Thursday, August 08, 2013

Voice Mail စတင် အသုံးပြုနိုင်ပြီ

Posted by drmyochit Thursday, August 08, 2013, under | 1 comment


MPT ၏ Voice Mail Service အကြောင်း Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ အသံနဲ့ပေးပို့တဲ့သဘောမျိုး ပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာ အသုံးပြုနိုင်ပြီး ၁၅၀၀ ဖုန်းတွေမှာတော့ အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာ မသိပါဘူး။

အသုံးပြုပုံကတော့ ...

မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြား တဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။

Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့် လျောက်ထား နိုင်ကြောင်း Yadanarpone Teleport မှဖြေကြားချက်အရသိရှိရပါကြောင်း။

Thit Htoo Lwin

1 comments:

ငွေပေးစရာမလိုတဲ့ဆိုဒ်တွေအများကြီးပါ ဗျာ ဒီဆိုဒ်လေးသုံးရင် အဆင်ပြေပါတယ် ဗျာ www.k7.net အလကားတောင်ပိုသေးတယ် နော် စမ့်းကည့်လိုက်ပါေိေိ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်