Tuesday, August 06, 2013

မြန်မာအမျိုးသမီးတစ်ဦး တရုတ်ပြည်၌ ရောင်းစားခံခဲ့ရ

Posted by drmyochit Tuesday, August 06, 2013, under | No comments


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်နေ မိန်းကလေးတစ်ဦးအား  ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေးနှင့် မစိုးစိုး (စိစစ်ဆဲ) တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်းအနီး၌ကြိုတင်ရောက်ရှိနေသူ သားငယ်(စိစစ်ဆဲ)နှင့် အတူ လားရှိုးမြို့၊ (၉)ရပ်ကွက်နေ မစုစုခိုင်ထွေး၏နေအိမ်သို့ ပို့ဆောင်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ခိုးဝင်ပြီး ရွှေလီမြို့၊ အန်ဝှေ့ရပ်ကွက်ရှိ မရှမ်းမ(စိစစ်ဆဲ)၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း မရှမ်းမနှင့် ခင်ပွန်းဖြစ်သူတို့က ထိုမိန်းကလေးအား တရုတ်အမျိုးသား (၂)ဦးထံ ရောင်းစားခဲ့ကြသောကြောင့် ဇူလိုင်လ(၃၀)ရက်နေ့တွင် ဖခင်ဖြစ်သူမှ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သမီးဖြစ်သူ ရောင်းစားခံရမှုကို ရွှေလီမြို့၌ သမီးဖြစ်သူနှင့် တွေ့ခဲ့သော မဇာခြည်စိမ့်စိမ့်ကျော်မှ နေအိမ်အနီးရှိဖုန်းဆိုင်သို့ ဇူလိုင်လ(၂၀)ရက်နေ့က ဆက်သွယ် အကြောင်းကြားပေးလာခဲ့ကြောင်း သိရသည်။

သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင်ရောင်းစားခဲ့ကြသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေး၊ မစိုးစိုး၊ သားငယ်၊ မစုစုခိုင်ထွေး၊ မရှမ်းမနှင့် ၎င်း၏ခင်ပွန်းတို့အား အရေးယူပေးပါရန် ဖခင်ဖြစ်သူက သဂုတ်လ(၄)ရက်နေ့တွင် လှော်ကားနယ်မြေရဲစခန်းသို့
လာရောက် တိုင်တန်းခဲ့သဖြင့် (ပ)၂၃၅/၂၀၁၃၊ လူကုန်ကူးမှုဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

BurmeseHearts

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်