Tuesday, August 06, 2013

ထိုင်းနိုင်ငံ၏ ခရိုင် ၃ ခုတွင် အစိုးရဆန့်ကျင်ရေး လူထုစုရုံးမှုများ ပြုလုပ်နိုင်ခြင်းကြောင့် လုံခြုံရေး တိုးမြှင့်ချထား

Posted by drmyochit Tuesday, August 06, 2013, under | No comments


ထိုင်းနိုင်ငံ၏ ပြည်တွင်း လုံခြုံရေး ဥပဒေ ISA ထုတ်ပြန်ထားသော ဒူးဆစ် ၊ ပရာနာခွန် နှင့် ပွမ်ပရာဆတ် ထရုပ်ဟိုင်း ခရိုင်တို့တွင် သြဂုတ်လ ၄ ရက်၌ အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ၏ လူထုစုရုံးမှုများ ပြလုပ် လာနိုင်ခြင်းကြောင့် လုံခြုံရေး တိုးမြှင့် ချထားမှုများ ပြုလုပ် ထားရကြောင်း သိရသည်။

အဆိုပါ ခရိုင် ၃ ခုတွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နိုင်ရေး အတွက် လုံခြုံရေး ရဲတပ်ခွဲ ၁၁ ခွဲကို သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်း ကတည်းက တပ်ဖြန့်ချ ထားခဲ့ပြီး လူဝင်လူထွက် စစ်ဆေးခြင်း ၊ အစိုးရ အရေးကြီး အဆောက်အအုံ များအား ကာကွယ်ခြင်း နှင့် အရေးကြီး ပုဂ္ဂိုလ်များ၏ လြုံခုံရေး ဆောင်ရွက် ပေးခြင်းတို့ကို ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရဲတပ်ခွဲ တစ်ခွဲကိုလည်း ပဋိပက္ခ များ ဖြစ်ပေါ် လာပါက ဖြေရှင်း ဆောင်ရွက် နိုင်ရေးအတွက် ၃ နာရီအတွင်း တပ်ဖြန့် ဆောင်ရွက်နိုင်ရန် အသင့် ပြင်ဆင် ထားရှိစေကြောင်း သိရသည်။

လူထုစုရုံးမှုများ ပြုလုပ်ရန် စီစဉ် ထားကြမှု၏ အဓိက အကြောင်းအရင်း မှာ ဖြူထိုင်းပါတီ ၏ ဆမွတ်ပရာခန် ပြည်နယ် ပါလီမန် အမတ် ၀ိုရာချိုင်းဟီမာ အပေါ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဆို တင်သွင်းခဲ့မှု ကြောင့် ဖြစ်ကြောင်း နှင့် ၄င်းအဆိုပြုချက် ကို ဇူလိုင်လ ၃ ရက်နှင့် သြဂုတ်လ ၁ ရက်တို့တွင် အောက်လွှတ်တော် ၌ ကြားနာ စစ်ဆေးမှု ပြုလုပ်ခဲ့ ကြခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဒီမိုကရက် ပါတီက ၀ိုရာချိုင် အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဆိုပြုချက် ကို ကန့်ကွက်သည့် အနေဖြင့် လူထုစုရုံးမှုများ ပြုလုပ် သွားရန် စီစဉ်လျက် ရှိကြောင်း နှင့် လူထုစုရုံးမှုတွင် ပြည်သူ ၄၀၀၀ မှ ၅၀၀၀ ခန့်အထိ ပါဝင်နိုင်သည်ဟု ခန့်မှန်း ထားကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အစောပိုင်းတွင် ထုတ်ပြန် ပြောကြား ခဲ့သည်ဟု သိရှိရသည်။

http://pyichit-thar.blogspot.com/2013/08/blog-post_6.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်