Tuesday, August 06, 2013

သူရဲကောင်းအမည်ခံ လူရမ်းကားများ

Posted by drmyochit Tuesday, August 06, 2013, under | No comments


ကျောင်းသားတွေ... လူရမ်းကားတွေ... လက်ဖက်ရည် ဆိုင်မှာ သီချင်း အခွေ လုပြီး ထည့်ဖွင့်ခိုင်းရင်း ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုး ကြောင့် ရန်ဖြစ်လဲ ရဲတွေ သွားမဆွဲပါနှင့် သွားရောက် မဖြန်ဖြေပါနှင့်...

ကျောင်းသားတွေ... လူရမ်းကားတွေ... အရက်ဆိုင်မှာပဲ ဖြစ်ဖြစ် ခုံလု... ခွက်လုရင်း ဖြစ်ဖြစ် အကြောင်းအမျိုးမျိုး ကြောင့် ရန်ဖြစ်လဲ ရဲတွေ သွားမဆွဲပါနှင့် သွားရောက် မဖြန်ဖြေပါနှင့်...

အကြောင်း အမျိုးမျိုးကြောင့်... ကျောင်းသားတွေ... လူရမ်းကားတွေ... ရန်ဖြစ်လဲ သူ့တို့ဟာ သူတို့ သတ်လို့ သေသေကျေကျေ ရဲတွေ သွားမဆွဲပါနှင့် သွားရောက် မဖြန်ဖြေပါနှင့်...

အကြောင်း အမျိုးမျိုးကြောင့်... ကျောင်းသားတွေ... လူရမ်းကားတွေ... ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်စီးနေလဲ သူ့တို့ဟာ သူတို့ စိစိညက်ညက် ဖြစ်အောင် ဖျက်စီးနေပါစေ... ရဲတွေ သွားမဆွဲပါနှင့် သွားရောက် မဖြန်ဖြေပါနှင့်...

သွားဆွဲလို့ သွားရောက် ဖြေရှင်းခဲ့လို့ အကြောင်း အမျိုးမျိုးကြောင့် ထိခိုက် ဒဏ်ရာရ ကာ သေ သွားခဲ့ လျှင်... ကျေးဇူးရှင် ထောင်အကျခံ သူရဲဂေါင်းများ နှင့် အမှတ်တရ အောက်မေ့ ၀မ်းနည်း ဖွယ်အထိမ်း အမှတ် များစွာ ပေါ်လာကာ.. ကျွန်တော်တို့ မြန်မာပြည်သူတွေ တစ်နှစ် ပတ်လုံး ၀မ်းနည်းခြင်း အထိမ်း အမှတ်များ နှင့် ၀မ်းနည်း တသပူဆွေး ကာ မျက်ရည်တွေ ကုန်ခမ်းသွားကြမှာ စိုးလို့ပါ...

(အနေမတတ်သေးတဲ့ မောင်သွေး) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်