Thursday, August 29, 2013

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ နိုင်ငံတကာ စစ်ဆေးရေးဂိတ်အဖြစ် အဆင့်မြှင့် လိုက်သော်လည်း နိုင်ငံခြား သားများ နည်းတူ မြန်မာနိုင်ငံသားများ ဂိတ်ဖြတ်ကျော်ခွင့်မရ

Posted by drmyochit Thursday, August 29, 2013, under | No comments

မြ၀တီ၊ သြဂုတ် ၂၈

ထိုင်း-မြန်မာနယ်စပ်ရှိ နယ်စပ် စစ်ဆေးရေးဂိတ် (၄)ဂိတ်အား နိုင်ငံတကာ စစ်ဆေးရေးဂိတ်များအဖြစ် သြဂုတ်လ ၂၈ရက် နေ့က စတင်ကာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အဆင့်တိုးမြှင့် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယင်းဂိတ် လေးဂိတ်မှာ မြ၀တီ-မဲဆောက်၊ တာချီလိတ်- မယ်ဆိုင်၊ ထီးခီး-နမ့်ဖုရော်၊ ကော့သောင်း-ရနောင်း ဂိတ်များ ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတကာ စစ်ဆေးရေးဂိတ်များအဖြစ် အဆင့်မြှင့်တင် လိုက်ခြင်းကြောင့် နိုင်ငံတကာမှ ဗီဇာဖြင့် ၀င်ရောက်လာသူများသည် ယင်းဂိတ်များကို  ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များကဲ့သို့ ပြည်ဝင် ပြည်ထွက် ပြုလုပ်သွားနိုင်မည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်/ပြည်ထွက် ဗီဇာဖြင့် ယင်းဂိတ်များမှ နေ၍ ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ခွင့် မရှိသေးဘဲ ယခင်အတိုင်း မဲဆောက်မြို့သို့ တစ်ရက်တာ ယာယီသွားရောက်ခွင့်၊ အလုပ်သမားဗီဇာဖြင့်သာ သွားရောက်ခွင့်တို့သာ ရှိသေး ကြောင်း၊ ယင်းအခြေအနေသည် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ တင်းကျပ်ထားသော စည်းမျဉ်းများကြောင့် ဖြစ်ကြောင်း မြ၀တီ အခြေစိုက် အငှားယာဉ်ဂိတ်မှူး တစ်ဦးက ပြောသည်။

သို့သော် ယင်းဂိတ်များကို နိုင်ငံတကာ စစ်ဆေးရေးဂိတ်များအဖြစ် တိုးမြှင့်လိုက်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ အဓိက ဖြစ်ပေါ်လျက်ရှိသည့် နယ်စပ် နေရာများဖြစ်၍ ယင်းရာဇ၀တ်မှုများ ပိုမိုများပြား လာနိုင်ကြောင်း နယ်စပ်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်မှု များလည်း ရှိသည်။








MH-0099
မြန်မာသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်