Thursday, August 29, 2013

ဆီးရီးယား ပြည်သူ ၁၂၀၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူမှာ မဟာ အယ်လ်အာဆတ် ဖြစ်ဟုဆို

Posted by drmyochit Thursday, August 29, 2013, under | No comments

ဆီးရီးယား နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော ကလေးငယ်ပေါင်း များစွာ အပါအ၀င် လူပေါင်း ၁၂၀၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ညီဖြစ်သူ မဟာအယ်လ်အာဆတ် ရှိနေသည်ဟုအစ္စရေး ရုပ်သံလိုင်းတစ်ခုက စွပ်စွဲပြောကြား
လိုက်ကြောင်းအင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

အာဆတ်၏ ညီဖြစ်သူ မဟာအယ်လ်အာဆတ်ကို မတွေ့ မြင်ရသည်မှာ တစ်နှစ်ကျော်ခန့် ရှိခဲ့ပြီဖြစ်သည်။
သို့ရာတွင် ၎င်းသည် ဆီးရီးယား နိုင်ငံ တွင်းရှိ နှစ်နှစ်ခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းစစ်တွင်အဓိက အခန်း ကဏ္ဍမှ ပါဝင်နေသူ ဖြစ်ကြောင်း အစ္စရေး နိုင်ငံ၏ Channel 2 သတင်းဌာနကဖော်ပြခဲ့သည်။

မဟာ အယ်လ်အာဆတ်သည် ဒမတ်စကပ်မြို့ တောင်ဘက်ရှိ အမှတ်(၄) အမြောက်တပ်နှင့်ရီပတ် ဘလီ
ကန် အစောင့် တပ်ဖွဲ့ဝင် ၁၀၀၀၀ ၏ တပ်မှူးဖြစ်သည်။ လွန်ခဲ့သော သီတင်းပတ် အတွင်းကဖြစ်ပွားခဲ့သည့်
တိုက်ပွဲတွင် အမြောက်ဆန်များ စတင် ထွက်ပေါ်လာသည့် နေရာမှာ အမှတ်(၄) အမြောက်တပ် တည်ရှိရာ ဒမတ်စကပ်မြို့ တောင်ပိုင်းမှ ဖြစ်ကြောင်း Channel 2 သတင်းဌာနက အခိုင် အမာပြောကြားထားသည်။

မဟာအယ်လ်အာဆတ်သည် ဆီးရီးယား ပြည်တွင်းစစ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သူ ဖြစ်ကြောင်း ထုတ်လွှင့် ပြောကြားမှုများတွင် Channel 2 သတင်းဌာနသည် ပထမဆုံးသတင်းဌာနမဟုတ်ဘဲ ထိုကဲ့
သို့ ပြောကြားခဲ့သည့် သတင်းဌာန များတွင် Guardian သတင်းစာလည်း ပါဝင်ကြောင်း သိရသည်။

မဟာအယ်လ်အာဆတ်သည် ရက်စက်သူတစ်ဦးအဖြစ်နှင့် ဆီးရီးယားအတိုက်အခံ တပ်ဖွဲ့များကို တိုက်ခိုက် ချေမှုန်းနေသည့် ဘာရှာ အယ်လ်အာဆတ် ၏ တပ်ဖွဲ့များကို ထိန်းချုပ် စေခိုင်းသူတစ်ဦးအဖြစ်
လူသိများသူ ဖြစ်ပြီး ၎င်းသည် ယမန်နှစ် ဇူလိုင် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော ဗုံးကြဲ တိုက်ခိုက် မှုတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်