Thursday, August 29, 2013

မြေထဲပင်လယ် ဒေသသို့ ရုရှား စစ်သင်္ဘောများပို့ဆောင်မည်

Posted by drmyochit Thursday, August 29, 2013, under | No comments


မော်စကို၊ သြဂုတ် ၂၉။

အနောက်နိုင်ငံများသည် ဆီးရီးယားကို တိုက်ခိုက်ရေးပြုလုပ်ဖွယ် ပြင်ဆင်နေကြသောကြောင့် ရုရှားတို့သည် ရက်များမကြာမီ အချိန်အတွင်းတွင် ရေငုတ်သင်္ဘောကို တိုက်နိုင်သည့် သင်္ဘောတစ်စီးနှင့်
ဒုံးကျည်ပစ် စစ်သင်္ဘော တစ်စီးတို့ကို မြေထဲပင်လယ် ဒေသသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ပုဂ္ဂလိက သတင်းအေဂျင်စီ တစ်ခု၏ ယနေ့ထုတ်ပြန်သော သတင်းတွင် ပါရှိသည်။

“မြေထဲပင်လယ်အရှေ့ပိုင်းတွင် ဖြစ်ပေါ်နေသည့် လူသိများသော အခြေအနေသည် ရေတပ် အင်အားစု ပြင်ရသော အခြေအနေအထိ အမှန်ပြင်ချက်တချို့ကို တောင်းဆိုလာကြောင်း” ရုရှားစစ်ဗိုလ်ချုပ်ကြီး စစ်ဆင်ရေး ပြင်ဆင်ရာတွင် ကူညီပေးရသည့် လက်အောက် ဝန်ထမ်းတစ်ဦးက ၎င်းအေဂျင်စီသို့ ပြောကြားသည်။

“မြောက်ပိုင်းရေတပ်က ရေငုတ်သင်္ဘော တိုက်ဖျက်သင်္ဘောကြီး တစ်စင်းလည်း နောက်ရက်ပိုင်း အတွင်းမှာ အဲဒီမှာရှိနေတဲ့ ရေတပ်အင်အားစုတွေနဲ့ သွားပေါင်းပါမယ်”
“နောက်ပိုင်းမှာ အဲဒါဟာ ယခုအတ္တလန္တိမြောက်ပိုင်းမှာရှိတဲ့ တာဝန်တွေကို ခုရုတ်သိမ်းနေပြီဖြစ်တဲ့ ပင်လယ်နက်ရေ တပ်ရဲက ဒုံးကျည်ပစ် စစ်သင်္ဘော မော့စ်ကဗာကလည်း လာပူးပေါင်းမှာပါ။
ပြီးတော့မှ သမုဒ္ဒရာကို ဖြတ်ကူးပြီးတော့ ဂစ်ဘရယ်လ်တာ ရေလက်ကြားဆီသွားမှာပါ” ဟု ပြောကြားသည်။

ထပ်လောင်း၍ ပစိဖိတ်ရေတပ်၏ ဒုံးပစ်စစ်သင်္ဘော ဗာယာသည် ရေတပ်သင်္ဘောကြီး တစ်စင်းနှင့် အစားထိုးကာ မြေထဲပင်လယ်ရှိ ရုရှားရေတပ်နှင့် ယခုဆောင်းရာသီတွင် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။

သို့သော်လည်း နိုင်ငံပိုင်သတင်း အေဂျင်စီက ရေတပ်ထိပ်တန်း အကြီးအကဲတစ်ဦးက ရုရှား၏ ၎င်းဒေသ တွင်းတပ်များ အပြောင်းအလဲ လုပ်ခြင်းသည် ဆီးရီးယားဒေသတွင်း ယခုဖြစ်ပျက်နေသည့် ဖြစ်ရပ်များနှင့် မသက် ဆိုင်ကြောင်း ၎င်းလုပ်ဆောင်ချက်သည် စီစဉ်ထားပြီးဖြစ်သည့် စစ်သင်္ဘော များ နေရာရွှေ့ပြောင်းခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်ဟု ပါရှိသည်။

Ref:AFP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်