Thursday, August 29, 2013

ဆီးဂိမ်းတွင် မြန်မာအမျိုးသမီးဖူဆယ် ရွှေရရန် ရာခိုင်နှုန်း ၉၀ သေချာ

Posted by drmyochit Thursday, August 29, 2013, under | No comments

လာ မည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင် ပွဲတွင် မြန်မာအမျိုးသမီးဖူဆယ် အသင်းအနေဖြင့် ရွှေတံဆိပ်ဆု ရရှိရန် ရာခိုင်နှုန်း၉၀ သေချာသည် ဟု အသင်းမန်နေဂျာ ဦးစိုးမိုး ညွန့်က ပြောကြားခဲ့သည်။
၎င်းက ''ကျွန်တော်တို့အမျိုး သမီးဖူဆယ်အသင်းအနေနဲ့ ဂျပန် နည်းပြရဲ့လက်ထက်မှာ ခြေစွမ်း က ပိုမိုတိုးတက်ကောင်းမွန်လာ ခဲ့ပါတယ်။ ကစားသမားတွေအ နေနဲ့လဲ ယုံကြည်မှု ပိုရှိလာကြ တယ်။ အမျိုးသမီးအသင်းဟာ အရင်က အီရန်နည်းပြနဲ့ လေ့ ကျင့်ခဲ့ရပြီး အခု ဂျပန်နည်းပြနဲ့ လေ့ကျင့်နေရတော့ အပြောင်းအ လဲတွေတော့ရှိခဲ့ပါတယ်။ တစ်ဦး နဲ့တစ်ဦးကြားမှာ ကွာခြားမှုတော့ ရှိတာပေါ့။ ဒါပေမဲ့ ပြည်ပနည်းပြ နှစ်ဦးစလုံးက ဖူဆယ်ကို ကျွမ်း ကျင်ကြတာကြောင့် အသင်းက တိုးတက်လာခဲ့ပါတယ်။ အခုဆို ရင် အသင်းမှာပဏာမကစားသ မား ၁၈ဦးနဲ့ဖွဲ့စည်းထားပြီး ပြိုင် ပွဲနီးရင် ကိုနီရှီကိုယ်တိုင် ၁၄ဦး စာရင်းကို ရွေးချယ်ပါလိမ့်မယ်။ ဆီးဂိမ်းမှာ ရွှေတံဆိပ်ရရှိနိုင်ဖို့ ကတော့ ရာခိုင်နှုန်း ၉ဝလောက်ရှိ ပါတယ်''ဟုပြောသည်။

ထို့အပြင် မြန်မာအမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ကလပ် အသင်းများ၊ လက်ရွေးစင်ဟောင်း အသင်းများနှင့် တစ်ပတ်လျှင် နှစ်ပွဲနှုန်းဖြင့် ခြေစမ်းပွဲများ ကစား လျက်ရှိသော်လည်း မြန်မာနိုင်ငံ တွင် အမျိုးသမီးဖူဆယ်ပြိုင်ပွဲမ ရှိသောကြောင့် ကစားသမားရွေး ချယ်မှုအပိုင်းတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။ မြန်မာ အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ တွင် သတိထားရမည့်အသင်းမှာ ထိုင်းအသင်းဖြစ်ကြောင်း၊ ယင်းအ သင်းနှင့်တွေ့ဆုံလျှင် ပိုမိုကြိုးစား အားထုတ်ကစားရလိမ့်မည်ဟု ဦးစိုးမိုးညွန့်က ပြောသည်။

တခြားသတင်းတစ်ရပ်အရ အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းအကြိုပြိုင်ပွဲအဖြစ် လာမည့် စက်တင်ဘာအတွင်း နေပြည် တော်တွင် လေးနိုင်ငံဖိတ်ခေါ်ပြိုင် ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဂျ ပန်အသင်းတို့အား ဖိတ်ကြားထား ရာ မြန်မာအသင်း၏ ဖိတ်ခေါ်မှု ကို ထိုင်းနှင့် မလေးရှားတို့က လက်ခံပြီဖြစ်ကြောင်းသိရသည်။

Yangon Media Group
သြဂုတ်(၂၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်