Thursday, August 29, 2013

ဒေသခံ နှစ်ဦး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ

Posted by drmyochit Thursday, August 29, 2013, under | No comments

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှု တုံရပ်ကွက်နေ ဦးရှမ်း(ခ)ဦးအိုက်ထွန်း နှင့် မြောက်ရပ်ကွက်နေ ဦးကျော်မင်းလွင် တို့နှစ်ဦးသည် သြဂုတ် ၂၇ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က ကြူကုတ်မှ ဈေးရောင်း၍ ဆိုင်ကယ်ဖြင့် မူဆယ်သို့ ပြန်လာစဉ် ကြူကုတ်၊ ပန်ဆိုင်းမြို့နယ်ခွဲ၊ ကျင်စန်းကျော့ ကျေး ရွာ အနီး၌ အရပ်ဝတ် ဝတ်ဆင်ထားသူ နှစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်များအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ဦးရှမ်း(ခ) ဦးအိုက်ထွန်းမှာ လက်နက်ငယ် ထိမှန် သေဆုံး ခဲ့ပြီး ဦးကျော်မင်းလွင်၏ ယာဘက်ပေါင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။





မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်