Thursday, August 08, 2013

အရက်မူးပြီး အိပ်နေသူ၏ လိင်အင်္ဂါကို ခွေးစား

Posted by drmyochit Thursday, August 08, 2013, under | No comments


ဒိုမီနီကန် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် တစ်ခုကတော့ တကယ့်ကို ထူးထူး ခြားခြားပါပဲ။ Hangover ရုပ်ရှင် ဇာတ်ကားထဲက ထက်ပိုပြီး ဆိုးဝါးတယ်လို့ ဆိုထားပါတယ်။ Hangover ရုပ်ရှင်ဇာတ်ကားမှာ ဇတ်ဆောင်တွေဟာ အရက်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး လုပ်ချင်တွေ လုပ်ခဲ့ကာ မနက်လင်းတဲ့အခါ ပြန် သတိမရတော့တဲ့ ဇာတ်လမ်းကို ရိုက်ကူး တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

ဒိုမီနီကန် နိုင်ငံက အသက် (၆၄)နှစ် အရွယ်ရှိ ရာမို့စ်ဟာ အရက်မူးပြီး သူ့ရဲ့ လိင်အင်္ဂါကို ခွေးက ကိုက်ဖြတ် သွား တာတောင် သိရှိခဲ့ခြင်း မရှိပါဘူး။ မနက် လင်းတဲ့အခါ သူ့ရဲ့ လိင်အင်္ဂါ ပျောက်ဆုံးနေမှန်း သိခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် သူ့ကို အိမ်နီးနားချင်းတွေက ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ နေ့စဉ် အရက်ကို သောက် သုံးသူ ဖြစ်ပြီး အခင်း မဖြစ်မီ ညက တစ်ကိုယ်လုံးချွတ်ကာ ကိုယ်တီးလုံးနဲ့ အရက် သောက် သုံးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သူ့ရဲ့ လိင်အင်္ဂါကို ခွေးက ကိုက်ဖြတ် သွားတယ် လို့ ဆိုထားပါတယ်။ သူဟာ ချက်ချင်း ဆေးရုံကို သွားရောက်ပြီး ဆေးကုသမှု ခံယူခဲ့လို့ အသက် ချမ်းသာ ရာ ရခဲ့ခြင်း ဖြစ်ပါတယ်။ ရာမို့စ်ရဲ့ အကြောင်းကို ဒိုမီနီကန် နိုင်ငံမှာ ပြောမဆုံးအောင် ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒေသခံ ရုပ်သံ ဌာနတွေ ကလည်း ရာမို့စ်ကို သွားရောက်ပြီး မေးမြန်းမှုတွေ ပြုလုပ် ခဲ့ကြပါ တယ်။ ပြီးခဲ့တဲ့ ဇွန်လ တုန်းကလည်း ဘရာဇီးနိုင်ငံမှာလည်း ဒီလို အဖြစ်အပျက်မျိုး ဖြစ်ခဲ့ဘူးတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြ ထားခဲ့ပါတယ်။ နောက်ပြီး အစ္စရေး နိုင်ငံမှာလည်း အမျိုးသား တစ်ဦး ဟာ အိမ်သာ တက်နေစဉ် သူ့ရဲ့ လိင်အင်္ဂါကို မြွေ တစ်ကောင်က ကိုက်သွား ဖူးတယ်လို့ သိရပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်