိခဲ့ရပါတယ်
အဆို ပါ ဦးငြိမ်း(77) နှစ်၏ ရုပ်အလောင်းအား နေ့လည် (3း00)ခန့်လောက်မှ ရွှေတောင်မြို့ ပရဟိတ နာရေး ကူညီမှူ့အသင်း၏ အကူအညီနှင့် ဦးငြိမ်း(77) နှစ် ရုပ်အလောင်းအား နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး ယနေ့ 31.7.2013 ရက်နေ့ ညနေ(3း00)နာရီအချိန်မှာ ရွှေတောင်မြို့ ဒရယ်
ချောင်း သုသန် တွင် မီးသဂြိုလ်ခဲ့ပါသည်။ အဆိုပါ ဦးငြိမ်း (77) နှစ်သည် ရွှေတောင်မြို့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်၏ (နာယက)ကြီးတစ်ဦး ဖြစ်သလို (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ဦးကို ကိုကြီး (စမ်းချောင်း) ၏ ဦးလေးဟုလည်းသိရပါသည်။


From : ..ပြည်သတင်း


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်