Thursday, August 29, 2013

အိုဘားမားက ဆီးရီးယားကို တိုက်ခိုက်ရေးမဆုံးဖြတ်ရသေးကြောင်းဆို

Posted by drmyochit Thursday, August 29, 2013, under | No comments

 ဝါရှင်တန်၊ သြဂုတ် ၂၉။

ဓာတုလက်နက် သုံးစွဲခြင်းသည် အမေရိကန်တို့ ထားရှိသော အနီရောင်မျဉ်းကို ကျော် လွန်ခြင်း ဖြစ်လိမ့် မည်ဟု သတိပေးစကား ပြောကြားခဲ့သော သမ္မတအိုဘားမားက ဆီးရီးယားနိုင်ငံရှိ လွန်ခဲ့သည့်
ရက်သတ္တပတ် တိုက်ခိုက်မှုသည် အစိုးရကို အပြစ်တင်ရ မည်ဟု ကောက်ချက် ချကြောင်း ပြောကြား ခဲ့သော်လည်း ဆီးရီးယားကို တိုက်ခိုက်ရန် ယခုအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ယမန်နေ့က
ဋြေ္ဌပာကြားသည်။

ဝါရှင်တန် အစိုးရသည် ၎င်း၏စွပ်စွဲမှုများကို သက်သေပြမည့် ဖြစ်ရပ်များနှင့် ပတ်သက်သည့် အစီရင်ခံ စာတစ်စောင်ကို ထုတ်ပြန်မည်ဖြစ်ကာ ယနေ့တွင်ပင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။

အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် အမိန့်ပေးရန် မည်မျှနီးစပ်နေပြီဖြစ်ကြောင်း မေးမြန်းချိန်တွင် သမ္မတက “ဆုံးဖြတ်ချက် မချရသေးဘူး” ဟု ပြောကြားသည်။

သို့သော် အမေရိကန်တို့၏ လုပ်ဆောင်ချက်များသည် ဆီးရီးယားအစိုးရတို့ “ဒီဟာကို ထပ်မလုပ်တာ ကောင်းမယ်” ဆိုသည့် အတွေးမျိုး ရသွားစေရန် သတိပေးသည့် အနေဖြင့် လုပ်ဆောင်သွားရန်သာရှိကြောင်း သတိပေး ပြောကြားသည်။

အမေရိကန် သမ္မတက ဆက်လက်၍ ရှင်းလင်းသော အသိပေးချက်သည် ဆီးရီးယားကိုသာ မဟုတ်ဘဲ ကမ္ဘာ တစ်ဝှမ်းသို့ ပို့ပေးရန် အလွန်အရေးကြီးကြောင်း ပြောကြားပြီး “ဓာတုလက်နက်တွေလိုမျိုး ကျွန်တော် တို့ကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စံနှုန်းကို နိုင်ငံတွေက ချိုးဖောက်တဲ့ အချိန် မှာ သူတို့ဟာ ဖြစ်လာတဲ့ အကျိုးဆက်တွေအတွက် တာဝန်ရှိတယ် ဆိုတာကို
သေချာအောင် ကျွန်တော်တို့ လုပ်ပေးရမယ်” ဟုပြောကြားသည်။

ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ တစ်ခုသည် ပြည်တွင်းစစ်ကို အနောက်နိုင်ငံများ အာရုံစိုက်လာစေသော ခြိမ်းခြောက်မှုများနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လူရာပေါင်းများစွာ သေခဲ့သည့်
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်စ်တွင် ရောက်ရှိနေပြီး ဓာတု လက်နက်နှင့် တိုက်ခိုက်ခံရကြောင်း စွပ်စွဲထားသော နေရာရှိ သေဆုံးခဲ့သောလူများကို စစ်ဆေးနေကြသည်။

ကုလသမဂ္ဂက ၎င်း၏စုံစမ်းရေးအဖွဲ့သည် စုံစမ်းမှုများပြီးမြောက်ရန် နှစ်ရက် ထပ်လိုကြောင်း ပြောကြားသော်လည်း ဓာတုလက်နက်များ သုံးခဲ့မသုံးခဲ့နှင့်ပတ်သက်၍ မည်သည့်နေ့တွင်
နောက်ဆုံးအစီရင်ခံမည် ကိုပြောကြားထားခြင်းမရှိပေ။

ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းသည် လက်ရှိတွင် လွှတ်တော်၏ ဆန့်ကျင်မှုခံနေရပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်မလာခင်ချိန်ထိ စစ်ရေးဆောင်ရွက်ချက်များ မလုပ်ဆောင်ရန် ဖိအားပေးတောင်းဆို ခံနေရသည်။

အမေရိကန်အစိုးရ အရာရှိများက စစ်တပ်လုပ်ဆောင်ချက် မလုပ်ဆောင်မီ ဗြိတိန်ကို စောင့်နေမနေကို ချက်ချင်းပြောကြားမည် မဟုတ်ပေ။

ဓာတုလက်နက် သုံးစွဲတိုက်ခိုက်ခြင်းကြောင့် ဆီးရီးယား အစိုးရကို အမေရိကန်၊ ဗြိတန်နှင့် ပြင်သစ်တို့က အပြစ်တင်ကြသော်လည်း ၎င်းအစိုးရက ၎င်းတိုက်ခိုက်မှုတွင် သူပုန်များကို အပြစ်တင်ထားသည်။

ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆီးရီးယား သမ္မတအား ဖိအားပေးရေး အစီအစဉ်သုံးရပ်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က နိုင်ငံတကာ အသိုင်းအဝိုင်းသည် ခြေလှမ်းထပ်မတိုးမီ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ လုပ်ဆောင်ချက်ပြီးချိန်ထိ စောင့်သင့်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်